Publicidade

Êxodo 38

ယဇ်​ပ​လ္လင်

1 တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့်​လုပ်​လေ၏။ အ​မြင့်​လည်း သုံး​တောင်​ရှိ၏။ 2 ယဇ်​ပ​လ္လင်​လေး​ထောင့်​အ​ပေါ်​မှာ ဦး​ချို​လေး​ချောင်း​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​လေ၏။ 3 အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​လေ၏။ 4 ကြေး​ဝါ​ဆန်​ခါ​ကို​လုပ်၍ ယဇ်​ပ​လ္လင်​ခါး​ပန်း​အောက်​အ​လယ်၌​ထား၍၊ 5 ထမ်း​ပိုး​ထား​ရာ ဆန်​ခါ​လေး​ထောင့်၌​တပ်​ရ​သော ကြေး​ဝါ​လေး​ကွင်း​ကို သွန်း​လေ၏။ 6 အ​ကာ​ရှ​သား​ထမ်း​ပိုး​တို့​ကို​လုပ်၍ ကြေး​ဝါ​နှင့် မွမ်း​မံ​ပြီး​မှ၊ 7 ယဇ်​ပ​လ္လင်​ကို​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက်​ကွင်း​များ၌ လျှို​ထား​လေ၏။ ထို​ယဇ်​ပ​လ္လင်​ကို အ​ပေါ်​အောက် ဟင်း​လင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ပျဉ်​ပြား​နှင့် လုပ်​လေ၏။ 8 ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ စည်း​ဝေး​တတ်​သော​မိန်း​မ​တို့၏ ကြေး​ဝါ​မှန်​များ​ကို​ယူ၍ ကြေး​ဝါ​အင်​တုံ​နှင့် ကြေး​ဝါ​ခြေ​ထောက်​ကို လုပ်​လေ​၏။

တဲ​တော်​ဝင်း​အ​ကာ​အ​ရံ

9 တဲ​တော်​ဝင်း​ကာ​ရန်​မူ​ကား၊ အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ပိတ်​ချော​နှင့် တောင်​ဘက်၌ ကု​လား​ကာ​ကို လုပ်​လေ၏။ 10 ထို​ကု​လား​ကာ​ဖို့ တိုင်​နှစ်​ဆယ်၊ တိုင်​ခြေ​စွပ်​နှစ်​ဆယ်​ကို ကြေး​ဝါ​နှင့်​လုပ်၍ တိုင်​တံ​စို့၊ တိုင်​တန်း​တို့​ကို ငွေ​ဖြင့်​ပြီး​စေ၏။ 11 ထို​နည်း​တူ မြောက်​ဘက်၌​ကာ​ရန် အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ ငွေ​တံ​စို့၊ ငွေ​တန်း​ပါ​သော ကြေး​ဝါ​တိုင်​နှစ်​ဆယ်၊ ကြေး​ဝါ​ခြေ​စွပ်​နှစ်​ဆယ်​ရှိ၏။ 12 အ​နောက်​ဘက်၌​ကာ​ရန် အ​လျား​အ​တောင်​ငါး​ဆယ်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​တစ်​ဆယ်၊ ခြေ​စွပ်​တစ်​ဆယ်​ရှိ၏။ 13 အ​ရှေ့​ဘက်၌​လည်း အ​တောင်​ငါး​ဆယ်​ရှိ​၏။ 14,15 တံ​ခါး​ဝ​တစ်​ဖက်​တစ်​ချက်၌​ကာ​ရန် အ​လျား​ဆယ်​ငါး​တောင်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​သုံး​တိုင်၊ ခြေ​စွပ်​သုံး​ခု​ရှိ၏။ 16 ဝင်း​ပတ်​လည်၌​ကာ​သော ကု​လား​ကာ​ရှိ​သ​မျှ​တို့​သည် ပိတ်​ချော​ဖြင့်​ပြီး၏။ 17 တိုင်​တို့​သည် ကြေး​ဝါ​ခြေ​စွပ်၊ ငွေ​တံ​စို့၊ ငွေ​တန်း​နှင့်​ပြည့်​စုံ၍ တိုင်​ထိပ်​များ​ကို​လည်း ငွေ​နှင့်​မွမ်း​မံ​လေ၏။ ဝင်း​တိုင်​တန်း​ရှိ​သ​မျှ​တို့​သည် ငွေ​တန်း​ဖြစ်၏။ 18 ဝင်း​တံ​ခါး​ဝ၌​ကာ​ရန် ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍ ချယ်​လှယ်​သော​ကု​လား​ကာ၊ အ​လျား​အ​တောင်​နှစ်​ဆယ်၊ အ​မြင့်​ငါး​တောင်​ရှိ၍၊ ဝင်း​ကာ​သော​ကု​လား​ကာ​နှင့် တ​ညီ​တည်း​ဖြစ်၏။ 19 ဝင်း​တံ​ခါး​ဝ​တိုင် လေး​ခု​ရှိ၍၊ ကြေး​ဝါ​ခြေ​စွပ်​လေး​ခု၊ ငွေ​တံ​စို့၊ ငွေ​တန်း​များ၊ ငွေ​နှင့်​မွမ်း​မံ​သော​ထိပ်​များ​နှင့် ပြည့်​စုံ​ကြ၏။ 20 တဲ​တော်​တံ​သင်​ဝင်း​ပတ်​လည်၌ စိုက်​သော​တံ​သင်​ရှိ​သ​မျှ​တို့​သည် ကြေး​ဝါ​တံ​သင်​ဖြစ်​ကြ၏။

တဲ​တော်​သုံး​ပ​စ္စည်း​များ

21 ဤ​ရွေ့​ကား၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည်၊ လေ​ဝိ​လူ​များ အ​မှု​တော်​ဆောင်​စ​ရာ​တဲ​တော်​ကို ရေ​တွက်​မှတ်​သား​သော သက်​သေ​ခံ​ချက် တဲ​တော်​စာ​ရင်း​ပေ​တည်း။ 22 မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို၊ ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော၊ ဥ​ရိ၏​သား​ဗေ​ဇ​လေ​လ​သည် လုပ်​လေ၏။ 23 ထို​မှ​တစ်​ပါး၊ ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော လက်​သ​မား​အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏ အ​လုပ်​ကို​လုပ်​တတ်​သော ဒန်​အ​မျိုး​သား အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​လည်း​ရှိ၏။ 24 သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြီး​အောင်​လှူ၍ လုပ်​သော​ရွှေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​နှစ်​ရာ​ကိုး​ဆယ်​ခု​နစ်​ပိဿာ​သုံး​ဆယ် ဖြစ်​သ​တည်း။ 25 စာ​ရင်း​ဝင်​သော​ပ​ရိ​သတ်​များ​ပေး​သော ငွေ​ချိန်​ပေါင်း​ကား၊ အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​တစ်​ထောင်​နှင့် တစ်​ဆယ်​ခု​နစ်​ပိဿာ​ခု​နစ်​ဆယ်​ငါး​ကျပ် ဖြစ်​သ​တည်း။ 26 အ​သက်​နှစ်​ဆယ်​မှ​စ၍ ပို​လွန်​သ​မျှ​သော​သူ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ လူ​ခြောက်​သိန်း​သုံး​ထောင် ငါး​ရာ​ငါး​ဆယ်​တို့​သည်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​ချိန်​အ​ကျပ်​တစ်​ဝက်​စီ​ပေး​ရ​ကြ၏။ 27 ခြေ​စွပ်​တစ်​ခု၌ ငွေ​အ​ခွက်​တစ်​ဆယ်​စီ​ဝင်​သည်​ဖြစ်၍၊ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် တဲ​တော်​ခြေ​စွပ်၊ အ​တွင်း​ကု​လား​ကာ​ခြေ​စွပ်​တည်း​ဟူ​သော ခြေ​စွပ်​တစ်​ရာ​ကို သွန်း​လေ၏။ 28 ကျန်​သော​ငွေ အ​ခွက်​တစ်​ဆယ်​ခု​နစ်​ပိဿာ​ခု​နစ်​ဆယ်​ငါး​ကျပ်​နှင့် တိုင်​တံ​စို့​နှင့် တိုင်​တန်း​တို့​ကို​လုပ်၍ တိုင်​ထိပ်​များ​ကို​မွမ်း​မံ​လေ၏။ 29 လှူ​သော​ကြေး​ဝါ​ပေါင်း​ကား အ​ခွက်​ခု​နစ်​ရာ​နှစ်​ဆယ်​နှင့် လေး​ပိဿာ​ဖြစ်​သ​တည်း။ 30 ထို​ကြေး​ဝါ​နှင့် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​ခြေ​စွပ်၊ ကြေး​ဝါ​ယဇ်​ပ​လ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ 31 ကာ​သော​ဝင်း​ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ​ခြေ​စွပ်၊ တဲ​တော်​တံ​သင်၊ ဝင်း​ပတ်​လည်၌​စိုက်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း လုပ်​လေ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-16_18-40-07-