Pular para o conteúdo
Publicidade

ထွက်မြောက်ရာ 18

17 ယော​က္ခ​မ​က၊ သင်​ပြု​သော​အ​မှု​သည် မ​တော်​မ​သင့်​ဖြစ်​၏။ 18 သင်​မှ​စ၍ သင်၌​ပါ​သော ဤ​လူ​များ​တို့​သည် အ​မှန်​အား​လျော့​ကြ​လိမ့်​မည်။ ဤ​အ​မှု​သည် သင်၌​အ​လွန်​လေး​၏။ တစ်​ယောက်​တည်း မ​တတ်​နိုင်​သော​အ​မှု​ဖြစ်​၏။ 19 ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။ 20 သူ​တို့​အား​လည်း ပ​ညတ်​တ​ရား​တော်​များ​ကို သင်​ချ​ရ​မည်။ သူ​တို့​သွား​ရာ​လမ်း၊ ပြု​ရ​သော​အ​မှု​ကို​လည်း​ပြ​ရ​မည်။ 21 ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။ 22 ထို​သူ​တို့​သည်​ခပ်​သိမ်း​သော​အ​ချိန်​၌ လူ​များ​တို့​ကို တ​ရား​စီ​ရင်​ကြ​စေ။ ကြီး​သော​အ​မှု၌ သင်၏​အ​ယူ​ကို​ခံ​ကြ​စေ။ ငယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​စေ။ သို့​ဖြစ်​လျှင် သူ​တို့​သည်​ဝိုင်း​ညီ၍ အ​မှု​ထမ်း​သ​ဖြင့် သင်​သည်​သက်​သာ​လိမ့်​မည်။ 23 ထို​သို့ ဘု​ရား​သ​ခင်​အ​ခွင့်​နှင့်​ပြု​လျှင် သင်​သည်​ခိုင်​ခံ့​လိမ့်​မည်။ ဤ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​နေ​ရာ​ပြည်​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လိမ့်​မည်​ဟု ပြော​ဆို​၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também