12 သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။တရား၊ ၂၇:၁၆၊မ၊ ၁၅:၄၊၁၉:၁၉၊မာ၊ ၇:၁၀၊၁၀:၁၉၊လု၊ ၁၈:၂၀၊ဧ၊ ၆:၂၊ဧ၊ ၆:၃။13 လူအသက်ကို မသတ်နှင့်။က၊ ၉:၆၊ဝတ်၊ ၂၄:၁၇၊မ၊ ၅:၂၁၊၁၉:၁၈၊မာ၊ ၁၀:၁၉၊လု၊ ၁၈:၂၀၊ရော၊ ၁၃:၉၊ယာ၊ ၂:၁၁။14 သူ့မယားကို မပြစ်မှားနှင့်။ဝတ်၊ ၂၀:၁၀၊မ၊ ၅:၂၇၊၁၉:၁၈၊မာ၊ ၁၀:၁၉၊လု၊ ၁၈:၂၀၊ရော၊ ၁၃:၉၊ယာ၊ ၂:၁၁။15 သူ့ဥစ္စာကို မခိုးနှင့်။ဝတ်၊ ၁၉:၁၁၊မ၊ ၁၉:၁၈၊မာ၊ ၁၀:၁၉၊လု၊ ၁၈:၂၀၊ရော၊ ၁၃:၉။16 ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။ထွ၊ ၂၃:၁၊မ၊ ၁၉:၁၈၊မာ၊ ၁၀:၁၉၊လု၊ ၁၈:၂၀။17 ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။ရော၊ ၇:၇၊၁၃:၉။
လူတို့ကြောက်ရွံ့ခြင်း
(တရား၊ ၅:၂၂-၃၃)