Pular para o conteúdo
Publicidade

ယေဇကျေလ 16

36 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ရည်း​စား​များ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော ရုပ်​တု​အ​ပေါင်း​တို့​နှင့် မှား​ယွင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​အား​ပေး​သော သား​သ​မီး​တို့၏​အ​သွေး​အား​ဖြင့်​လည်း​ကောင်း သင်​သည် ကိုယ်​ရှက်​ကြောက်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​စွာ​ဖော်​ပြ​သော​ကြောင့်၊ 37 သင့်​ကို​ချစ်​သော ရည်း​စား​ရှိ​သ​မျှ​တို့​နှင့် သင်​ချစ်​သော​သူ၊ မုန်း​သော​သူ အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​မည်။ သင့်​တစ်​ဖက်​ပတ်​လည်၌ စု​ဝေး​စေ၍၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ငါ​ပြ​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também