ဗိမာန်တော်မှစီးသောရေ
1 ထိုနောက်မှ အိမ်တော်တံခါးသို့ တစ်ဖန်ငါ့ကိုဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည် အိမ်တော်တံခါးခုံလက်ယာအောက်၊ ယဇ်ပလ္လင်တော် တောင်ဘက်မှ စီးသွားလေ၏။ဇာ၊ ၁၄:၈။ ယော၊ ၇:၃၈။ ဗျာ၊ ၂၂:၁။2 တစ်ဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့မျက်နှာပြုသော ပြင်တံခါးလမ်းဝသို့ ရောက်သောအခါ၊ လက်ယာဘက်မှစီးသော ရေကိုငါမြင်၏။