Pular para o conteúdo
Publicidade

ဟေရှာယ 31

အဲ​ဂု​တ္တု​ပြည်သား​သည်​ဘု​ရား​မ​ဟုတ်

1 စစ်​ကူ​တောင်း​အံ့​သော​ငှာ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍၊ မြင်း​တို့​ကို အ​မှီ​ပြု​လျက် များ​စွာ​သော ရ​ထား​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ခို​လှုံ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​မျှော်​လင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဘဲ​နေ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 2 ထို​ဘု​ရား​သည် ဉာဏ်​တော်​ကျယ်၍၊ သူ​တို့​အ​ပေါ်​မှာ ဘေး​ကို သက်​ရောက်​စေ​တော်​မူ​မည်။ စ​ကား​တော်​မ​ပျက်​ဘဲ၊ ဆိုး​သော လူ​မျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ဘက်​မှာ​နေ​သော သူ​တို့​ကို​လည်း​ကောင်း တစ်​ဖက်၌ ထ​တော်​မူ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também