Pular para o conteúdo
Publicidade

ဟေရှာယ 53

5 ထို​သူ​သည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။၁​ပေ၊ ၂:၂၄။6 ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။၁​ပေ၊ ၂:၂၅။7 ထို​သူ​သည် ညှဉ်း​ဆဲ​ခြင်း​နှင့် နှိမ့်​ချ​ခြင်း​ကို​ခံ၍ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ၏။ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော သိုး​သ​ငယ်​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ​နေ​သ​ကဲ့​သို့၊ သူ​သည် နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။ဗျာ၊ ၅:၆။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.