3 အကျွန်ုပ်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင်တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူသနည်းဟု ဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာလုပ်စေကြ၏။ 4 သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မလက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သောအရပ်၌ မိမိတို့အသံကို ကြားစေခြင်းငှာ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။ 5 ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာရှိသလော။ လူသည် တစ်ရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဖို့ လျှော်တေနှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်းဟူ၍လည်းကောင်း၊ ထာဝရဘုရား နှစ်သက်တော်မူသောနေ့ရက် ဟူ၍လည်းကောင်း မှည့်အပ်သလော။ 6 ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။