Pular para o conteúdo
Publicidade

ဟေရှာယ 58

3 အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။ 4 သင်​တို့​သည် ငြင်း​ခုံ​ရန်​တွေ့​လျက်၊ အ​ဓ​မ္မ​လက်​ဆုပ်​နှင့် ထိုး​လျက် အ​စာ​ရှောင်​ကြ၏။ မြင့်​သော​အ​ရပ်၌ မိ​မိ​တို့​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ယ​ခု​ကာ​လ​အ​ခါ အ​စာ​ရှောင်​ကြ​သည်​မ​ဟုတ်။ 5 ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။ 6 ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​ဟူ​မူ​ကား၊ မ​တ​ရား​သော အ​ချည်​အ​နှောင်​ကို ချွတ်​ခြင်း၊ လေး​သော​ဝန်​ကို​ချ​ခြင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို လွှတ်​ခြင်း၊ ထမ်း​ပိုး​ရှိ​သ​မျှ​ကို ချိုး​ခြင်း​မ​ဟုတ်​လော။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também