Publicidade

Josué 16

ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​မွေ​ခံ​ရ​သော​မြေ

1 ယော​သပ်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော​မြေ အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ယေ​ရိ​ခေါ​အိုင်​မှ​ထွက်၍ တော​လမ်း​သို့​လိုက်​လျက်၊ ဗေ​သ​လ​တောင်​တစ်​လျှောက်​လုံး​သွား​သ​ဖြင့်၊ 2 ဗေ​သ​လ​လု​ဇ​မြို့​သို့​လည်း​ကောင်း၊ အာ​ခိ​အ​တ​ရုတ်​မြို့​သို့​လည်း​ကောင်း၊ 3 အ​နောက်​မျက်​နှာ၌ ယာ​ဖ​လေ​တိ​မြို့​သို့​လည်း​ကောင်း၊ အောက်​ဗက်​ဟော​ရုန်​မြို့​သို့​လည်း​ကောင်း၊ ဂေ​ဇာ​မြို့​သို့​လည်း​ကောင်း ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။ 4 ထို​သို့ ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။

5 ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​နေ​သော မြေ​အ​ပိုင်း​အ​ခြား​သည်၊ အ​ရှေ့​ဘက်၌ အ​တ​ရုတ်​အ​ဒ္ဒါ​မြို့​မှ အ​ထက်​ဗက်​ဟော​ရုန်​မြို့​သို့ လိုက်၍၊ 6 မြောက်​မျက်​နှာ၌ ပင်​လယ်​နား၊ မိတ်​မေ​သ​မြို့​သို့​ထွက်၏။ တစ်​ဖန် အ​ရှေ့​သို့​မျက်​နှာ​ပြု၍ တာ​နတ်​ရှိ​လော​မြို့ အ​ရှေ့​မှာ​လျှောက်​လျက်၊ 7 ယ​နော​ဟ​မြို့​သို့​လည်း​ကောင်း၊ ယ​နော​ဟ​မြို့​မှ အ​တ​ရုတ်​မြို့၊ နာ​ရတ်​မြို့၊ ယေ​ရိ​ခေါ​မြို့​သို့​လည်း​ကောင်း ရောက်၍ ယော်​ဒန်​မြစ်၌ ဆုံး​လေ၏။ 8 တာ​ပွါ​မြို့​မှ အ​နောက်​သို့​သွား၍ ကာ​န​မြစ်​သို့​လိုက်​လျက် ပင်​လယ်၌ ဆုံး​လေ၏။ 9 ဤ​ရွေ့​ကား၊ မ​နာ​ရှေ​အ​မျိုး​သား​တို့ အ​မွေ​ခံ​ရ​သော​မြေ၌ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​အ​ဖို့ ခွဲ​ထား​သော​မြို့​များ​နှင့်​တ​ကွ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြို့​ရွာ​များ ဖြစ်​သ​တည်း။ 10 ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ၍ အ​ခွန်​ပေး​ရ​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-