Publicidade

Josué 9

ဂိ​ဗောင်​မြို့​သား​တို့၏​လိမ်​လည်​မှု

1 ယော်​ဒန်​မြစ် အ​နောက်​ဘက်၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ချိုင့်​ထဲ၌​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​တစ်​ဖက်၊ မ​ဟာ​ပင်​လယ်​ကမ်း တစ်​လျှောက်​လုံး၌​လည်း​ကောင်း​နေ​သော ဟိ​တ္တိ၊ အာ​မော​ရိ၊ ခါ​န​နိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​အ​မျိုး​မင်း​ကြီး​အ​ပေါင်း​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊ 2 ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး​ကြ၏။

3 ဂိ​ဗောင်​မြို့​သား​တို့​သည် ယေ​ရိ​ခေါ​မြို့၊ အာ​ဣ​မြို့၌ ယော​ရှု​ပြု​သော​အ​မှု​ကို ကြား​သော​အ​ခါ၊ 4 ပ​ရိ​ယာယ်​ပြု၍ သံ​တ​မန်​လုပ်​လျက်၊ မြည်း​ပေါ်​မှာ ဟောင်း​နွမ်း​သော​အိတ်​တို့​ကို​တင်၍၊ ဟောင်း​နွမ်း​စုတ်​ကွဲ​ဖာ​ပြင်​သော စ​ပျစ်​ရည်​သား​ရေ​ဘူး​တို့​ကို ယူ​ကြ၏။ 5 ဟောင်း​နွမ်း​ဖာ​ပြင်​သော ခြေ​နင်း​ကို​စီး၍၊ ဟောင်း​နွမ်း​သော​အ​ဝတ်​ကို​လည်း ဝတ်​ကြ၏။ အောက်၍ မှို​တက်​လျက်​ရှိ​သော ရိ​က္ခာ​ကို​သာ​ဆောင်​ခဲ့​လျက်၊ 6 ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​တပ်​သို့ ရောက်​လာ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ငှာ၊ ဝေး​သော​ပြည်​က​လာ​ကြ​ပါ​သည်​ဟု ယော​ရှု​နှင့် ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို​ကြ၏။ 7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​သည် မ​နေ​သည်​ကို မ​သိ​နိုင်။ အ​ဘယ်​သို့ မိတ်​သ​ဟာ​ယ​ဖွဲ့​နိုင်​သ​နည်း​ဟု ဟိ​ဝိ​လူ​တို့​အား​ဆို​ကြ​လျှင်၊8 သူ​တို့​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏​ဟု ယော​ရှု​အား လျှောက်​ဆို​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​သော​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ 9 သူ​တို့​က၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကြောင့် ကိုယ်​တော်​ကျွန်​တို့​သည် အ​လွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏ သ​တင်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ 10 ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ အာ​ရှ​တ​ရုတ်​မြို့​မှာ​နေ​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း ကြား​ပါ​ပြီ။11 ထို​ကြောင့် အ​ကျွန်ုပ်​တို့၌ အ​သက်​ကြီး​သော​သူ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​က၊ လမ်း​ခ​ရီး​ရိ​က္ခာ​ကို​ယူ၍ သူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား​ကြ​လော့။ ငါ​တို့​သည် သူ​တို့၏​ကျွန်​ဖြစ်​ကြောင်း​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​အ​ကြောင်း​ကို လျှောက်​ထား​ကြ​လော့​ဟု မှာ​လိုက်​ပါ​ပြီ။ 12 ကိုယ်​တော်​ထံ​သို့ ရောက်​အံ့​သော​ငှာ ထွက်​လာ​သော​နေ့၌ ခ​ရီး​ရိ​က္ခာ​ဖို့ ကိုယ်​အိမ်​မှ​ဆောင်​ယူ​ခဲ့​သော ဤ​မုန့်​သည် ပူ​နွေး​လျက်​ရှိ​ပါ၏။ ယ​ခု​ကြည့်​ပါ။ အောက်​လျက် မှို​တက်​လျက်​ရှိ​ပါ၏။ 13 စ​ပျစ်​ရည်​ပြည့်​သော ဤ​သား​ရေ​ဘူး​တို့​သည် အ​သစ်​ဖြစ်​သော်​လည်း၊ ယ​ခု​ကြည့်​ပါ စုတ်​ကွဲ​လျက်​ရှိ​ပါ၏။ ဤ​အ​ဝတ် ဤ​ခြေ​နင်း​တို့​သည်​လည်း အ​လွန်​ခ​ရီး​ဝေး​သော​ကြောင့် ဟောင်း​နွမ်း​ပါ​ပြီ​ဟု ပြန်​လျှောက်​ကြ၏။ 14 ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ခွင့်​မ​ပန်​ဘဲ ထို​သူ​တို့၏​ရိ​က္ခာ​ကို​စား​ကြ၏။ 15 ယော​ရှု​သည်​လည်း သူ​တို့​ကို​စစ်​မှု​နှင့်​လွတ်​စေ၍၊ အ​သက်​ချမ်း​သာ​စေ​မည်​အ​ကြောင်း မိတ်​သ​ဟာ​ယ​ဖွဲ့၏။ ပ​ရိ​သတ်​မင်း​တို့​သည်​လည်း ကျိန်​ဆို​ခြင်း​ကို ပြု​ကြ၏။

16 မိတ်​သ​ဟာ​ယ​ဖွဲ့၍ သုံး​ရက်​လွန်​သော​အ​ခါ၊ ထို​သူ​တို့​သည် အိမ်​နီး​ချင်း​ဖြစ်၍၊ အ​နား​မှာ​နေ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​သိ​လျှင်၊ 17 ခ​ရီး​သွား၍ သုံး​ရက်​မြောက်​သော​နေ့၌ သူ​တို့​မြို့​ရွာ​သို့ ရောက်​ကြ၏။ သူ​တို့​မြို့​ကား ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း။ 18 ပ​ရိ​သတ်​အ​ကဲ​အ​မှူး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​တို့​ကို မ​လုပ်​ကြံ​ကြ။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​ကဲ​အ​မှူး​တို့​ကို အ​ပြစ်​တင်​ကြ၏။ 19 အ​ကဲ​အ​မှူး​တို့​က​လည်း၊ ငါ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော​ကြောင့် သူ​တို့​ကို မ​ထိ​မ​ခိုက်​ရ။ 20 သူ​တို့​အား ကျိန်​ဆို​မိ​သော​ကြောင့် အ​ပြစ်​ဒဏ်​ရောက်​မည်​ကို စိုး​ရိမ်၍၊ အ​သက်​ချမ်း​သာ​ပေး​သ​ဖြင့် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ 21 အ​ကဲ​အ​မှူး​များ က​တိ​ရှိ​သည်​အ​တိုင်း အ​သက်​ချမ်း​သာ​ပေး၍၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ ထင်း​ခုတ်​သော​သူ၊ ရေ​ခပ်​သော​သူ ဖြစ်​စေ​ရ​မည်​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ပြန်​ပြော​ကြ၏။ 22 ယော​ရှု​သည်​လည်း သူ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​လျက်​ပင်၊ ဝေး​သော​အ​ရပ်​က​လာ​ပါ​ပြီ​ဟု​ဆို၍ ငါ​တို့​ကို အ​ဘယ်​ကြောင့်​လှည့်​စား​ကြ​သ​နည်း။ 23 ယ​ခု​မှာ သင်​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သ​ဖြင့်၊ ကျွန်​ခံ၍ ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ထင်း​ခုတ်​ခြင်း၊ ရေ​ခပ်​ခြင်း​အ​မှု​နှင့် တစ်​ယောက်​မျှ​မ​လွတ်​ရ​ဟု​ဆို၏။ 24 သူ​တို့​က​လည်း၊ ဤ​ပြည်​တစ်​လျှောက်​လုံး​ကို သင်​တို့​အား​ပေး၍၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို သင်​တို့​ရှေ့​မှ ပယ်​ရှင်း​ခြင်း​ငှာ၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​မော​ရှေ​အား မှာ​ထား​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​ကျွန်​တို့​သည် ဆက်​ဆက်​ကြား​သိ၍၊ သင်​တို့​လက်၌ အ​သက်​ဆုံး​မည်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊ ဤ​အ​မှု​ကို ပြု​ပါ​ပြီ။ 25 ယ​ခု​မှာ ကျွန်​တော်​တို့​သည် ကိုယ်​တော်​လက်​တွင်​ရှိ​ပါ၏။ ကျွန်​တော်​တို့၌ ပြု​ကောင်း​ပြု​သင့်​သည်​ဟု စိတ်​တော်​ထင်​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ယော​ရှု​အား ပြန်​လျှောက်​ကြ၏။ 26 ထို​သို့​နှင့်​အ​ညီ ယော​ရှု​သည်​ပြု၍၊ သူ​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​လူ​တို့​လက်​မှ ကယ်​နုတ်​သ​ဖြင့်၊ 27 ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌​တည်​သော ယဇ်​ပ​လ္လင်​တော်​အ​ဖို့​နှင့် ပ​ရိ​သတ်​တော်​အ​ဖို့ ထို​သူ​တို့​သည် ယ​နေ့​တိုင်​အောင် ထင်း​ခုတ်၍​ရေ​ခပ်​ရ​မည်​အ​ကြောင်း၊ ထို​နေ့၌ စီ​ရင်​လေ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-