Publicidade

Josué 21

လေ​ဝိ​သား​တို့​အ​မွေ​ခံ​ရာ​မြေ

1 လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ထံ​သို့​ချဉ်း​ကပ်၍၊ 2 အ​ကျွန်ုပ်​တို့​နေ​စ​ရာ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​တို့​မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​ပြီ​ဟု ခါ​နာန်​ပြည်၊ ရှိ​လော​မြို့၌ ပြော​ဆို​ကြ​လျှင်၊3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မိ​မိ​တို့​အ​မွေ​ခံ​ရ​သော​မြေ​ထဲ​က၊ မြို့​နှင့် မြို့​နယ်​တို့​ကို​ပေး​ကြ၏။ 4 စာ​ရေး​တံ​ပြု၍ ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည် အ​မွေ​ခံ​ရာ​တွင်၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ယု​ဒ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဆယ်​သုံး​မြို့​ကို ရ​ကြ၏။ 5 ကြွင်း​သော​ကော​ဟတ်​သား​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဒန်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဆယ်​မြို့​ကို​ရ​ကြ၏။ 6 ဂေ​ရ​ရှုံ​သား​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ဣ​သ​ခါ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က၊ ဆယ်​သုံး​မြို့​ကို​ရ​ကြ၏။ 7 မေ​ရာ​ရိ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က၊ ဆယ်​နှစ်​မြို့​ကို​ရ​ကြ၏။ 8 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ ထို​မြို့​တို့​ကို​မြို့​နယ်​နှင့်​တ​ကွ လေ​ဝိ​သား​တို့​အား​ပေး​ကြ၏။

9 ယု​ဒ​အ​မျိုး​သား​ခ​ရိုင်၊ ရှိ​မောင်​အ​မျိုး​သား​ခ​ရိုင်​ထဲ​က​ပေး၍ လေ​ဝိ​သား​ဖြစ်​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး၊ 10 အာ​ရုန်၏​သား​မြေး​တို့​သည် ပ​ထ​မ​စာ​ရေး​တံ​အား​ဖြင့်​ရ​သော မြို့​တို့၏​အ​မည်​များ​ဟူ​မူ​ကား၊ 11 ယု​ဒ​ခ​ရိုင်​တောင်​ကြား၌ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ​နေ​သော​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။ 12 သို့​ရာ​တွင် မြို့​နှင့်​ဆိုင်​သော လယ်​များ၊ ရွာ​များ​တို့​ကို ယေ​ဖု​န္နာ၏​သား ကာ​လက်​အား အ​ပိုင်​ပေး​ကြ၏။ 13 လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဟေ​ဗြုန်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​အား​ပေး​ကြ၏။ 14 ထို​မှ​တစ်​ပါး၊ လိ​ဗ​န​မြို့​နှင့် မြို့​နယ်၊ ယ​တ္တိ​ရ​မြို့​နှင့် မြို့​နယ်၊ ဧ​ရှ​တေ​မော​မြို့​နှင့် မြို့​နယ်၊ 15 ဟော​လုန်​မြို့​နှင့် မြို့​နယ်၊ ဒေ​ဗိ​ရ​မြို့​နှင့် မြို့​နယ်၊ 16 အ​ဣ​န​မြို့​နှင့် မြို့​နယ်၊ ယု​တ္တ​မြို့​နှင့် မြို့​နယ်၊ ဗက်​ရှေ​မက်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော ထို​ခ​ရိုင်​နှစ်​ခ​ရိုင်​ထဲ​က ကိုး​မြို့​တို့​ကို​လည်း​ကောင်း၊ 17 ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊ 18 အာ​န​သုတ်​မြို့​နှင့် မြို့​နယ်၊ အာ​လ​မုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။ 19 အာ​ရုန်၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​ရ​သော​မြို့​ပေါင်း​ကား၊ မြို့​နယ်​ပါ​သော​မြို့ ဆယ်​သုံး​မြို့​ရှိ​သ​တည်း။

20 ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​ဖြစ်​သော လေ​ဝိ​သား​တို့​သည် စာ​ရေး​တံ​ပြု၍ ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ရ​သည်​အ​တိုင်း၊ 21 လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။ 22 ထို​မှ​တစ်​ပါး ဂေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ကိ​ဗ​ဇိမ်​မြို့​နှင့် မြို့​နယ်၊ ဗေ​သော​ရုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊ 23 ဒန်​ခ​ရိုင်​ထဲ​က ဧ​လ​တေ​က​မြို့​နှင့် မြို့​နယ်၊ ဂိ​ဗ္ဗိ​သုန်​မြို့​နှင့် မြို့​နယ်၊ 24 အာ​ဇ​လုန်​မြို့​နှင့် မြို့​နယ်၊ ဂါ​သ​ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊ 25 မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က တာ​နက်​မြို့​နှင့် မြို့​နယ်၊ ဂါ​သ​ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။ 26 ကြွင်း​သော ကော​ဟတ်​သား​အ​ဆွေ​အ​မျိုး​တို့​သည် ရ​သော​မြို့​နယ်​နှင့်​တ​ကွ မြို့​ပေါင်း​ကား ဆယ်​မြို့​တည်း။

27 လေ​ဝိ​အ​ဆွေ​အ​မျိုး၊ ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ ဗေ​ရှ​တေ​ရ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း၊ 28 ဣ​သ​ခါ​ခ​ရိုင်​ထဲ​က ကိ​ရှုန်​မြို့​နှင့် မြို့​နယ်၊ ဒါ​ဗ​ရေ​မြို့​နှင့် မြို့​နယ်၊ 29 ယာ​မုတ်​မြို့​နှင့် မြို့​နယ်၊ အင်္ဂ​န္နမ်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊ 30 အာ​ရှာ​ခ​ရိုင်​ထဲ​က မိ​ရှ​လ​မြို့​နှင့်​မြို့​နယ်၊ အာ​ဗ​ဒုန်​မြို့​နှင့် မြို့​နယ်၊ 31 ဟေ​လ​ကတ်​မြို့​နှင့် မြို့​နယ်၊ ရ​ဟော​ဘ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊ 32 နဿ​လိ​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂါ​လိ​လဲ​ပြည်၌ ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဟ​မ္မု​ဒ္ဒေါ​မြို့​နှင့် မြို့​နယ်၊ ကာ​တံ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော သုံး​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။ 33 ဂေ​ရ​ရှုံ​သား​တို့​သည်၊ အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​နယ်​နှင့်​တ​ကွ မြို့​ပေါင်း​ကား ဆယ်​သုံး​မြို့​တည်း။

34 ကြွင်း​သော​လေ​ဝိ​သား၊ မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​တို့​အား ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က ယော​က​နံ​မြို့​နှင့် မြို့​နယ်၊ ကာ​တ​မြို့​နှင့် မြို့​နယ်၊ 35 ဒိ​မ​န​မြို့​နှင့် မြို့​နယ်၊ န​ဟာ​လာ​လ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊ 36 ရု​ဗင်​ခ​ရိုင်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ တော၌ ဗေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယ​ဟာ​ဇ​မြို့​နှင့် မြို့​နယ်၊ 37 ကေ​ဒ​မုတ်​မြို့​နှင့် မြို့​နယ်၊ မေ​ဖတ်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊ 38 ဂဒ်​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊ 39 ဟေ​ရှ​ဘုန်​မြို့​နှင့် မြို့​နယ်၊ ယာ​ဇာ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း​ပေး​ကြ၏။ 40 ကြွင်း​သော​လေ​ဝိ​အ​ဆွေ​အ​မျိုး မေ​ရာ​ရိ​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​နယ်​နှင့်​တ​ကွ မြို့​ပေါင်း​ကား ဆယ်​နှစ်​မြို့​တည်း။ 41 ဣ​သ​ရေ​လ​အ​မျိုး​သား နေ​ရာ​နိုင်​ငံ​အ​ဝင်၊ လေ​ဝိ​သား​နေ​သော မြို့​ပေါင်း​ကား၊ မြို့​နယ်​နှင့်​တ​ကွ လေး​ဆယ်​ရှစ်​မြို့​တည်း။ 42 ထို​မြို့​ရှိ​သ​မျှ​တို့​သည် ပတ်​ဝန်း​ကျင်​နယ်​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​တည်း။

43 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပြည်​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သိမ်း​ယူ၍ နေ​ရာ​ကျ​ကြ၏။ 44 ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သ​မျှ​အ​တိုင်း၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ငြိမ်​ဝပ်​ရာ​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​ရှေ့​မှာ အ​ဘယ်​ရန်​သူ​မျှ​မ​ရပ်​နိုင်။ ရန်​သူ​အ​ပေါင်း​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်​မူ၏။ 45 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​လျော့၊ ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-