21 အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ 22 ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။