ပြစ်မှားဟှူ ယောင်ကြည်သူကြောန်း
15 ၁၈.၁၅ လု ၁၇.၃ "အယ်ကြောန့် ညီကို မောန်နှမဟှာ နန့်ဟှို ပြစ်မှားဟှယ် ဆိုဟှာ၁၈.၁၅ တချို့ မူရင်းလတ်ရေးမူလေမာ နန့်ဟှို ပြစ်မှားဟှယ် ဆိုဟှာ၊ ဆိုဇာဟှာ မှေ့ဟှ။ သူ့ပြစ်ဟှို ဖော်ပြပေးဟှို့တွပ် သူ့နားဟှို သွားပါ။ အယ်ဘေမဲ့ နှေ့ယော့-က်ဒဲတွိဘီး သူ့ပြစ်ဟှို ဖော်ပြပါ။ နန့်စကားဟှို သူနားထောန်ဟှယ် ဆိုဟှာ နန်းနို့ဟှာ သူ့ဟှို ပ္လန်ရလေဘီ။ 16 အယ်ဘေမဲ့ နန့်ရဲ့ စကားဟှို နားထောန်ဟှ ဆိုဟှာ သူ့စကားဟှို တည်ဖြစ်စေဟှို့တွပ် ကျမ်းစာမာ ပြောဟှားဟှူတိုင်း သိသတ်သေ နှေ့ယော့-က်၊ သောင်းယော့-က်ဟှို ခေါ်ပါ။