Korán vesd e a magot!
1 Vesd a te kenyeredet a víz színére, mert sok nap mulva megtalálod azt. 2 Adj részt hétnek vagy nyolcznak is; mert nem tudod, micsoda veszedelem következik a földre. 3 Mikor a sűrű fellegek megtelnek, esőt adnak a földre; és ha leesik a fa délre vagy északra, a mely helyre leesik a fa, ott marad. 4 A ki a szelet nézi, nem vet az; és a ki sűrű fellegre néz, nem arat. 5 Miképen hogy nem tudod, melyik a szélnek útja, és miképen vannak a csontok a terhes asszony méhében; azonképen nem tudod az Istennek dolgát, a ki mindeneket cselekszik. 6 Reggel vesd el a te magodat, és este se pihentesd kezedet; mert nem tudod, melyik jobb, ez-é vagy amaz, vagy ha mind a kettő jó lesz egyszersmind. 7 Valóban, édes a világosság és jó a mi szemeinkkel néznünk a napot. 8 Mert ha sok esztendeig él is az ember, mindazokban örvendezzen; és megemlékezzék a setétségnek napjairól, mert az sok lesz. Valami eljövendő, mind hiábavalóság.
ပညာရှိပြုသောအမှု
1 သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်။ 2 လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှလော့။ မြေပေါ်မှာ အဘယ်အမှုရောက်မည်ကို သင်မသိ။ 3 မိုးတိမ်တို့သည် မိုးရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်ဘက်သို့ လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။ 4 လေကို မှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုးတိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ်ရာ။ 5 နာမ်ဝိညာဉ်သွားရာ လမ်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမဝမ်း၌ အရိုးတို့သည် အဘယ်သို့ တိုးပွားသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။ 6 နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဉ့်ဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။
ပျိုရွယ်သူအတွက်အကြံဉာဏ်
7 အကယ်စင်စစ် အလင်းသည် ချို၏။ နေရောင်ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။ 8 သို့ရာတွင်၊ လူသည် အသက်တာရှည်၍ အစဉ်ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ပါစေ။ ထိုကာလ ကြာမြင့်လိမ့်မည်။ ဖြစ်လတ္တံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။ 9 အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာ လမ်းနှင့်၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။ 10 သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။