1 Mikor a fejedelemnek haragja felgerjed te ellened, a te helyedet el ne hagyjad; mert a szelídség nagy bűnöket lecsendesít. 2 Van egy gonosz, a melyet láttam a nap alatt, mintha tévedés volna, a mely a fejedelemtől származik. 3 Hogy a bolondság nagy méltóságra helyeztetett, a gazdagok pedig alacsony sorsban ülnek. 4 Láttam, hogy a szolgák lovakon ültek; a fejedelmek pedig gyalog mentek a földön, mint a szolgák. 5 A ki vermet ás, abba beesik; és a ki a gyepűt elhányja, megmarja azt a kígyó. 6 A ki a köveket helyökből kihányja, fájdalmat szenved azok miatt; a ki hasogatja a fát, veszedelemben forog a miatt. 7 Ha a vas megtompul, és annak élit meg nem köszörüli az ember, akkor erejét kell megfeszíteni; a bölcseség pedig minden dolognak eligazítására nagy előmenetel. 8 Ha megharap a kígyó, a míg meg nem varázsoltatott, azután semmi haszna nincsen a varázslónak. 9 A bölcs ember szájának beszédei kedvesek; a bolondnak pedig ajkai elnyelik őt. 10 Az ő szája beszédinek kezdete bolondság, és az ő szája beszédinek vége gonosz balgatagság. 11 És a bolond szaporítja a szót, pedig nem tudja az ember, a mi következik, és a mi utána lesz, kicsoda mondja meg azt néki? 12 A bolondnak munkája elfárasztja őt, mert a városba sem tud menni. 13 Jaj néked ország, kinek a te királyod gyermek; és a te fejedelmid reggel esznek. 14 Boldog vagy te ország, kinek a te királyod nemes ember, és a te fejedelmid idejében esznek a testnek erejéért és nem az italért. 15 A restség miatt elhanyatlik a házfedél, és a kezek restsége miatt csepeg a ház. 16 Vígasságnak okáért szereznek lakodalmat, és a bor vídámítja meg az élőket: és a pénz szerzi meg mindezeket. 17 Még a te gondolatodban is a királyt ne átkozd, és a te ágyasházadban is gonoszt a gazdagnak ne mondj: mert az égi madár is elviszi a szót, és a szárnyas állat is bevádolná a te beszédedet.
ပညာ၏ထူးကဲခြင်း
1 အထုံသမားလုပ်သော နံ့သာဆီကို သေသောယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက်သည် ပညာနှင့် ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။ 2 ပညာရှိသောသူ၏နှလုံးသည် မိမိလက်ယာလက်၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။ 3 မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိလစ်၍၊ ငါသည်လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။ 4 မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့်ရာအရပ်မှ မရွှေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
5 မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊ 6 မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊ 7 ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန်ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင်လေပြီ။ 8 တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ခြံကိုဖျက်သောသူသည် မြွေကိုက်ခြင်းကို ခံရလိမ့်မည်။ 9 ကျောက်တို့ကိုရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။ 10 ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင် သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့်ကို ပေး၍ ကျေးဇူးကြီး၏။
11 မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။ 12 ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။ 13 သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။ 14 မိုက်သောသူသည် စကားများတတ်၏။ သို့သော်လည်းဖြစ်လတ္တံ့သောအရာကို လူသည် မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ဖြစ်လတ္တံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။ 15 မြို့သို့သွားသောလမ်းကို မသိသောသူကဲ့သို့ မိုက်သောသူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတစ်ပါးတို့ကို ပင်ပန်းစေတတ်၏။
16 ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲ့ နံနက်စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာရှိ၏။ 17 မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကြူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှ အားဖြည့်ခြင်းငှာသာ၊ စားသောက်တတ်သောပြည်သည် မင်္ဂလာရှိ၏။ 18 အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည်ဆွေးမြေ့တတ်၏။ လက်နှင့် မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။ 19 ပျော်မွေ့ခြင်းငှာ ပွဲကိုလုပ်တတ်၏။ စပျစ်ရည်သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။ 20 ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိန်ဆဲနှင့်။ လူကြီးကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် ထိုအသံကိုဆောင်သွားလိမ့်မည်။ ပျံတတ်သောအကောင်သည် ထိုအမှုကိုဖော်ပြလိမ့်မည်။