သားဦးများသေရမည့်အကြောင်း
1 ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတစ်ပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကိုလွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကိုတစ်ပြိုင်နက်နှင်လိမ့်မည်။ 2 ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌လည်းကောင်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌လည်းကောင်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အားပြောလော့ဟု မောရှေအားမိန့်တော်မူ၏။ 3 သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေတော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ကျွန်များ၊ လူများရှေ့၌ ကြီးစွာသောအသရေရှိလေ၏။
4 ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ငါထွက်သွားမည်။ 5 နန်းထိုင်သော ဖာရောဘုရင်၏သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။ 6 အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင်၊ ရှေးကာလ၌မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတ္တံ့သောကြီးစွာသော ငိုကြွေးခြင်းဖြစ်ရလိမ့်မည်။ 7 သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစ်စုံတစ်ယောက်ကို ခွေးတစ်ကောင်မျှမဟိန်းရဟု မိန့်တော်မူ၏။ 8 ကိုယ်တော်၏ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့လာ၍ ပျပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှထွက်သွားလေ၏။
9 ထာဝရဘုရားကလည်း၊ အံ့ဖွယ်သောအမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ 10 မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဖွယ်သော အမှုအလုံးစုံတို့ကိုပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲနေသတည်း။
预告灭头生之灾
1 耶和华对摩西说:"我再使一种灾祸临到法老和埃及,然后法老他必让你们离开这里。他让你们离开的时候,必全部赶逐你们离开这地。2 现在你要告诉人民,叫他们男女各人向自己的邻舍索取银器金器。"3 耶和华使人民在埃及人眼前蒙恩,同时摩西在埃及地,在法老臣仆的眼前和人民的眼前都成了伟大的人物。4 摩西说:"耶和华这样说:‘大约半夜的时候,我要出去巡行埃及地。5 在埃及地所有头生的都必死亡,就是从坐王位的法老的长子,直到推磨的婢女的长子,以及一切头生的牲畜都必死亡。6 在埃及全地必有大哀号;这样的哀号从前未曾有过,以后也必再没有。7 但是对于所有的以色列人,无论是人或是牲畜,连狗也不敢向他们叫吠;为要使你们知道耶和华是把埃及人和以色列人分别出来的’。8 你所有的臣仆都必下到我这里来,向我下跪说:‘你和所有跟从你的人民都出去吧’,然后我才出去。"于是摩西气忿忿地离开法老出去了。
9 耶和华对摩西说:"法老必不听你们的话,好使我的神迹在埃及地加增起来。"10 摩西和亚伦在法老面前行了这一切神迹;但耶和华使法老的心刚硬,所以他不肯让以色列人离开他的地。