1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အချင်းလူသား၊ သစ်တော၌ သစ်ခက် သာမညဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သားထက် မြတ်သောအရာ တစ်စုံတစ်ခုရှိသလော။ 3 တစ်စုံတစ်ခုကိုလုပ်အံ့သောငှာ စပျစ်နွယ်သားကို ယူတတ်သလော။ တစ်စုံတစ်ခုကို ဆွဲထားစရာတံစို့ကို စပျစ်နွယ်သားဖြင့် လုပ်တတ်သလော။ 4 ထင်းဖို့ မီးထဲသို့ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင်တတ်သလော။ 5 မီးမလောင်မီ အသုံးမဝင်လျှင်၊ မီးလောင်၍ကျွမ်းပြီးမှ အသုံးမဝင်ဟု သာ၍ဆိုဖွယ်ရှိသည် မဟုတ်လော။ 6 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တောသစ်ပင်တွင် မီးမွေးစရာထင်းဖို့ ငါအပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ်မည်။ 7 သူတို့တစ်ဖက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတစ်ပုံမှထွက်၍ တစ်ပုံ၌လောင်လိမ့်မည်။ သူတို့တစ်ဖက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 8 သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသောကြောင့်၊ ငါသည် သူတို့ပြည်ကို လူဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
1 And the word of Jehovah came unto me, saying, 2 Son of man, what is the wood of the vine more than any wood, the vine-branch, which is among the trees of the forest? 3 Shall wood be taken thereof to do any work? or will men take a pin of it to hang any vessel thereon? 4 Behold, it is given to the fire for fuel: the fire consumeth both the ends of it, and the midst of it is burned; is it fit for any work? 5 Behold, when it was whole, it was used for no work; how much less when the fire hath consumed it, and it is burned, should it yet be used for any work? 6 Therefore thus saith the Lord Jehovah: As the wood of the vine among the trees of the forest, which I have given to the fire for fuel, so will I give the inhabitants of Jerusalem. 7 And I will set my face against them: they shall go forth from one fire, and another fire shall devour them; and ye shall know that I am Jehovah when I set my face against them. 8 And I will make the land a desolation, because they have wrought unfaithfulness, saith the Lord Jehovah.