1 ထိုဗျာဒိတ်ရူပါရုံကို ငါသည်မြင်သောအခါ ပျပ်ဝပ်လျက်နေ၏။ တစ်ဦးသောသူကလည်း၊ အချင်းလူသား၊ မတ်တတ်နေလော့။ သင့်အား ငါပြောမည်ဟု ငါ့အားဆိုသံကို ငါကြား၏။ 2 ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကို ငါကြားသည်ကား၊ 3 အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုးတည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလအမျိုးသားတို့ ရှိရာသို့ သင့်ကိုငါစေလွှတ်မည်။ 4 ရဲသောမျက်နှာနှင့် ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အားပြောရမည်။ 5 သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။ 6 အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့စကားကို မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။ 7 သူတို့သည် အလွန်ပုန်ကန်တတ်သောသဘောရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကို သူတို့အား ဟောပြောရမည်။ 8 အချင်းလူသား၊ ငါပြောသောစကားကို နားထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန်သောသဘော မရှိနှင့်။ သင့်ပါးစပ်ကို ဖွင့်၍ ငါပေးသောအရာကို စားလော့ဟု မိန့်တော်မူလျှင်၊ 9 ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။ဗျာ၊ ၅:၁။10 ထိုစာလိပ်ကို ငါ့ရှေ့မှာဖွင့်ဖြန့်သောအခါ၊ တစ်ဖက်တစ်ချက်၌အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်းအချက်၊ စိတ်မသာညည်းတွားခြင်း အချက်၊ အမင်္ဂလာအချက်များ ပါသတည်း။
1 And he said unto me, Son of man, stand upon thy feet, and I will speak with thee. 2 And the Spirit entered into me when he spoke unto me, and set me upon my feet; and I heard him that spoke unto me. 3 And he said unto me, Son of man, I send thee to the children of Israel, to nations that are rebellious, which have rebelled against me: they and their fathers have transgressed against me unto this very day; 4 and these children are impudent and hard-hearted: I am sending thee unto them; and thou shalt say unto them, Thus saith the Lord Jehovah. 5 And they, whether they will hear or whether they will forbear — for they are a rebellious house — yet shall they know that there hath been a prophet among them.
6 And thou, son of man, be not afraid of them, and be not afraid of their words; for briars and thorns are with thee, and thou dwellest among scorpions: be not afraid of their words, and be not dismayed at their faces; for they are a rebellious house. 7 And thou shalt speak my words unto them, whether they will hear or whether they will forbear; for they are rebellious. 8 And thou, son of man, hear what I say unto thee; be not thou rebellious like that rebellious house: open thy mouth, and eat that I give thee. 9 And I looked, and behold, a hand was put forth toward me; and behold, a roll of a book therein. 10 And he spread it out before me; and it was written within and without; and there were written in it lamentations, and mourning, and woe.