1 ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရောဖက် ဇာခရိလူတို့သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။ဟဂ္ဂဲ၊ ၁:၁၊ဇာ၊ ၁:၁။2 ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဇဒက်သား ယောရှုသည် ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏။ဟဂ္ဂဲ၊ ၁:၁၂၊ဇာ၊ ၄:၆-၉။3 ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍လည်းကောင်း၊ 4 ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည်ကား အဘယ်သို့နည်း ဟူ၍လည်းကောင်း၊ မေးစစ်ကြသော်လည်း၊ 5 ဒါရိမင်း အမိန့်တော်မရောက်မီ အလုပ်အကိုင် မပြတ်စေခြင်းငှာ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကို ပေးလိုက်ကြ၏။
6 မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖော်၊ 7 မြစ်အနောက်ဘက်၌နေသော အဖာသသက်လူတို့သည်၊ ဒါရိမင်းကြီးထံသို့ ပေးလိုက်သော စာချက်ဟူမူကား၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။ 8 ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သောဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လုပ်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင်အမြန်လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ်တော်မူပါ။ 9 ဤအိမ်ကို တည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍လည်းကောင်း၊ 10 သူကြီးတို့၏ အမည်များကိုစာရင်းယူ၍ အထံတော်သို့ ပေးလိုက်ခြင်းငှာ၊ သူကြီးတို့၏ အမည်များကိုလည်းကောင်း၊ အသက်ကြီးသူတို့၌ မေးမြန်းသောအခါ။ 11 သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏ကျွန်တော် ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။ 12 ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သူတို့ကို ခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ်တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၏။၄ ရာ၊ ၂၅:၈-၁၂၊၆ ရာ၊ ၃၆:၁၇-၂၀၊ယေ၊ ၅၂:၁၂-၁၅။13 ဗာဗုလုန်ရှင်ဘုရင် ကုရုသည်၊ နန်းစံပထမနှစ်တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော်မူ၏။ဧဇ၊ ၁:၂-၁၁။14 နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ဗိမာန်ထဲက တစ်ဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော်မူလျက်၊ 15 ဤတန်ဆာတို့ကို ယူ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏အိမ်တော်ကို မိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊ 16 ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည်တည်လုပ်လျက် လက်စမသတ်သေးဟု ပြန်ပြောကြ၏။ 17 သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော်ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကို သိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာတော်တိုက်၌ ရှာဖွေစေခြင်းငှာ၊ အလိုတော်ရှိလျှင် ရှာဖွေစေတော်မူပါ။ နောက်တစ်ဖန် ဤအမှု၌ အလိုတော်ရှိသည်အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက်တော်မူပါဟု လျှောက်စာ၌ ပါသတည်း။
1 I profeti Aggeo e Zaccaria, figlio di Iddo, profetizzarono nel nome dell’Iddio d’Israele, ai Giudei che erano in Giuda e a Gerusalemme. 2 Allora Zorobabele, figlio di Sealtiel, e Iesua, figlio di Iosadac, si alzarono e ricominciarono a costruire la casa di Dio a Gerusalemme; e con loro c’erano i profeti di Dio, che li assistevano. 3 In quello stesso tempo giunsero da loro Tattenai, governatore di oltre il fiume, Setar-Boznai e i loro colleghi, e parlarono loro così: "Chi vi ha dato ordine di costruire questa casa e di rialzare queste mura?". 4 Poi aggiunsero: "Quali sono i nomi degli uomini che costruiscono questo edificio?". 5 Ma sugli anziani dei Giudei vegliava l’occhio del loro Dio e quelli non gli fecero cessare i lavori, finché la cosa non fosse stata sottoposta a Dario, e da lui fosse giunta una risposta in proposito. 6 Copia della lettera mandata al re Dario da Tattenai, governatore di oltre il fiume, da Setar-Boznai, e dai suoi colleghi, gli Afarsachiti, che erano oltre il fiume. 7 Gli inviarono un rapporto così elaborato: "Al re Dario, perfetta salute! 8 Sappia il re che noi siamo andati nella provincia di Giuda, alla casa del grande Dio. Essa si costruisce con blocchi di pietra, e nelle pareti si inserisce del legname; l’opera viene fatta con cura e progredisce nelle loro mani. 9 Noi abbiamo interrogato quegli anziani, e abbiamo parlato loro così: ‘Chi vi ha dato ordine di costruire questa casa e di rialzare queste mura?’. 10 Abbiamo anche domandato i loro nomi per notificarteli, mettendo per iscritto i nomi degli uomini che sono i loro capi. 11 E questa è la risposta che ci hanno dato: ‘Noi siamo i servi dell’Iddio del cielo e della terra, e ricostruiamo la casa che era stata costruita già molti anni fa: un grande re d’Israele l’aveva costruita e compiuta. 12 Ma poiché i nostri padri hanno provocato a ira l’Iddio del cielo, Iddio li diede in mano di Nabucodonosor, re di Babilonia, il Caldeo, il quale distrusse questa casa, e deportò il popolo a Babilonia. 13 Ma il primo anno di Ciro, re di Babilonia, il re Ciro diede ordine che questa casa di Dio fosse ricostruita. 14 E il re Ciro prese dal tempio di Babilonia gli utensili d’oro e d’argento della casa di Dio, che Nabucodonosor aveva portato via dal tempio di Gerusalemme e trasportato nel tempio di Babilonia; li fece consegnare a uno chiamato Sesbasar, che lui aveva fatto governatore, e gli disse: 15 Prendi questi utensili, va’ a riporli nel tempio di Gerusalemme, e la casa di Dio sia ricostruita dove era. 16 Allora lo stesso Sesbasar venne e gettò le fondamenta della casa di Dio a Gerusalemme; da quel tempo fino a ora essa è in costruzione, ma non è ancora finita’. 17 Dunque, se così piace al re, si facciano delle ricerche nella casa dei tesori del re a Babilonia, per accertare se vi sia stato un ordine dato dal re Ciro per la costruzione di questa casa a Gerusalemme; e ci trasmetta il re la sua decisione a riguardo".