1 အို ဣသရေလအမျိုး၊ တစ်ပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသောစိတ်ရှိ၍ မခုန်နှင့်။ ကိုယ်ဘုရားသခင်၌ မဆည်းကပ်၊ အခြားသောဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ်သက်တတ်၏။ 2 ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ။ စပျစ်ရည်သစ်လည်း သူတို့ မျှော်လင့်သည်အတိုင်း မထွက်ရ။ 3 ဧဖရိမ်အမျိုးသားတို့သည် ထာဝရဘုရား၏မြေတော်၌မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား၍၊ အာရှုရိပြည်၌ မစင်ကြယ်သောအစာကို စားရကြမည်။ 4 စပျစ်ရည်သွန်းလောင်းရာ ပူဇော်သကာကို ထာဝရဘုရားအား မပြုရကြ။ ပူဇော်သောယဇ်တို့ကို နှစ်သက်တော်မမူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသော သူတို့၏အစာကဲ့သို့ဖြစ်၍၊ စားသောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့အစာကို ကိုယ်တိုင်စားကြစေ။ ထာဝရဘုရား၏အိမ်တော်ထဲသို့ မသွင်းစေနှင့်။ 5 ဓမ္မပွဲနေ့၊ ထာဝရဘုရားအဖို့ ဆောင်သော ပွဲနေ့တို့၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း။ 6 ပျက်စီးရာထဲက သူတို့သည် ထွက်သွားကြပြီ။ အဲဂုတ္တုပြည်၌စု၍ မင်ဖိမြို့၌ သင်္ဂြိုဟ်ကြလိမ့်မည်။ ငွေတန်ဆာဆင်သော နေရာဘုံဗိမာန်များကို ဆူးအမျိုးမျိုးတို့သည် လွှမ်းမိုးကြလိမ့်မည်။ 7 စစ်ကြောရသော အချိန်ရောက်လေပြီ။ အပြစ်ပေးရသောအချိန် ရောက်လေပြီ။ ဣသရေလအမျိုး သိရလိမ့်မည်။ ပရောဖက်သည် အမိုက်ဖြစ်၏။ ဝိညာဉ်ဆုကျေးဇူးကိုခံသောသူသည် အရူးဖြစ်၏။ သင်၌ အပြစ်ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ၏။လု၊ ၂၁:၂၂။8 ဧဖရိမ်ကင်းစောင့်သည် မိမိဘုရားဘက်မှာ နေ၏။ ပရောဖက်သည် ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်း ဖြစ်၏။ သူ၏ဘုရားအိမ်တွင် ဘေးပြုသောသူ ဖြစ်၏။ 9 ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ။ သူတို့အပြစ်ကို အောက်မေ့၍ ဒုစရိုက်များကို စစ်ကြောတော်မူမည်။သူကြီး၊ ၁၉:၁-၃၀။
10 တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါတွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရဘုရားထံသို့သွား၍၊ ထိုရှက်ဖွယ်သောအရာအဖို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို ပြုကြ၏။တော၊ ၂၅:၁-၅။11 ဧဖရိမ်၏ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည်။ သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိသန္ဓေယူခြင်း မရှိရ။ 12 သားသမီးတို့ကို ကျွေးမွေးသော်လည်း၊ တစ်ယောက်ကိုမျှ မကျန်စေခြင်းငှာ ငါလုယူမည်။ အကယ်၍ သူတို့ကို ငါစွန့်ပစ်သောအခါ အမင်္ဂလာရှိကြလိမ့်မည်။ 13 ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက်သို့ အပ်ရလိမ့်မည်။ 14 အို ထာဝရဘုရား၊ ပေးသနားတော်မူပါ။ အဘယ်သို့ ပေးတော်မူရမည်နည်း။ ကိုယ်ဝန်မဆောင်သော ဝမ်း၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ။
15 ဂိလဂါလမြို့၌ သူတို့ပြုသမျှသောဒုစရိုက်ရှိ၍၊ ထိုအရပ်၌ သူတို့ကို ငါမုန်း၏။ သူတို့ဒုစရိုက်အပြစ်ကြောင့် ငါ့အိမ်မှ ငါနှင်ထုတ်မည်။ နောက်တစ်ဖန် သူတို့ကိုမချစ်။ သူတို့ မင်းအပေါင်းတို့သည် ပုန်ကန်တတ်သောသူ ဖြစ်ကြ၏။ 16 ဧဖရိမ်သည် အထိအခိုက်ခံရသောကြောင့်၊ အမြစ်သွေ့ခြောက်လျက်ရှိ၍ အသီးကို မသီးနိုင်ရာ။ သားဖွားသော်လည်း၊ အချစ်ဆုံးသောသားတို့ကို ငါသတ်မည်။ 17 ငါ့ဘုရားသခင်၏ စကားတော်ကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍၊ သူတို့သည် တစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည်။
1 Non ti rallegrare, o Israele, fino all’esultanza, come i popoli; poiché ti sei prostituito, abbandonando il tuo Dio; hai amato il salario della prostituzione sopra tutte le aie da frumento! 2 L’aia e il frantoio non li nutriranno e il mosto deluderà la loro speranza. 3 Non abiteranno nel paese dell’Eterno, ma Efraim tornerà in Egitto e in Assiria, mangeranno cibi impuri. 4 Non faranno più libazioni di vino all’Eterno e i loro sacrifici non gli saranno graditi; saranno per loro come un cibo di lutto; chiunque ne mangerà sarà contaminato; poiché il loro pane sarà per loro soltanto, non entrerà nella casa dell’Eterno. 5 Che farete nei giorni delle solennità e nei giorni di festa dell’Eterno? 6 Poiché, ecco, essi se ne vanno a causa della devastazione; l’Egitto li raccoglierà, Menfi li seppellirà; le loro cose preziose, comprate con denaro, le possederanno le ortiche; le spine cresceranno nelle loro tende. 7 I giorni della punizione vengono; vengono i giorni della retribuzione; Israele lo saprà! Il profeta impazzisce, l’uomo ispirato è in delirio, a causa della grandezza della tua iniquità e della grandezza della tua ostilità: 8 Efraim fa la sentinella davanti al mio Dio; ma il profeta trova un laccio di uccellatore su tutte le sue vie, e ostilità nella casa del suo Dio. 9 Essi si sono profondamente corrotti come ai giorni di Ghibea! L’Eterno si ricorderà della loro iniquità, punirà i loro peccati.
10 "Io trovai Israele come uva nel deserto; vidi i vostri padri come i fichi primaticci di un fico al suo primo frutto; ma, appena giunsero a Baal-Peor, si appartarono per darsi alla vergogna degli idoli e diventarono abominevoli come la cosa che amavano. 11 La gloria di Efraim volerà via come un uccello; non più nascite, non più gravidanze, non più concepimenti! 12 Anche se allevano i loro figli, io li priverò di essi, in modo che non rimanga loro nessun uomo; sì, guai a loro quando li abbandonerò! 13 Quando allungo lo sguardo fino a Tiro, vedo Efraim piantato in un luogo gradevole; ma Efraim dovrà condurre i suoi figli a colui che li ucciderà". 14 Da’ loro, o Eterno! Che darai loro? Da’ loro un seno che abortisce e delle mammelle asciutte. 15 "Tutta la loro malvagità è a Ghilgal; là li ho presi in odio. Per la malvagità delle loro azioni io li scaccerò dalla mia casa; non li amerò più; tutti i loro capi sono ribelli. 16 Efraim è colpito, la sua radice è seccata; essi non faranno più frutto; anche se generassero, io farei morire i cari frutti del loro grembo". 17 Il mio Dio li rigetterà, perché non gli hanno dato ascolto; essi andranno errando fra le nazioni.