1 ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်းသို့လိုက်လျက်၊ ဗေသလတောင်တစ်လျှောက်လုံးသွားသဖြင့်၊ 2 ဗေသလလုဇမြို့သို့လည်းကောင်း၊ အာခိအတရုတ်မြို့သို့လည်းကောင်း၊ 3 အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့လည်းကောင်း၊ အောက်ဗက်ဟောရုန်မြို့သို့လည်းကောင်း၊ ဂေဇာမြို့သို့လည်းကောင်း ရောက်၍ ပင်လယ်၌ဆုံးလေ၏။ 4 ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့သည် အမွေခံရကြ၏။
5 ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ်အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊ 6 မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ထွက်၏။ တစ်ဖန် အရှေ့သို့မျက်နှာပြု၍ တာနတ်ရှိလောမြို့ အရှေ့မှာလျှောက်လျက်၊ 7 ယနောဟမြို့သို့လည်းကောင်း၊ ယနောဟမြို့မှ အတရုတ်မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့လည်းကောင်း ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ 8 တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။ 9 ဤရွေ့ကား၊ မနာရှေအမျိုးသားတို့ အမွေခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဖို့ ခွဲထားသောမြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသောမြို့ရွာများ ဖြစ်သတည်း။ 10 ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။သူကြီး၊ ၁:၂၉။
1 La parte toccata in sorte ai figli di Giuseppe si estendeva dal Giordano presso Gerico, verso le acque di Gerico a oriente, seguendo il deserto che sale da Gerico a Betel per la regione montuosa. 2 Il confine continuava poi da Betel a Luz, e passava per la frontiera degli Archei ad Atarot, 3 scendeva a occidente verso il confine dei Giafletei fino al confine di Bet-Oron inferiore e fino a Ghezer, e terminava al mare. 4 I figli di Giuseppe, Manasse ed Efraim, ebbero ciascuno la loro eredità. 5 Questi furono i confini dei figli di Efraim, secondo le loro famiglie. Il confine della loro eredità era, a oriente, Aterot-Addar, fino a Bet-Oron disopra; 6 continuava, dal lato occidentale, verso Micmetat al nord, girava a oriente verso Taanat-Silo e le passava davanti, a oriente di Ianoa. 7 Poi da Ianoa scendeva ad Atarot e a Naara, toccava Gerico, e terminava al Giordano. 8 Da Tappua il confine andava verso occidente fino al torrente di Cana, per terminare al mare. Questa fu l’eredità della tribù dei figli di Efraim, secondo le loro famiglie, 9 con l’aggiunta delle città, tutte città con i loro villaggi, messe da parte per i figli di Efraim in mezzo all’eredità dei figli di Manasse. 10 Ora essi non scacciarono i Cananei che abitavano a Ghezer; e i Cananei hanno dimorato in mezzo a Efraim fino al giorno d’oggi, ma sono stati soggetti a servitù.