1 တစ်ဖန် ထာဝရဘုရားသည် ယောရှုကို ခေါ်တော်မူ၍၊ 2 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည်အတိုင်း၊ 3 လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။ 4 ထိုမြို့ တစ်စုံတစ်မြို့သို့ ပြေးသောသူသည် မြို့တံခါးဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြားပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။ 5 သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူကား၊ ထိုသူသည် မိမိအဖော်ကို အငြိုးမထားဘဲ အမှတ်တမဲ့သတ်မိ၏။ 6 ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရားစီရင်ခြင်းကို မခံမီသော်လည်းကောင်း၊ ထိုကာလ ယဇ်ပုရောဟိတ်မင်း မသေမီသော်လည်းကောင်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊ 7 သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒတောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့တို့ကိုလည်းကောင်း၊ 8 ယော်ဒန်မြစ်တစ်ဖက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန်မြို့တို့ကိုလည်းကောင်း ရွေးထားကြ၏။ 9 ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေသောသူလက်နှင့် လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မီတိုင်အောင် ပြေးရသောအခွင့်ရှိစေခြင်းငှာ ရွေးထားသောမြို့ ဖြစ်သတည်း။တော၊ ၃၅:၆-၃၂၊တရား၊ ၄:၄၁-၄၃၊၁၉:၁-၁၃။
1 Poi l’Eterno parlò a Giosuè, dicendo: "Parla ai figli d’Israele e di’ loro: 2 Stabilitevi le città di rifugio, delle quali vi parlai per mezzo di Mosè, 3 affinché l’omicida che avrà ucciso qualcuno senza averne l’intenzione, vi si possa rifugiare; esse vi serviranno di rifugio contro il vendicatore del sangue. 4 L’omicida si rifugerà in una di quelle città e, fermatosi all’ingresso della porta della città, esporrà il suo caso agli anziani di quella città; questi lo accoglieranno presso di loro dentro la città, gli daranno una dimora, ed egli si stabilirà fra loro. 5 E se il vendicatore del sangue lo inseguirà, essi non gli daranno nelle mani l’omicida, poiché ha ucciso il prossimo senza averne l’intenzione, senza averlo odiato prima. 6 L’omicida rimarrà in quella città finché, alla morte del sommo sacerdote che sarà in funzione in quei giorni, comparirà in giudizio davanti alla comunità. Allora l’omicida potrà tornarsene, e rientrare nella sua città e nella sua casa, nella città da dove era fuggito". 7 Essi dunque consacrarono Chedes in Galilea nella regione montuosa di Neftali, Sichem nella regione montuosa di Efraim e Chiriat-Arba, che è Ebron, nella regione montuosa di Giuda. 8 E di là dal Giordano, a oriente di Gerico, stabilirono, nella tribù di Ruben, Beser, nel deserto, nell’altopiano; Ramot, in Galaad, nella tribù di Gad, e Golan in Basan, nella tribù di Manasse. 9 Queste furono le città assegnate a tutti i figli d’Israele e allo straniero residente fra loro, affinché chiunque avesse ucciso qualcuno involontariamente potesse rifugiarvisi e non morisse per mano del vendicatore del sangue, prima di essere comparso davanti alla comunità.