Les Égyptiens et les Éthiopiens captifs du roi d’Assyrie
1 L’année où Tharthan, envoyé par Sargon, roi d’Assyrie, vint assiéger Asdod et s’en empara, 2 en ce temps-là l’Éternel adressa la parole à Ésaïe, fils d’Amots, et lui dit: Va, détache le sac de tes reins et ôte tes souliers de tes pieds. Il fit ainsi, marcha nu et déchaussé. 3 Et l’Éternel dit: De même que mon serviteur Ésaïe marche nu et déchaussé, ce qui sera dans trois ans un signe et un présage pour l’Égypte et pour l’Éthiopie, 4 de même le roi d’Assyrie emmènera de l’Égypte et de l’Éthiopie captifs et exilés les jeunes hommes et les vieillards, nus et déchaussés, et le dos découvert, à la honte de l’Égypte. 5 Alors on sera dans l’effroi et dans la confusion, à cause de l’Éthiopie en qui l’on avait mis sa confiance, et de l’Égypte dont on se glorifiait. 6 Et les habitants de cette côte diront en ce jour: Voilà ce qu’est devenu l’objet de notre attente, sur lequel nous avions compté pour être secourus, pour être délivrés du roi d’Assyrie! Comment échapperons-nous?
အဝတ်မတ်သောပရောဖက်
1 အာရှုရိရှင်ဘုရင် သာဂုန်စေလွှတ်သောဗိုလ်မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ်ကြံသောနှစ်တွင်၊ 2 ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်းသောလျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူသည်ပြု၍ အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာလျက်နေ၏။ 3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဖွယ်သောအရာကို ပြခြင်းငှာ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊ 4 ထိုနည်းတူ၊ အဲဂုတ္တုလူများကို အရှက်ခွဲခြင်းအလိုငှာ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှလူအကြီးအငယ်တို့အား အဝတ်နှင့်ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဖမ်းဆီးချုပ်ထားသိမ်းသွားလိမ့်မည်။ 5 အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ကိုးစားသော ကုရှပြည်ကိုလည်းကောင်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကိုလည်းကောင်း ရှက်ကြလိမ့်မည်။ 6 ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏လက်မှလွတ်ခြင်းငှာ ငါတို့ မျှော်လင့်ရာအရာ၊ ပြေး၍ ခိုလှုံရာအရာသည် ထိုသို့ ဖြစ်ပါသည်တကား။ ငါတို့သည် အဘယ်သို့လွတ်နိုင်ပါမည်နည်းဟု ထိုအခါ ဆိုကြလိမ့်မည်။