1 סְבָבֻ֤נִי בְכַ֨חַשׁ֙ אֶפְרַ֔יִם וּבְמִרְמָ֖ה בֵּ֣ית יִשְׂרָאֵ֑ל וִֽיהוּדָ֗ה עֹ֥ד רָד֙ עִם־אֵ֔ל וְעִם־קְדוֹשִׁ֖ים נֶאֱמָֽן׃ 2 אֶפְרַ֜יִם רֹעֶ֥ה ר֨וּחַ֙ וְרֹדֵ֣ף קָדִ֔ים כָּל־הַיּ֕וֹם כָּזָ֥ב וָשֹׁ֖ד יַרְבֶּ֑ה וּבְרִית֙ עִם־אַשּׁ֣וּר יִכְרֹ֔תוּ וְשֶׁ֖מֶן לְמִצְרַ֥יִם יוּבָֽל׃ 3 וְרִ֥יב לַֽיהוָ֖ה עִם־יְהוּדָ֑ה וְלִפְקֹ֤ד עַֽל־יַעֲקֹב֙ כִּדְרָכָ֔יו כְּמַעֲלָלָ֖יו יָשִׁ֥יב לֽוֹ׃ 4 בַּבֶּ֖טֶן עָקַ֣ב אֶת־אָחִ֑יו וּבְאוֹנ֖וֹ שָׂרָ֥ה אֶת־אֱלֹהִֽים׃ 5 וָיָּ֤שַׂר אֶל־מַלְאָךְ֙ וַיֻּכָ֔ל בָּכָ֖ה וַיִּתְחַנֶּן־ל֑וֹ בֵּֽית־אֵל֙ יִמְצָאֶ֔נּוּ וְשָׁ֖ם יְדַבֵּ֥ר עִמָּֽנוּ׃ 6 וַֽיהוָ֖ה אֱלֹהֵ֣י הַצְּבָא֑וֹת יְהוָ֖ה זִכְרֽוֹ׃ 7 וְאַתָּ֖ה בֵּאלֹהֶ֣יךָ תָשׁ֑וּב חֶ֤סֶד וּמִשְׁפָּט֙ שְׁמֹ֔ר וְקַוֵּ֥ה אֶל־אֱלֹהֶ֖יךָ תָּמִֽיד׃ 8 כְּנַ֗עַן בְּיָד֛וֹ מֹאזְנֵ֥י מִרְמָ֖ה לַעֲשֹׁ֥ק אָהֵֽב׃ 9 וַיֹּ֣אמֶר אֶפְרַ֔יִם אַ֣ךְ עָשַׁ֔רְתִּי מָצָ֥אתִי א֖וֹן לִ֑י כָּל־יְגִיעַ֕י לֹ֥א יִמְצְאוּ־לִ֖י עָוֺ֥ן אֲשֶׁר־חֵֽטְא׃ 10 וְאָנֹכִ֛י יְהוָ֥ה אֱלֹהֶ֖יךָ מֵאֶ֣רֶץ מִצְרָ֑יִם עֹ֛ד אוֹשִֽׁיבְךָ֥ בָאֳהָלִ֖ים כִּימֵ֥י מוֹעֵֽד׃ 11 וְדִבַּ֨רְתִּי֙ עַל־הַנְּבִיאִ֔ים וְאָנֹכִ֖י חָז֣וֹן הִרְבֵּ֑יתִי וּבְיַ֥ד הַנְּבִיאִ֖ים אֲדַמֶּֽה׃ 12 אִם־גִּלְעָ֥ד אָ֨וֶן֙ אַךְ־שָׁ֣וְא הָי֔וּ בַּגִּלְגָּ֖ל שְׁוָרִ֣ים זִבֵּ֑חוּ גַּ֤ם מִזְבְּחוֹתָם֙ כְּגַלִּ֔ים עַ֖ל תַּלְמֵ֥י שָׂדָֽי׃ 13 וַיִּבְרַ֥ח יַעֲקֹ֖ב שְׂדֵ֣ה אֲרָ֑ם וַיַּעֲבֹ֤ד יִשְׂרָאֵל֙ בְּאִשָּׁ֔ה וּבְאִשָּׁ֖ה שָׁמָֽר׃ 14 וּבְנָבִ֕יא הֶעֱלָ֧ה יְהוָ֛ה אֶת־יִשְׂרָאֵ֖ל מִמִּצְרָ֑יִם וּבְנָבִ֖יא נִשְׁמָֽר׃ 15 הִכְעִ֥יס אֶפְרַ֖יִם תַּמְרוּרִ֑ים וְדָמָיו֙ עָלָ֣יו יִטּ֔וֹשׁ וְחֶ֨רְפָּת֔וֹ יָשִׁ֥יב ל֖וֹ אֲדֹנָֽיו׃
ဧဖရိမ်၏မှားယွင်းခြင်း
1 ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့လေကို လိုက်တတ်၏။ နေ့တိုင်း မုသားစကားနှင့် ပျက်စီးခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့နှင့် မိတ်သဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။ 2 ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရားတွေ့မှု ရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။ 3 ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။က၊ ၂၅:၂၆။4 ကောင်းကင်တမန်နှင့် ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားကို ဗေသလမြို့မှာဖူးတွေ့၍၊ ငါတို့အဖို့ ဗျာဒိတ်တော်ကို ခံလေ၏။က၊ ၃၂:၂၄-၂၆။က၊ ၂၈:၁၀-၂၂။5 ထာဝရဘုရားတည်းဟူသောနာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။ 6 သို့ဖြစ်၍၊ သင်၏ဘုရားသခင့် ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကိုစောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ်မျှော်လင့်လော့။
စီရင်ချက်ကိုဆက်လက်ဖော်ပြခြင်း
7 သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင်ကို ကိုင်တတ်၏။ သူတစ်ပါးကို ညှဉ်းဆဲခြင်းငှာ အလိုရှိ၏။ 8 သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍မတွေ့ရာဟု ဆိုလိမ့်မည်။ 9 ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော သင်၏ဘုရားသခင် ဖြစ်၏။ ဓမ္မပွဲခံစဉ်တွင် နေတတ်သကဲ့သို့ တစ်ဖန် တဲတို့၌ နေစေမည်။ဝတ်၊ ၂၃:၄၂-၄၃။10 ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာသော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာတို့ကို ထားပြီ။ 11 ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့သည် အကျိုးနည်း ရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ်ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။ 12 ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလသည် မယားကိုရခြင်းငှာ အစေကျွန်ခံ၍ သိုးစုကို ထိန်းရလေ၏။က၊ ၂၉:၁-၂၀။13 ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှကယ်နုတ်၍၊ ပရောဖက်အားဖြင့်လည်း စောင့်မတော်မူ၏။ထွ၊ ၁၂:၅၀-၅၁14 ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သောအပြစ်သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်းအပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။