1 גֶּ֤פֶן בּוֹקֵק֙ יִשְׂרָאֵ֔ל פְּרִ֖י יְשַׁוֶּה־לּ֑וֹ כְּרֹ֣ב לְפִרְי֗וֹ הִרְבָּה֙ לַֽמִּזְבְּח֔וֹת כְּט֣וֹב לְאַרְצ֔וֹ הֵיטִ֖יבוּ מַצֵּבֽוֹת׃ 2 חָלַ֥ק לִבָּ֖ם עַתָּ֣ה יֶאְשָׁ֑מוּ ה֚וּא יַעֲרֹ֣ף מִזְבְּחוֹתָ֔ם יְשֹׁדֵ֖ד מַצֵּבוֹתָֽם׃ 3 כִּ֤י עַתָּה֙ יֹֽאמְר֔וּ אֵ֥ין מֶ֖לֶךְ לָ֑נוּ כִּ֣י לֹ֤א יָרֵ֨אנוּ֙ אֶת־יְהֹוָ֔ה וְהַמֶּ֖לֶךְ מַה־יַּֽעֲשֶׂה־לָּֽנוּ׃ 4 דִּבְּר֣וּ דְבָרִ֔ים אָל֥וֹת שָׁ֖וְא כָּרֹ֣ת בְּרִ֑ית וּפָרַ֤ח כָּרֹאשׁ֙ מִשְׁפָּ֔ט עַ֖ל תַּלְמֵ֥י שָׂדָֽי׃ 5 לְעֶגְלוֹת֙ בֵּ֣ית אָ֔וֶן יָג֖וּרוּ שְׁכַ֣ן שֹֽׁמְר֑וֹן כִּי־אָבַ֨ל עָלָ֜יו עַמּ֗וֹ וּכְמָרָיו֙ עָלָ֣יו יָגִ֔ילוּ עַל־כְּבוֹד֖וֹ כִּֽי־גָלָ֥ה מִמֶּֽנּוּ׃ 6 גַּם־אוֹתוֹ֙ לְאַשּׁ֣וּר יוּבָ֔ל מִנְחָ֖ה לְמֶ֣לֶךְ יָרֵ֑ב בָּשְׁנָה֙ אֶפְרַ֣יִם יִקָּ֔ח וְיֵב֥וֹשׁ יִשְׂרָאֵ֖ל מֵעֲצָתֽוֹ׃ 7 נִדְמֶ֥ה שֹׁמְר֖וֹן מַלְכָּ֑הּ כְּקֶ֖צֶף עַל־פְּנֵי־מָֽיִם׃ 8 וְנִשְׁמְד֞וּ בָּמ֣וֹת אָ֗וֶן חַטַּאת֙ יִשְׂרָאֵ֔ל ק֣וֹץ וְדַרְדַּ֔ר יַעֲלֶ֖ה עַל־מִזְבְּחוֹתָ֑ם וְאָמְר֤וּ לֶֽהָרִים֙ כַּסּ֔וּנוּ וְלַגְּבָע֖וֹת נִפְל֥וּ עָלֵֽינוּ׃ ס 9 מִימֵי֙ הַגִּבְעָ֔ה חָטָ֖אתָ יִשְׂרָאֵ֑ל שָׁ֣ם עָמָ֔דוּ לֹֽא־תַשִּׂיגֵ֧ם בַּגִּבְעָ֛ה מִלְחָמָ֖ה עַל־בְּנֵ֥י עַֽלְוָֽה׃ 10 בְּאַוָּתִ֖י וְאֶסֳּרֵ֑ם וְאֻסְּפ֤וּ עֲלֵיהֶם֙ עַמִּ֔ים בְּאָסְרָ֖ם לִשְׁתֵּ֥י עינתם׃ 11 וְאֶפְרַ֜יִם עֶגְלָ֤ה מְלֻמָּדָה֙ אֹהַ֣בְתִּי לָד֔וּשׁ וַאֲנִ֣י עָבַ֔רְתִּי עַל־ט֖וּב צַוָּארָ֑הּ אַרְכִּ֤יב אֶפְרַ֨יִם֙ יַחֲר֣וֹשׁ יְהוּדָ֔ה יְשַׂדֶּד־ל֖וֹ יַעֲקֹֽב׃ 12 זִרְע֨וּ לָכֶ֤ם לִצְדָקָה֙ קִצְר֣וּ לְפִי־חֶ֔סֶד נִ֥ירוּ לָכֶ֖ם נִ֑יר וְעֵת֙ לִדְר֣וֹשׁ אֶת־יְהוָ֔ה עַד־יָב֕וֹא וְיֹרֶ֥ה צֶ֖דֶק לָכֶֽם׃ 13 חֲרַשְׁתֶּם־רֶ֛שַׁע עַוְלָ֥תָה קְצַרְתֶּ֖ם אֲכַלְתֶּ֣ם פְּרִי־כָ֑חַשׁ כִּֽי־בָטַ֥חְתָּ בְדַרְכְּךָ֖ בְּרֹ֥ב גִּבּוֹרֶֽיךָ׃ 14 וְקָ֣אם שָׁאוֹן֮ בְּעַמֶּךָ֒ וְכָל־מִבְצָרֶ֣יךָ יוּשַּׁ֔ד כְּשֹׁ֧ד שַֽׁלְמַ֛ן בֵּ֥ית אַֽרְבֵ֖אל בְּי֣וֹם מִלְחָמָ֑ה אֵ֥ם עַל־בָּנִ֖ים רֻטָּֽשָׁה׃ 15 כָּ֗כָה עָשָׂ֤ה לָכֶם֙ בֵּֽית־אֵ֔ל מִפְּנֵ֖י רָעַ֣ת רָֽעַתְכֶ֑ם בַּשַּׁ֕חַר נִדְמֹ֥ה נִדְמָ֖ה מֶ֥לֶךְ יִשְׂרָאֵֽל׃
1 ဣသရေလသည် အသီးများစွာသီးသော စပျစ်နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင်တို့ကို များပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသောရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။ 2 သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ချင်း အပြစ်ဒဏ်ကိုခံရကြမည်။ သူတို့ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင်ဖြိုချ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။ 3 ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သောကြောင့် ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဖို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ချင်းဆိုရကြမည်။ 4 သူတို့ ကျိန်ဆိုသောစကားသည် စကားသက်သက်ဖြစ်၍၊ မိတ်သဟာယဖွဲ့သောအခါ မုသားစကားကိုသာ ပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့်မည်။ 5 ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ်အဖို့ ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ၏တကာတို့သည် ငိုကြွေးမြည်တမ်း၍၊ ယဇ်ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊ 6 နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီးလျှင်၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည်။ ဧဖရိမ်သည် အသရေပျက်၍ ဣသရေလသည် မိမိအကြံအစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည်။ 7 ရှမာရိသည် ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ်၏။ 8 ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အို တောင်များတို့၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အို ကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။လု၊ ၂၃:၃၀။ ဗျာ၊ ၆:၁၆။
ဣသရေလတို့ကိုစီရင်ချက်ချခြင်း
9 ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ၍ ကြီး၏။ ထိုမြို့၌ ရပ်နေကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ။သူကြီး၊ ၁၉:၁-၃၀။10 ငါသည် ကိုယ်အလိုအလျောက် သူတို့ကို ဆုံးမမည်။ သူတို့အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသောအခါ၊ သူတို့တစ်ဖက်၌ လူများ စည်းဝေးရကြလိမ့်မည်။ 11 ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းပိုးကို ထမ်းစေသဖြင့်၊ ဧဖရိမ်သည် ကခြင်းကိုခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကိုခွဲလျက် ရှိရလိမ့်မည်။ 12 ကိုယ်အဖို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေးသော လယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်းမိုးကို ရွာစေတော်မမူမီ တိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။ယေ၊ ၄:၃။13 သင်တို့သည် ဒုစရိုက်မျိုးစေ့ကိုကြဲလို၍ လယ်ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသားအသီးအနှံကို စားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံစည် ပြုမူခြင်းကိုလည်းကောင်း၊ ကိုယ်၌ များစွာသော သူရဲတို့ကိုလည်းကောင်း ကိုးစားတတ်၏။ 14 ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြလိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ်တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှတို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။ 15 ထိုသို့ ဗေသလသည် သင်တို့ ဒုစရိုက်အပြစ်များကြောင့် သင်တို့၌ ပြုလိမ့်မည်။ နံနက်အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလရှင်ဘုရင်သည် ရှင်းရှင်းကွယ်ပျောက်ရလိမ့်မည်။