1 כִּ֛י נַ֥עַר יִשְׂרָאֵ֖ל וָאֹהֲבֵ֑הוּ וּמִמִּצְרַ֖יִם קָרָ֥אתִי לִבְנִֽי׃ 2 קָרְא֖וּ לָהֶ֑ם כֵּ֚ן הָלְכ֣וּ מִפְּנֵיהֶ֔ם לַבְּעָלִ֣ים יְזַבֵּ֔חוּ וְלַפְּסִלִ֖ים יְקַטֵּרֽוּן׃ 3 וְאָנֹכִ֤י תִרְגַּ֨לְתִּי֙ לְאֶפְרַ֔יִם קָחָ֖ם עַל־זְרֽוֹעֹתָ֑יו וְלֹ֥א יָדְע֖וּ כִּ֥י רְפָאתִֽים׃ 4 בְּחַבְלֵ֨י אָדָ֤ם אֶמְשְׁכֵם֙ בַּעֲבֹת֣וֹת אַהֲבָ֔ה וָאֶהְיֶ֥ה לָהֶ֛ם כִּמְרִ֥ימֵי עֹ֖ל עַ֣ל לְחֵיהֶ֑ם וְאַ֥ט אֵלָ֖יו אוֹכִֽיל׃ 5 לֹ֤א יָשׁוּב֙ אֶל־אֶ֣רֶץ מִצְרַ֔יִם וְאַשּׁ֖וּר ה֣וּא מַלְכּ֑וֹ כִּ֥י מֵאֲנ֖וּ לָשֽׁוּב׃ 6 וְחָלָ֥ה חֶ֨רֶב֙ בְּעָרָ֔יו וְכִלְּתָ֥ה בַדָּ֖יו וְאָכָ֑לָה מִֽמֹּעֲצ֖וֹתֵיהֶֽם׃ 7 וְעַמִּ֥י תְלוּאִ֖ים לִמְשֽׁוּבָתִ֑י וְאֶל־עַל֙ יִקְרָאֻ֔הוּ יַ֖חַד לֹ֥א יְרוֹמֵם׃ 8 אֵ֞יךְ אֶתֶּנְךָ֣ אֶפְרַ֗יִם אֲמַגֶּנְךָ֙ יִשְׂרָאֵ֔ל אֵ֚יךְ אֶתֶּנְךָ֣ כְאַדְמָ֔ה אֲשִֽׂימְךָ֖ כִּצְבֹאיִ֑ם נֶהְפַּ֤ךְ עָלַי֙ לִבִּ֔י יַ֖חַד נִכְמְר֥וּ נִחוּמָֽי׃ 9 לֹ֤א אֶֽעֱשֶׂה֙ חֲר֣וֹן אַפִּ֔י לֹ֥א אָשׁ֖וּב לְשַׁחֵ֣ת אֶפְרָ֑יִם כִּ֣י אֵ֤ל אָֽנֹכִי֙ וְלֹא־אִ֔ישׁ בְּקִרְבְּךָ֣ קָד֔וֹשׁ וְלֹ֥א אָב֖וֹא בְּעִֽיר׃ 10 אַחֲרֵ֧י יְהוָ֛ה יֵלְכ֖וּ כְּאַרְיֵ֣ה יִשְׁאָ֑ג כִּֽי־ה֣וּא יִשְׁאַ֔ג וְיֶחֶרְד֥וּ בָנִ֖ים מִיָּֽם׃ 11 יֶחֶרְד֤וּ כְצִפּוֹר֙ מִמִּצְרַ֔יִם וּכְיוֹנָ֖ה מֵאֶ֣רֶץ אַשּׁ֑וּר וְהוֹשַׁבְתִּ֥ים עַל־בָּתֵּיהֶ֖ם נְאֻם־יְהוָֽה׃ ס
ဘုရားသခင်၏မေတ္တာ
1 ဣသရေလသည် အသက်ငယ်သောအခါ ငါသည် ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ။ထွ၊ ၄:၂၂။ မ၊ ၂:၁၅။2 သူတို့ကို ခေါ်သောသူတို့ထံမှ ထွက်သွားကြ၏။ ဗာလဘုရားတို့အား ယဇ်ပူဇော်၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ၏။ 3 ငါသည် သွားတတ်သောအတတ်ကို ဧဖရိမ်အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မခြင်းကျေးဇူးကို သူသည် မသိဘဲနေ၏။ 4 လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းပိုးကိုရွှေ့၍ ဖြည်းညင်းစွာ ကျွေး၏။ 5 အထံတော်သို့ မပြန်မလာဟု သူသည် ငြင်းသောကြောင့်၊ အဲဂုတ္တုပြည်သို့ ပြန်၍မသွားရ။ အာရှုရိမင်းသည် သူတို့ကို အုပ်စိုးရလိမ့်မည်။ 6 ဓားဘေးသည် သူ့နေရာမြို့တို့အပေါ်သို့ ရောက်၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည်။ သူတို့ ကြံစည်ခြင်းအားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည်။ 7 ငါ၏လူတို့သည် ငါ့ထံမှလွှဲမြဲလွှဲကြ၏။ အမြင့်ဆုံးသော ဘုရားထံသို့ ခေါ်သော်လည်း၊ ထိုဘုရားကို အဘယ်သူမျှ မချီးမြှောက်လို။
8 အို ဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင်မည်နည်း။ အို ဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင်မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင်မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာသောစိတ်ရှိ၏။တရား၊ ၂၉:၂၃။9 ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို။ ဧဖရိမ်ကို အထပ်ထပ် မဖျက်ဆီးလို။ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ မြို့ထဲမှာနေသော မြို့သားမဟုတ်သော်လည်း၊ သင်တို့တွင်နေ၍ သန့်ရှင်းသောဘုရား ဖြစ်၏။ 10 သူတို့သည် ထာဝရဘုရား၏နောက်တော်သို့ လိုက်ကြလိမ့်မည်။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည်။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက်မျက်နှာမှ အလျင်အမြန် ပြေးကြလိမ့်မည်။ 11 စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှလည်းကောင်း၊ ချိုးကဲ့သို့ အာရှုရိပြည်မှလည်းကောင်း အလျင်အမြန် ပြေးကြ၍၊ သူတို့ကို နေရင်းအရပ်၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဣသရေလနှင့်ယုဒတို့ကိုပြစ်တင်ခြင်း
12 ဧဖရိမ်သည် မုသားစကားနှင့်လည်းကောင်း၊ ဣသရေလသည် လှည့်စားခြင်းနှင့်လည်းကောင်း ငါ့ကိုနှောင့်ယှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍ သစ္စာစောင့်တော်မူသော ဘုရားသခင့်ထံမှလွှဲ၍ လှည့်လည်တတ်၏။