1 אֶל־חִכְּךָ֣ שֹׁפָ֔ר כַּנֶּ֖שֶׁר עַל־בֵּ֣ית יְהוָ֑ה יַ֚עַן עָבְר֣וּ בְרִיתִ֔י וְעַל־תּוֹרָתִ֖י פָּשָֽׁעוּ׃ 2 לִ֖י יִזְעָ֑קוּ אֱלֹהַ֥י יְֽדַעֲנ֖וּךָ יִשְׂרָאֵֽל׃ 3 זָנַ֥ח יִשְׂרָאֵ֖ל ט֑וֹב אוֹיֵ֖ב יִרְדְּֽפוֹ׃ 4 הֵ֤ם הִמְלִיכוּ֙ וְלֹ֣א מִמֶּ֔נִּי הֵשִׂ֖ירוּ וְלֹ֣א יָדָ֑עְתִּי כַּסְפָּ֣ם וּזְהָבָ֗ם עָשׂ֤וּ לָהֶם֙ עֲצַבִּ֔ים לְמַ֖עַן יִכָּרֵֽת׃ 5 זָנַח֙ עֶגְלֵ֣ךְ שֹֽׁמְר֔וֹן חָרָ֥ה אַפִּ֖י בָּ֑ם עַד־מָתַ֕י לֹ֥א יוּכְל֖וּ נִקָּיֹֽן׃ 6 כִּ֤י מִיִּשְׂרָאֵל֙ וְה֔וּא חָרָ֣שׁ עָשָׂ֔הוּ וְלֹ֥א אֱלֹהִ֖ים ה֑וּא כִּֽי־שְׁבָבִ֣ים יִֽהְיֶ֔ה עֵ֖גֶל שֹׁמְרֽוֹן׃ 7 כִּ֛י ר֥וּחַ יִזְרָ֖עוּ וְסוּפָ֣תָה יִקְצֹ֑רוּ קָמָ֣ה אֵֽין־ל֗וֹ צֶ֚מַח בְּלִ֣י יַֽעֲשֶׂה־קֶּ֔מַח אוּלַ֣י יַֽעֲשֶׂ֔ה זָרִ֖ים יִבְלָעֻֽהוּ׃ 8 נִבְלַ֖ע יִשְׂרָאֵ֑ל עַתָּה֙ הָי֣וּ בַגּוֹיִ֔ם כִּכְלִ֖י אֵֽין־חֵ֥פֶץ בּֽוֹ׃ 9 כִּֽי־הֵ֨מָּה֙ עָל֣וּ אַשּׁ֔וּר פֶּ֖רֶא בּוֹדֵ֣ד ל֑וֹ אֶפְרַ֖יִם הִתְנ֥וּ אֲהָבִֽים 10 גַּ֛ם כִּֽי־יִתְנ֥וּ בַגּוֹיִ֖ם עַתָּ֣ה אֲקַבְּצֵ֑ם וַיָּחֵ֣לּוּ מְּעָ֔ט מִמַּשָּׂ֖א מֶ֥לֶךְ שָׂרִֽים׃ 11 כִּֽי־הִרְבָּ֥ה אֶפְרַ֛יִם מִזְבְּחֹ֖ת לַחֲטֹ֑א הָיוּ־ל֥וֹ מִזְבְּח֖וֹת לַחֲטֹֽא׃ 12 אכתוב־ל֔וֹ רבו תּֽוֹרָתִ֑י כְּמוֹ־זָ֖ר נֶחְשָֽׁבוּ׃ 13 זִבְחֵ֣י הַבְהָבַ֗י יִזְבְּח֤וּ בָשָׂר֙ וַיֹּאכֵ֔לוּ יְהוָ֖ה לֹ֣א רָצָ֑ם עַתָּ֞ה יִזְכֹּ֤ר עֲוֺנָם֙ וְיִפְקֹ֣ד חַטֹּאותָ֔ם הֵ֖מָּה מִצְרַ֥יִם יָשֽׁוּבוּ׃ 14 וַיִּשְׁכַּ֨ח יִשְׂרָאֵ֜ל אֶת־עֹשֵׂ֗הוּ וַיִּ֨בֶן֙ הֵֽיכָל֔וֹת וִֽיהוּדָ֕ה הִרְבָּ֖ה עָרִ֣ים בְּצֻר֑וֹת וְשִׁלַּחְתִּי־אֵ֣שׁ בְּעָרָ֔יו וְאָכְלָ֖ה אַרְמְנֹתֶֽיהָ׃ ס
ဣသရေလတို့ပဋိညာဉ်ကိုဖျက်ခြင်း
1 တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။ 2 သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။ 3 ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ 4 သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလိုအလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှာ၊ ကိုယ်ရွှေငွေနှင့် ကိုယ်အဖို့ ရုပ်တုများကိုလုပ်ကြပြီ။ 5 အို ရှမာရိ၊ သင်၏နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သောသူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမီနိုင်ဘဲ နေရကြလိမ့်မည်နည်း။ 6 ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
7 လေမျိုးစေ့ကိုကြဲ၍ လေပွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် စားကြလိမ့်မည်။ 8 ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။ အဘယ်သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တစ်ပါးအမျိုးသားတို့တွင် ရှိရလိမ့်မည်။ 9 အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဖို့ တစ်ကောင်တည်းနေသော မြည်းရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ငှားလေပြီ။ 10 တစ်ပါးအမျိုးသားတို့အား ငှားသော်လည်း၊ ချက်ချင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မီ ရှင်ဘုရင်နှင့် မင်းများတင်သောဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့်မည်။ 11 ဧဖရိမ်သည် များစွာသောယဇ်ပလ္လင်တို့ကို အပြစ်အဖို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏အပြစ်ဟူ၍ မှတ်ရလိမ့်မည်။ 12 ငါ့တရား၏ထူးဆန်းသောအရာတို့ကို သူ့အဖို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသောအရာဟူ၍ သူသည် မှတ်လေပြီတကား။ 13 ငါနှင့်ဆိုင်သော ပူဇော်သကာတို့ကို ယဇ်ပူဇော်သောသူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များကို ချက်ချင်းအောက်မေ့၍ စစ်ကြောတော်မူသောအားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့်မည်။ 14 ဣသရေလသည် သူ့ကိုဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ်၏။ ယုဒသည်လည်း ခိုင်ခံ့သောမြို့တို့ကို များပြားစေတတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကိုမီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။