ဗာရုတ်အတွက်ကတိတော်
1 ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်လက်ထက်၊ နေရိသားဗာရုတ်သည်၊ ယေရမိမြွက်ဆိုသည်အတိုင်း၊ စကားတော်များကို စာ၌ ရေးထားသောနောက်၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ်ကပတ်တော်ဟူမူကား၊၄ ရာ၊ ၂၄:၁။ ၆ ရာ၊ ၃၆:၅-၇။ ဒံ၊ ၁:၁-၂။2-4 အိုဗာရုတ်၊ သင်က၊ ငါသည် အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာအကြောင်း တစ်ပါးအပေါ်မှာ တစ်ပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟုဆိုသည်ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက်သောအရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ငါနုတ်ပစ်မည်။ 5 သင်သည် ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ ရှာသလော။ မရှာနှင့်။ အကြောင်းမူကား၊ ငါသည် ခပ်သိမ်းသောသတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင်၊ သင်ရောက်လေရာရာအရပ်တို့၌၊ သင်၏အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
安慰巴录的话
1 以下是犹大王约西亚的儿子约雅敬第四年,耶利米先知对尼利亚的儿子巴录所说的话巴录从耶利米口中把这些话写在书卷上:2 "巴录啊!耶和华以色列的 神这样说:3 ‘你曾说:我有祸了!因为耶和华在我的痛苦上加添忧愁。我因唉哼而困乏,得不着安宁。’"4 耶和华对耶利米说:"你要这样对他说:‘耶和华这样说:看哪!我所建立的,我必拆毁;我所栽种的,我必拔除。我必这样对待全地。5 你要为自己图谋大事吗?不要图谋!看哪!我必使灾祸降在全人类身上,但无论你到甚么地方去,我必使你捡回自己的性命。’"这是耶和华的宣告。