1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုစစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။ 2 ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာလိုက်၍၊ ရှောလု၏သား ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။ 3 စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ပစ်သော မြားမှန်၍ အလွန်နာသောကြောင့်၊ 4 လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍သေ၏။ 5 ရှောလုသေသည်ကို လက်နက်ဆောင်လုလင်မြင်လျှင်၊ သူသည်လည်း ထိုဓားကိုထောင်၍ ဓားဖျားပေါ်မှာလှဲ၍သေ၏။ 6 ထိုသို့ ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။
7 ဣသရေလလူပြေးကြောင်း၊ ရှောလုနှင့် သူ၏သားများသေကြောင်းကို၊ ချိုင့်၌နေသော ဣသရေလလူအပေါင်းတို့သည်သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ်သဖြင့်၊ ဖိလိတ္တိလူတို့သည်လာ၍နေကြ၏။ 8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။ 9 အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကိုယူ၍ သူတို့ရုပ်တုအိမ်များ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ၊ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။ 10 လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။
11 ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊ 12 သူရဲအပေါင်းတို့သည် ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကိုယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာ သပိတ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာရှောင်ကြ၏။
13 ထိုသို့ရှောလုသည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ဝတ်၊ ၁၉:၃၁၊၂၀:၆၊၁ ရာ၊ ၁၃:၈-၁၄၊၁၅:၁-၂၄၊၂၈:၇-၈။14 ထာဝရဘုရားကို မမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။
1 I Filistei combatterono contro Israele, e gli Israeliti fuggirono davanti ai Filistei, e caddero uccisi in gran numero sul monte Ghilboa. 2 I Filistei inseguirono accanitamente Saul e i suoi figli, e uccisero Gionatan, Abinadab e Malchisua, figli di Saul. 3 Il culmine della battaglia si scatenò contro Saul; gli arcieri lo raggiunsero, e lui si trovò in grande angoscia a causa degli arcieri. 4 Allora Saul disse al suo scudiero: "Sfodera la spada e trafiggimi, affinché questi incirconcisi non vengano a trafiggermi e a farmi oltraggio". Ma lo scudiero non volle farlo, perché era preso da grande paura. Allora Saul prese la propria spada e vi si gettò sopra. 5 Lo scudiero di Saul, vedendolo morto, si gettò anche lui sulla propria spada e morì. 6 Così morirono Saul e i suoi tre figli; tutta la sua casa morì nello stesso tempo. 7 Tutti gli Israeliti che abitavano nella valle, quando videro che la gente d’Israele si era data alla fuga e che Saul e i suoi figli erano morti, abbandonarono le loro città, e fuggirono; e i Filistei andarono ad abitarle. 8 L’indomani i Filistei vennero a spogliare gli uccisi, e trovarono Saul e i suoi figli caduti sul monte Ghilboa. 9 Spogliarono Saul e portarono via la sua testa e le sue armi, e mandarono in tutto il paese dei Filistei ad annunciare la buona notizia ai loro idoli e al popolo; 10 collocarono le sue armi nella casa del loro dio, e inchiodarono il suo teschio nel tempio di Dagon. 11 Tutta la gente di Iabes di Galaad udì tutto quello che i Filistei avevano fatto a Saul, 12 e tutti gli uomini valorosi si alzarono, presero il cadavere di Saul e i cadaveri dei suoi figli, e li portarono a Iabes; seppellirono le loro ossa sotto alla tamerice di Iabes, e digiunarono per sette giorni. 13 Così morì Saul, a causa dell’infedeltà che aveva commesso contro l’Eterno, perché non aveva osservato la parola dell’Eterno, e anche perché aveva interrogato e consultato quelli che evocano gli spiriti, 14 mentre non aveva consultato l’Eterno. E l’Eterno lo fece morire, e trasferì il regno a Davide, figlio di Isai.