1 ထိုမှတစ်ပါး အာသပ်၊ ဟေမန်၊ ယေဒုသုန်သားတို့နှင့်အတူဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဖို့၊ ဒါဝိဒ်နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့်သောသူတို့ စာရင်းဟူမူကား၊ 2 အာသပ်သား ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလတစ်စု၊ သူတို့သည် ရှင်ဘုရင်စီရင်သည်အတိုင်း၊ အဘအာသပ်၌ တပည့်ဖြစ်၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ 3 ယေဒုသုန်သား ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ဖော်ပြချီးမွမ်းခြင်းငှာ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ 4 ဟေမန်သား ဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်တည်းဟူသော၊ 5 ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရားသခင်၏တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သား ဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတစ်ကျိပ်လေးယောက်နှင့် သမီးသုံးယောက်တို့ကို ပေးတော်မူ၏။ 6 ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏ အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။ 7 ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍လေ့ကျက်သော ညီအစ်ကိုပေါင်းကား နှစ်ရာရှစ်ကျိပ်ရှစ်ယောက်တည်း။
8 ထိုသူတို့သည် အကြီးအငယ် ဆရာတပည့်ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊ 9 ပထမသူကား၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း။ ဒုတိယသူ ဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 10 တတိယသူ ဇက္ကုရ၊ သူနှင့် သူ၏သားညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 11 စတုတ္ထသူ ဣဇရိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 12 ပဥ္စမသူနေသနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 13 ဆဋ္ဌမသူ ဗုက္ကိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 14 သတ္တမသူ ယေရှရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 15 အဋ္ဌမသူ ယေရှာယ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 16 နဝမသူ မတ္တနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 17 ဒသမသူ ရှိမိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 18 ဧကဒသမသူ အာရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 19 ဒွါဒသမသူ ဟာရှဘိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 20 တစ်ကျိပ်သုံးယောက် မြောက်သောသူ ရှေဗွေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 21 တစ်ကျိပ်လေးယောက် မြောက်သောသူ မတ္တိသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 22 တစ်ကျိပ်ငါးယောက် မြောက်သောသူ ယေရမုတ်၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 23 တစ်ကျိပ်ခြောက်ယောက် မြောက်သောသူဟာနနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 24 တစ်ကျိပ်ခုနစ်ယောက် မြောက်သောသူ ယောရှဗေကရှ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 25 တစ်ကျိပ်ရှစ်ယောက် မြောက်သောသူ ဟာနန်၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 26 တစ်ကျိပ်ကိုးယောက် မြောက်သောသူ မလ္လောသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 27 နှစ်ကျိပ်မြောက်သောသူ ဧလျာသာ၊ သူနှင့်သူ၏ သားညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 28 နှစ်ကျိပ်တစ်ယောက် မြောက်သောသူ ဟောသိရ၊ သူနှင့်သူ၏သားညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 29 နှစ်ကျိပ်နှစ်ယောက် မြောက်သောသူ ဂိဒ္ဒါလတိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 30 နှစ်ကျိပ်သုံးယောက် မြောက်သောသူ မဟာဇယုတ်၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။ 31 နှစ်ကျိပ်လေးယောက် မြောက်သောသူ ရောမန္တေဇာ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
1 Poi Davide e i capi dell’esercito appartarono per il servizio quelli dei figli di Asaf, di Eman e di Iedutun che cantavano gli inni sacri accompagnandosi con cetre, con saltèri e con cembali; e questo è il numero di quelli che furono incaricati di questo servizio. 2 Dei figli di Asaf: Zaccur, Iosef, Netania, Asarela, figli di Asaf, sotto la direzione di Asaf, che cantava gli inni sacri, seguendo le istruzioni del re. 3 Di Iedutun, i figli di Iedutun: Ghedalia, Seri, Isaia, Casabia, Mattitia e Simei, sei, sotto la direzione del loro padre Iedutun, che cantava gli inni sacri con la cetra per lodare e celebrare l’Eterno. 4 Di Eman, i figli di Eman: Bucchiia, Mattania, Uzziel, Sebuel, Ierimot, Anania, Canani, Eliatac, Ghiddalti, Romamti-Ezer, Iosbecasa, Malloti, Otir, Maaziot. 5 Tutti questi erano figli di Eman, veggente del re, secondo la promessa di Dio di accrescere la potenza di Eman. Iddio infatti aveva dato a Eman quattordici figli e tre figlie. 6 Tutti questi erano sotto la direzione dei loro padri per il canto della casa dell’Eterno, e avevano dei cembali, dei saltèri e delle cetre per il servizio della casa di Dio. Erano sotto la direzione del re, di Asaf, di Iedutun e di Eman. 7 Il loro numero, compresi i loro fratelli istruiti nel canto in onore dell’Eterno, tutti quelli cioè che erano esperti in questo, ammontava a duecentottantotto. 8 Tirarono a sorte il loro ordine di servizio, tanto i piccoli quanto i grandi, tanto i maestri quanto i discepoli. 9 Il primo designato dalla sorte per Asaf fu Iosef; il secondo, Ghedalia, con i suoi fratelli e i suoi figli, dodici in tutto; 10 il terzo fu Zaccur, con i suoi figli e i suoi fratelli, dodici in tutto; 11 il quarto fu Iseri, con i suoi figli e i suoi fratelli, dodici in tutto; 12 il quinto fu Netania, con i suoi figli e i suoi fratelli, dodici in tutto; 13 il sesto fu Bucchiia, con i suoi figli e i suoi fratelli, dodici in tutto; 14 il settimo fu Iesarela, con i suoi figli e i suoi fratelli, dodici in tutto; 15 l’ottavo fu Isaia, con i suoi figli e i suoi fratelli, dodici in tutto; 16 il nono fu Mattania, con i suoi figli e i suoi fratelli, dodici in tutto; 17 il decimo fu Simei, con i suoi figli e i suoi fratelli, dodici in tutto; 18 l’undicesimo fu Azarel, con i suoi figli e i suoi fratelli, dodici in tutto; 19 il dodicesimo fu Casabia, con i suoi figli e i suoi fratelli, dodici in tutto; 20 il tredicesimo fu Subael, con i suoi figli e i suoi fratelli, dodici in tutto; 21 il quattordicesimo fu Mattitia, con i suoi figli e i suoi fratelli, dodici in tutto; 22 il quindicesimo fu Ieremot, con i suoi figli e i suoi fratelli, dodici in tutto; 23 il sedicesimo fu Anania, con i suoi figli e i suoi fratelli, dodici in tutto; 24 il diciassettesimo fu Iosbecasa, con i suoi figli e i suoi fratelli, dodici in tutto; 25 il diciottesimo fu Canani, con i suoi figli e i suoi fratelli, dodici in tutto; 26 il diciannovesimo fu Malloti, con i suoi figli e i suoi fratelli, dodici in tutto; 27 il ventesimo fu Eliata, con i suoi figli e i suoi fratelli, dodici in tutto; 28 il ventunesimo fu Otir, con i suoi figli e i suoi fratelli, dodici in tutto; 29 il ventiduesimo fu Ghiddalti, con i suoi figli e i suoi fratelli, dodici in tutto; 30 il ventitreesimo fu Maaziot, con i suoi figli e i suoi fratelli, dodici in tutto; 31 il ventiquattresimo, fu Romamti-Ezer, con i suoi figli e i suoi fratelli, dodici in tutto.