Pular para o conteúdo
Publicidade

၁ ရာဇဝင်ချုပ် 29:11,12,14,15

11 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။မ၊ ၆:၁၃။12 ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​သည် ကျေး​ဇူး​တော်​ကြောင့်​သာ​ဖြစ်၏။ ကိုယ်​တော်​သည် ခပ်​သိမ်း​သော သူ​တို့​ကို အုပ်​စိုး​တော်​မူ၏။ ခွန်​အား အ​စွမ်း​သ​တ္တိ​ကို ပေး​ပိုင်​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့​အား ကြီး​မြတ်​သော​အ​ခွင့်​နှင့် ခိုင်​ခံ့​သော​အ​ခွင့်​ကို ပေး​ပိုင်​တော်​မူ၏။ 14 သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။ 15 အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.