1 וַ֠יָּשָׁב יְהוֹשָׁפָ֨ט מֶֽלֶךְ־יְהוּדָ֧ה אֶל־בֵּית֛וֹ בְּשָׁל֖וֹם לִֽירוּשָׁלִָֽם׃ 2 וַיֵּצֵ֣א אֶל־פָּנָ֗יו יֵה֣וּא בֶן־חֲנָ֘נִי֮ הַחֹזֶה֒ וַיֹּ֨אמֶר֙ אֶל־הַמֶּ֣לֶךְ יְהוֹשָׁפָ֔ט הֲלָרָשָׁ֣ע לַעְזֹ֔ר וּלְשֹׂנְאֵ֥י יְהוָ֖ה תֶּאֱהָ֑ב וּבָזֹאת֙ עָלֶ֣יךָ קֶּ֔צֶף מִלִּפְנֵ֖י יְהוָֽה׃ 3 אֲבָ֕ל דְּבָרִ֥ים טוֹבִ֖ים נִמְצְא֣וּ עִמָּ֑ךְ כִּֽי־בִעַ֤רְתָּ הָאֲשֵׁרוֹת֙ מִן־הָאָ֔רֶץ וַהֲכִינ֥וֹתָ לְבָבְךָ֖ לִדְרֹ֥שׁ הָֽאֱלֹהִֽים׃ 4 וַיֵּ֥שֶׁב יְהוֹשָׁפָ֖ט בִּירוּשָׁלִָ֑ם ס וַיָּ֜שָׁב וַיֵּצֵ֣א בָעָ֗ם מִבְּאֵ֥ר שֶׁ֨בַע֙ עַד־הַ֣ר אֶפְרַ֔יִם וַיְשִׁיבֵ֕ם אֶל־יְהוָ֖ה אֱלֹהֵ֥י אֲבוֹתֵיהֶֽם׃ 5 וַיַּעֲמֵ֨ד שֹֽׁפְטִ֜ים בָּאָ֗רֶץ בְּכָל־עָרֵ֧י יְהוּדָ֛ה הַבְּצֻר֖וֹת לְעִ֥יר וָעִֽיר׃ 6 וַיֹּ֣אמֶר אֶל־הַשֹּֽׁפְטִ֗ים רְאוּ֙ מָֽה־אַתֶּ֣ם עֹשִׂ֔ים כִּ֣י לֹ֧א לְאָדָ֛ם תִּשְׁפְּט֖וּ כִּ֣י לַיהוָ֑ה וְעִמָּכֶ֖ם בִּדְבַ֥ר מִשְׁפָּֽט׃ 7 וְעַתָּ֕ה יְהִ֥י פַֽחַד־יְהוָ֖ה עֲלֵיכֶ֑ם שִׁמְר֣וּ וַעֲשׂ֔וּ כִּֽי־אֵ֞ין עִם־יְהוָ֣ה אֱלֹהֵ֗ינוּ עַוְלָ֛ה וּמַשֹּׂ֥א פָנִ֖ים וּמִקַּח־שֹֽׁחַד׃ 8 וְגַ֣ם בִּ֠ירוּשָׁלִַם הֶעֱמִ֨יד יְהוֹשָׁפָ֜ט מִן־הַלְוִיִּ֣ם וְהַכֹּהֲנִ֗ים וּמֵרָאשֵׁ֤י הָאָבוֹת֙ לְיִשְׂרָאֵ֔ל לְמִשְׁפַּ֥ט יְהוָ֖ה וְלָרִ֑יב וַיָּשֻׁ֖בוּ יְרוּשָׁלִָֽם׃ 9 וַיְצַ֥ו עֲלֵיהֶ֖ם לֵאמֹ֑ר כֹּ֤ה תַעֲשׂוּן֙ בְּיִרְאַ֣ת יְהוָ֔ה בֶּאֱמוּנָ֖ה וּבְלֵבָ֥ב שָׁלֵֽם׃ 10 וְכָל־רִיב֩ אֲשֶׁר־יָב֨וֹא עֲלֵיכֶ֜ם מֵאֲחֵיכֶ֣ם ׀ הַיֹּשְׁבִ֣ים בְּעָרֵיהֶ֗ם בֵּֽין־דָּ֣ם ׀ לְדָם֮ בֵּין־תּוֹרָ֣ה לְמִצְוָה֮ לְחֻקִּ֣ים וּלְמִשְׁפָּטִים֒ וְהִזְהַרְתֶּ֣ם אֹתָ֔ם וְלֹ֤א יֶאְשְׁמוּ֙ לַיהוָ֔ה וְהָֽיָה־קֶ֥צֶף עֲלֵיכֶ֖ם וְעַל־אֲחֵיכֶ֑ם כֹּ֥ה תַעֲשׂ֖וּן וְלֹ֥א תֶאְשָֽׁמוּ׃ 11 וְהִנֵּ֡ה אֲמַרְיָ֣הוּ כֹהֵן֩ הָרֹ֨אשׁ עֲלֵיכֶ֜ם לְכֹ֣ל דְּבַר־יְהוָ֗ה וּזְבַדְיָ֨הוּ בֶן־יִשְׁמָעֵ֜אל הַנָּגִ֤יד לְבֵית־יְהוּדָה֙ לְכֹ֣ל דְּבַר־הַמֶּ֔לֶךְ וְשֹׁטְרִ֥ים הַלְוִיִּ֖ם לִפְנֵיכֶ֑ם חִזְק֣וּ וַעֲשׂ֔וּ וִיהִ֥י יְהוָ֖ה עִם־הַטּֽוֹב׃ פ
ယောရှဖတ်အားယေဟုအပြစ်တင်ခြင်း
1 ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာပြန်လာ၏။ 2 ဟာနန်သား ပရောဖက်ယေဟုသည်၊ ယောရှဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင့်သလော။ ထာဝရဘုရားကို မုန်းသောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အမျက်တော်သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။ 3 သို့သော်လည်း၊ မင်းကြီးသည် တစ်ပြည်လုံးတွင်၊ အာရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှာ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီဟု ဆို၏။
ယောရှဖတ်၏ပြုပြင်ပြောင်းလဲမှုများ
4 ထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌နေ၏။ တစ်ဖန် ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင်တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်စေတော်မူ၏။ 5 ယုဒနိုင်ငံတွင်၊ ခိုင်ခံ့သောမြို့ရှိသမျှ အသီးအသီးတို့၌ တရားသူကြီးတို့ကို ခန့်ထား၍၊ 6 သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။ 7 သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကိုထောက်ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ၏။
8 ယေရုရှလင်မြို့၌လည်း၊ ထာဝရဘုရား၏ တရားမှုကိုလည်းကောင်း၊ ယေရုရှလင်မြို့သားအချင်းချင်း တရားတွေ့မှုတို့ကိုလည်းကောင်း၊ စီရင်စေခြင်းငှာ လေဝိသား၊ ယဇ်ပုရောဟိတ်၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား၍၊ 9 သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ သစ္စာစောင့်လျက် စီရင်ကြလော့။ 10 အမြို့မြို့၌နေသော အမျိုးသားချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားကို လွန်ကျူးခြင်းအမှု မည်သည်ကား၊ သင်တို့ရှေ့သို့ရောက်လျှင်၊ သင်တို့နှင့် အမျိုးသားချင်းတို့အပေါ်သို့ အမျက်တော် သက်ရောက်စေခြင်းငှာ၊ သူတို့သည် ထာဝရဘုရားကို မပြစ်မှားရမည်အကြောင်း သတိပေးကြလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။ 11 ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရောဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏ အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ်သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိသားတို့သည်လည်း၊ အမှုထမ်းလုလင် လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသောသူတို့ဘက်မှာ နေတော်မူမည်ဟု မှာထားတော်မူ၏။