1 וְֽאוּלָ֗ם שְׁמַֽע־נָ֣א אִיּ֣וֹב מִלָּ֑י וְֽכָל־דְּבָרַ֥י הַאֲזִֽינָה׃ 2 הִנֵּה־נָ֭א פָּתַ֣חְתִּי פִ֑י דִּבְּרָ֖ה לְשׁוֹנִ֣י בְחִכִּֽי׃ 3 יֹֽשֶׁר־לִבִּ֥י אֲמָרָ֑י וְדַ֥עַת שְׂ֝פָתַ֗י בָּר֥וּר מִלֵּֽלוּ׃ 4 רֽוּחַ־אֵ֥ל עָשָׂ֑תְנִי וְנִשְׁמַ֖ת שַׁדַּ֣י תְּחַיֵּֽנִי׃ 5 אִם־תּוּכַ֥ל הֲשִׁיבֵ֑נִי עֶרְכָ֥ה לְ֝פָנַ֗י הִתְיַצָּֽבָה׃ 6 הֵן־אֲנִ֣י כְפִ֣יךָ לָאֵ֑ל מֵ֝חֹ֗מֶר קֹרַ֥צְתִּי גַם־אָֽנִי׃ 7 הִנֵּ֣ה אֵ֭מָתִי לֹ֣א תְבַעֲתֶ֑ךָּ וְ֝אַכְפִּ֗י עָלֶ֥יךָ לֹא־יִכְבָּֽד׃ 8 אַ֭ךְ אָמַ֣רְתָּ בְאָזְנָ֑י וְק֖וֹל מִלִּ֣ין אֶשְׁמָֽע׃ 9 זַ֥ךְ אֲנִ֗י בְּֽלִ֫י פָ֥שַׁע חַ֥ף אָנֹכִ֑י וְלֹ֖א עָוֺ֣ן לִֽי׃ 10 הֵ֣ן תְּ֭נוּאוֹת עָלַ֣י יִמְצָ֑א יַחְשְׁבֵ֖נִי לְאוֹיֵ֣ב לֽוֹ׃ 11 יָשֵׂ֣ם בַּסַּ֣ד רַגְלָ֑י יִ֝שְׁמֹ֗ר כָּל־אָרְחֹתָֽי׃ 12 הֶן־זֹ֣את לֹא־צָדַ֣קְתָּ אֶעֱנֶ֑ךָּ כִּֽי־יִרְבֶּ֥ה אֱ֝ל֗וֹהַ מֵאֱנֽוֹשׁ׃ 13 מַ֭דּוּעַ אֵלָ֣יו רִיב֑וֹתָ כִּ֥י כָל־דְּ֝בָרָ֗יו לֹ֣א־יַעֲנֶֽה׃ 14 כִּֽי־בְאַחַ֥ת יְדַבֶּר־אֵ֑ל וּ֝בִשְׁתַּ֗יִם לֹ֣א יְשׁוּרֶֽנָּה׃ 15 בַּחֲל֤וֹם ׀ חֶזְי֬וֹן לַ֗יְלָה בִּנְפֹ֣ל תַּ֭רְדֵּמָה עַל־אֲנָשִׁ֑ים בִּ֝תְנוּמ֗וֹת עֲלֵ֣י מִשְׁכָּֽב׃ 16 אָ֣ז יִ֭גְלֶה אֹ֣זֶן אֲנָשִׁ֑ים וּבְמֹ֖סָרָ֣ם יַחְתֹּֽם׃ 17 לְ֭הָסִיר אָדָ֣ם מַעֲשֶׂ֑ה וְגֵוָ֖ה מִגֶּ֣בֶר יְכַסֶּֽה׃ 18 יַחְשֹׂ֣ךְ נַ֭פְשׁוֹ מִנִּי־שָׁ֑חַת וְ֝חַיָּת֗וֹ מֵעֲבֹ֥ר בַּשָּֽׁלַח׃ 19 וְהוּכַ֣ח בְּ֭מַכְאוֹב עַל־מִשְׁכָּב֑וֹ וריב עֲצָמָ֣יו אֵתָֽן׃ 20 וְזִֽהֲמַ֣תּוּ חַיָּת֣וֹ לָ֑חֶם וְ֝נַפְשׁ֗וֹ מַאֲכַ֥ל תַּאֲוָֽה׃ 21 יִ֣כֶל בְּשָׂר֣וֹ מֵרֹ֑אִי ושפי עַ֝צְמוֹתָ֗יו לֹ֣א רֻאּֽוּ׃ 22 וַתִּקְרַ֣ב לַשַּׁ֣חַת נַפְשׁ֑וֹ וְ֝חַיָּת֗וֹ לַֽמְמִתִֽים׃ 23 אִם־יֵ֤שׁ עָלָ֨יו ׀ מַלְאָ֗ךְ מֵלִ֗יץ אֶחָ֥ד מִנִּי־אָ֑לֶף לְהַגִּ֖יד לְאָדָ֣ם יָשְׁרֽוֹ׃ 24 וַיְחֻנֶּ֗נּוּ וַיֹּ֗אמֶר פְּ֭דָעֵהוּ מֵרֶ֥דֶת שָׁ֗חַת מָצָ֥אתִי כֹֽפֶר׃ 25 רֻֽטֲפַ֣שׁ בְּשָׂר֣וֹ מִנֹּ֑עַר יָ֝שׁ֗וּב לִימֵ֥י עֲלוּמָֽיו׃ 26 יֶעְתַּ֤ר אֶל־אֱל֨וֹהַּ ׀ וַיִּרְצֵ֗הוּ וַיַּ֣רְא פָּ֭נָיו בִּתְרוּעָ֑ה וַיָּ֥שֶׁב לֶ֝אֱנ֗וֹשׁ צִדְקָתֽוֹ׃ 27 יָשֹׁ֤ר ׀ עַל־אֲנָשִׁ֗ים וַיֹּ֗אמֶר חָ֭טָאתִי וְיָשָׁ֥ר הֶעֱוֵ֗יתִי וְלֹא־שָׁ֥וָה לִֽי׃ 28 פָּדָ֣ה נפשי מֵעֲבֹ֣ר בַּשָּׁ֑חַת וחיתי בָּא֥וֹר תִּרְאֶֽה׃ 29 הֶן־כָּל־אֵ֭לֶּה יִפְעַל־אֵ֑ל פַּעֲמַ֖יִם שָׁל֣וֹשׁ עִם־גָּֽבֶר׃ 30 לְהָשִׁ֣יב נַ֭פְשׁוֹ מִנִּי־שָׁ֑חַת לֵ֝א֗וֹר בְּא֣וֹר הַֽחַיִּים׃ 31 הַקְשֵׁ֖ב אִיּ֥וֹב שְֽׁמַֽע־לִ֑י הַ֝חֲרֵ֗שׁ וְאָנֹכִ֥י אֲדַבֵּֽר׃ 32 אִם־יֵשׁ־מִלִּ֥ין הֲשִׁיבֵ֑נִי דַּ֝בֵּ֗ר כִּֽי־חָפַ֥צְתִּי צַדְּקֶֽךָּ׃ 33 אִם־אַ֭יִן אַתָּ֥ה שְֽׁמַֽע־לִ֑י הַ֝חֲרֵ֗שׁ וַאֲאַלֶּפְךָ֥ חָכְמָֽה׃ ס
ယောဘကိုဧလိဟုဆုံးမခြင်း
1 သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။ 2 ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသောအခါ၊ 3 ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကားဖြောင့်လိမ့်မည်။ ငါ့နှုတ်သည် ရှင်းလင်းသောပညာစကားကို မြွက်ဆိုလိမ့်မည်။ 4 ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။ 5 သင်သည်တတ်နိုင်လျှင် ငါ့ကိုပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။ 6 ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။ 7 သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဖွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။ 8 အကယ်စင်စစ် သင့်စကားသံကို ငါကြားသည်အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊ 9 ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှားခြင်းကို မပြုတတ်။ ငါ၌ အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။ 10 ဘုရားသခင်သည် ငါ၌အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။ 11 ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိသမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။ 12 ထိုသို့ဆိုသော် မှားပြီ။ ငါပြန်ပြောသောစကားဟူမူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက်ကြီးမြတ်တော်မူ၏။ 13 ဘုရားသခင်နှင့် အဘယ်ကြောင့် ဆန့်ကျင်ဘက်ပြုသနည်း။ ပြုတော်မူသောအမှုတို့၏ အကြောင်းကို ပြတော်မမူ။
14 ဘုရားသခင်သည် တစ်ကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။ 15 လူသည် အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍၊ ညရူပါရုံကို ခံရသောအားဖြင့်၊ 16 ဘုရားသခင်သည် လူ၏နားကိုဖွင့်၍ ဆုံးမပေးတော်မူတတ်၏။ 17 ထိုသို့ လူသည်မိမိအကြံကို စွန့်စေခြင်းငှာလည်းကောင်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ 18 သူ၏အသက်ကို သင်္ချိုင်းတွင်းမှ ကွယ်ကာ၍၊ ဓားဘေးဖြင့် မသေစေခြင်းငှာ စောင့်မတော်မူ၏။
19 လူသည် အိပ်ရာပေါ်မှာ နာခြင်းဝေဒနာကို ခံရ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊ 20 မုန့်နှင့်မြိန်သော ခဲဖွယ်စားဖွယ်တို့ကို သူ၏စိတ်ဝိညာဉ်သည် ရွံရှာ၏။ 21 အသားအရေ ပိန်လျော့ကွယ်ပျောက်၍၊ မထင်ရှားဖူးသော အရိုးတို့လည်း ပေါ်ကြ၏။ 22 အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့လည်းကောင်း၊ ဖျက်ဆီးသော တမန်လက်သို့လည်းကောင်း ရောက်လုပြီ။ 23 သို့ရာတွင် လူတို့အားတရားလမ်းကို ပြစေခြင်းငှာ၊ တစ်ထောင်တွင် အထွတ်ဖြစ်၍၊ တရားစကားကို ပြန်တတ်သောတမန်ရှိလျှင်၊ 24 ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊ 25 ထိုသူသည် သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။ 26 ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။ 27 သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သောတရားကို မှောက်ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊ 28 သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင်တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့်လွတ်လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။ 29 ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင်တော်မူသဖြင့်၊ 30 သင်္ချိုင်းတွင်းမှနုတ်ယူ၍၊ အသက်ရှင်သောသူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
31 အိုယောဘ၊ ငါ့စကားကို သတိနှင့် နားထောင်လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။ 32 သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှာ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။ 33 ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကို ငါသွန်သင်ပါမည်ဟု မြွက်ဆို၏။