1 וַיִּקַּ֣ח קֹ֔רַח בֶּן־יִצְהָ֥ר בֶּן־קְהָ֖ת בֶּן־לֵוִ֑י וְדָתָ֨ן וַאֲבִירָ֜ם בְּנֵ֧י אֱלִיאָ֛ב וְא֥וֹן בֶּן־פֶּ֖לֶת בְּנֵ֥י רְאוּבֵֽן׃ 2 וַיָּקֻ֨מוּ֙ לִפְנֵ֣י מֹשֶׁ֔ה וַאֲנָשִׁ֥ים מִבְּנֵֽי־יִשְׂרָאֵ֖ל חֲמִשִּׁ֣ים וּמָאתָ֑יִם נְשִׂיאֵ֥י עֵדָ֛ה קְרִאֵ֥י מוֹעֵ֖ד אַנְשֵׁי־שֵֽׁם׃ 3 וַיִּֽקָּהֲל֞וּ עַל־מֹשֶׁ֣ה וְעַֽל־אַהֲרֹ֗ן וַיֹּאמְר֣וּ אֲלֵהֶם֮ רַב־לָכֶם֒ כִּ֤י כָל־הָֽעֵדָה֙ כֻּלָּ֣ם קְדֹשִׁ֔ים וּבְתוֹכָ֖ם יְהוָ֑ה וּמַדּ֥וּעַ תִּֽתְנַשְּׂא֖וּ עַל־קְהַ֥ל יְהוָֽה׃ 4 וַיִּשְׁמַ֣ע מֹשֶׁ֔ה וַיִּפֹּ֖ל עַל־פָּנָֽיו׃ 5 וַיְדַבֵּ֨ר אֶל־קֹ֜רַח וְאֶֽל־כָּל־עֲדָתוֹ֮ לֵאמֹר֒ בֹּ֠קֶר וְיֹדַ֨ע יְהוָ֧ה אֶת־אֲשֶׁר־ל֛וֹ וְאֶת־הַקָּד֖וֹשׁ וְהִקְרִ֣יב אֵלָ֑יו וְאֵ֛ת אֲשֶׁ֥ר יִבְחַר־בּ֖וֹ יַקְרִ֥יב אֵלָֽיו׃ 6 זֹ֖את עֲשׂ֑וּ קְחוּ־לָכֶ֣ם מַחְתּ֔וֹת קֹ֖רַח וְכָל־עֲדָתֽוֹ׃ 7 וּתְנ֣וּ בָהֵ֣ן ׀ אֵ֡שׁ וְשִׂימוּ֩ עֲלֵיהֶ֨ן קְטֹ֜רֶת לִפְנֵ֤י יְהוָה֙ מָחָ֔ר וְהָיָ֗ה הָאִ֛ישׁ אֲשֶׁר־יִבְחַ֥ר יְהוָ֖ה ה֣וּא הַקָּד֑וֹשׁ רַב־לָכֶ֖ם בְּנֵ֥י לֵוִֽי׃ 8 וַיֹּ֥אמֶר מֹשֶׁ֖ה אֶל־קֹ֑רַח שִׁמְעוּ־נָ֖א בְּנֵ֥י לֵוִֽי׃ 9 הַמְעַ֣ט מִכֶּ֗ם כִּֽי־הִבְדִּיל֩ אֱלֹהֵ֨י יִשְׂרָאֵ֤ל אֶתְכֶם֙ מֵעֲדַ֣ת יִשְׂרָאֵ֔ל לְהַקְרִ֥יב אֶתְכֶ֖ם אֵלָ֑יו לַעֲבֹ֗ד אֶת־עֲבֹדַת֙ מִשְׁכַּ֣ן יְהוָ֔ה וְלַעֲמֹ֛ד לִפְנֵ֥י הָעֵדָ֖ה לְשָׁרְתָֽם׃ 10 וַיַּקְרֵב֙ אֹֽתְךָ֔ וְאֶת־כָּל־אַחֶ֥יךָ בְנֵי־לֵוִ֖י אִתָּ֑ךְ וּבִקַּשְׁתֶּ֖ם גַּם־כְּהֻנָּֽה׃ 11 לָכֵ֗ן אַתָּה֙ וְכָל־עֲדָ֣תְךָ֔ הַנֹּעָדִ֖ים עַל־יְהוָ֑ה וְאַהֲרֹ֣ן מַה־ה֔וּא כִּ֥י תלונו עָלָֽיו׃ 12 וַיִּשְׁלַ֣ח מֹשֶׁ֔ה לִקְרֹ֛א לְדָתָ֥ן וְלַאֲבִירָ֖ם בְּנֵ֣י אֱלִיאָ֑ב וַיֹּאמְר֖וּ לֹ֥א נַעֲלֶֽה׃ 13 הַמְעַ֗ט כִּ֤י הֶֽעֱלִיתָ֨נוּ֙ מֵאֶ֨רֶץ זָבַ֤ת חָלָב֙ וּדְבַ֔שׁ לַהֲמִיתֵ֖נוּ בַּמִּדְבָּ֑ר כִּֽי־תִשְׂתָּרֵ֥ר עָלֵ֖ינוּ גַּם־הִשְׂתָּרֵֽר׃ 14 אַ֡ף לֹ֣א אֶל־אֶרֶץ֩ זָבַ֨ת חָלָ֤ב וּדְבַשׁ֙ הֲבִ֣יאֹתָ֔נוּ וַתִּ֨תֶּן־לָ֔נוּ נַחֲלַ֖ת שָׂדֶ֣ה וָכָ֑רֶם הַעֵינֵ֞י הָאֲנָשִׁ֥ים הָהֵ֛ם תְּנַקֵּ֖ר לֹ֥א נַעֲלֶֽה׃ 15 וַיִּ֤חַר לְמֹשֶׁה֙ מְאֹ֔ד וַיֹּ֨אמֶר֙ אֶל־יְהוָ֔ה אַל־תֵּ֖פֶן אֶל־מִנְחָתָ֑ם לֹ֠א חֲמ֨וֹר אֶחָ֤ד מֵהֶם֙ נָשָׂ֔אתִי וְלֹ֥א הֲרֵעֹ֖תִי אֶת־אַחַ֥ד מֵהֶֽם׃ 16 וַיֹּ֤אמֶר מֹשֶׁה֙ אֶל־קֹ֔רַח אַתָּה֙ וְכָל־עֲדָ֣תְךָ֔ הֱי֖וּ לִפְנֵ֣י יְהוָ֑ה אַתָּ֥ה וָהֵ֛ם וְאַהֲרֹ֖ן מָחָֽר׃ 17 וּקְח֣וּ ׀ אִ֣ישׁ מַחְתָּת֗וֹ וּנְתַתֶּ֤ם עֲלֵיהֶם֙ קְטֹ֔רֶת וְהִקְרַבְתֶּ֞ם לִפְנֵ֤י יְהוָה֙ אִ֣ישׁ מַחְתָּת֔וֹ חֲמִשִּׁ֥ים וּמָאתַ֖יִם מַחְתֹּ֑ת וְאַתָּ֥ה וְאַהֲרֹ֖ן אִ֥ישׁ מַחְתָּתֽוֹ׃ 18 וַיִּקְח֞וּ אִ֣ישׁ מַחְתָּת֗וֹ וַיִּתְּנ֤וּ עֲלֵיהֶם֙ אֵ֔שׁ וַיָּשִׂ֥ימוּ עֲלֵיהֶ֖ם קְטֹ֑רֶת וַֽיַּעַמְד֗וּ פֶּ֛תַח אֹ֥הֶל מוֹעֵ֖ד וּמֹשֶׁ֥ה וְאַהֲרֹֽן׃ 19 וַיַּקְהֵ֨ל עֲלֵיהֶ֥ם קֹ֨רַח֙ אֶת־כָּל־הָ֣עֵדָ֔ה אֶל־פֶּ֖תַח אֹ֣הֶל מוֹעֵ֑ד וַיֵּרָ֥א כְבוֹד־יְהוָ֖ה אֶל־כָּל־הָעֵדָֽה׃ פ 20 וַיְדַבֵּ֣ר יְהוָ֔ה אֶל־מֹשֶׁ֥ה וְאֶֽל־אַהֲרֹ֖ן לֵאמֹֽר׃ 21 הִבָּ֣דְל֔וּ מִתּ֖וֹךְ הָעֵדָ֣ה הַזֹּ֑את וַאַכַלֶּ֥ה אֹתָ֖ם כְּרָֽגַע׃ 22 וַיִּפְּל֤וּ עַל־פְּנֵיהֶם֙ וַיֹּ֣אמְר֔וּ אֵ֕ל אֱלֹהֵ֥י הָרוּחֹ֖ת לְכָל־בָּשָׂ֑ר הָאִ֤ישׁ אֶחָד֙ יֶחֱטָ֔א וְעַ֥ל כָּל־הָעֵדָ֖ה תִּקְצֹֽף׃ פ 23 וַיְדַבֵּ֥ר יְהוָ֖ה אֶל־מֹשֶׁ֥ה לֵּאמֹֽר׃ 24 דַּבֵּ֥ר אֶל־הָעֵדָ֖ה לֵאמֹ֑ר הֵֽעָלוּ֙ מִסָּבִ֔יב לְמִשְׁכַּן־קֹ֖רַח דָּתָ֥ן וַאֲבִירָֽם׃ 25 וַיָּ֣קָם מֹשֶׁ֔ה וַיֵּ֖לֶךְ אֶל־דָּתָ֣ן וַאֲבִירָ֑ם וַיֵּלְכ֥וּ אַחֲרָ֖יו זִקְנֵ֥י יִשְׂרָאֵֽל׃ 26 וַיְדַבֵּ֨ר אֶל־הָעֵדָ֜ה לֵאמֹ֗ר ס֣וּרוּ נָ֡א מֵעַל֩ אָהֳלֵ֨י הָאֲנָשִׁ֤ים הָֽרְשָׁעִים֙ הָאֵ֔לֶּה וְאַֽל־תִּגְּע֖וּ בְּכָל־אֲשֶׁ֣ר לָהֶ֑ם פֶּן־תִּסָּפ֖וּ בְּכָל־חַטֹּאתָֽם׃ 27 וַיֵּעָל֗וּ מֵעַ֧ל מִשְׁכַּן־קֹ֛רֶח דָּתָ֥ן וַאֲבִירָ֖ם מִסָּבִ֑יב וְדָתָ֨ן וַאֲבִירָ֜ם יָצְא֣וּ נִצָּבִ֗ים פֶּ֚תַח אָֽהֳלֵיהֶ֔ם וּנְשֵׁיהֶ֥ם וּבְנֵיהֶ֖ם וְטַפָּֽם׃ 28 וַיֹּאמֶר֮ מֹשֶׁה֒ בְּזֹאת֙ תֵּֽדְע֔וּן כִּֽי־יְהוָ֣ה שְׁלָחַ֔נִי לַעֲשׂ֕וֹת אֵ֥ת כָּל־הַֽמַּעֲשִׂ֖ים הָאֵ֑לֶּה כִּי־לֹ֖א מִלִּבִּֽי׃ 29 אִם־כְּמ֤וֹת כָּל־הָֽאָדָם֙ יְמֻת֣וּן אֵ֔לֶּה וּפְקֻדַּת֙ כָּל־הָ֣אָדָ֔ם יִפָּקֵ֖ד עֲלֵיהֶ֑ם לֹ֥א יְהוָ֖ה שְׁלָחָֽנִי׃ 30 וְאִם־בְּרִיאָ֞ה יִבְרָ֣א יְהוָ֗ה וּפָצְתָ֨ה הָאֲדָמָ֤ה אֶת־פִּ֨יהָ֙ וּבָלְעָ֤ה אֹתָם֙ וְאֶת־כָּל־אֲשֶׁ֣ר לָהֶ֔ם וְיָרְד֥וּ חַיִּ֖ים שְׁאֹ֑לָה וִֽידַעְתֶּ֕ם כִּ֧י נִֽאֲצ֛וּ הָאֲנָשִׁ֥ים הָאֵ֖לֶּה אֶת־יְהוָֽה׃ 31 וַיְהִי֙ כְּכַלֹּת֔וֹ לְדַבֵּ֕ר אֵ֥ת כָּל־הַדְּבָרִ֖ים הָאֵ֑לֶּה וַתִּבָּקַ֥ע הָאֲדָמָ֖ה אֲשֶׁ֥ר תַּחְתֵּיהֶֽם׃ 32 וַתִּפְתַּ֤ח הָאָ֨רֶץ֙ אֶת־פִּ֔יהָ וַתִּבְלַ֥ע אֹתָ֖ם וְאֶת־בָּתֵּיהֶ֑ם וְאֵ֤ת כָּל־הָאָדָם֙ אֲשֶׁ֣ר לְקֹ֔רַח וְאֵ֖ת כָּל־הָרֲכֽוּשׁ׃ 33 וַיֵּ֨רְד֜וּ הֵ֣ם וְכָל־אֲשֶׁ֥ר לָהֶ֛ם חַיִּ֖ים שְׁאֹ֑לָה וַתְּכַ֤ס עֲלֵיהֶם֙ הָאָ֔רֶץ וַיֹּאבְד֖וּ מִתּ֥וֹךְ הַקָּהָֽל׃ 34 וְכָל־יִשְׂרָאֵ֗ל אֲשֶׁ֛ר סְבִיבֹתֵיהֶ֖ם נָ֣סוּ לְקֹלָ֑ם כִּ֣י אָֽמְר֔וּ פֶּן־תִּבְלָעֵ֖נוּ הָאָֽרֶץ׃ 35 וְאֵ֥שׁ יָצְאָ֖ה מֵאֵ֣ת יְהוָ֑ה וַתֹּ֗אכַל אֵ֣ת הַחֲמִשִּׁ֤ים וּמָאתַ֨יִם֙ אִ֔ישׁ מַקְרִיבֵ֖י הַקְּטֹֽרֶת׃ פ
ကောရ၊ ဒါသန်နှင့် အဘိရံ
1 လေဝိအမျိုး၊ ကောဟတ်သား ဣဇဟာ၏သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့်အဘိရံ၊ ပေလက်၏သား ဩနတို့ကိုခေါ်ပြီးလျှင်၊ယု၊၁၁။2 ပရိသတ်၌ကျော်စော၍ ဂုဏ်အသရေရှိသောသူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုးသားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကိုပုန်ကန်၍၊ 3 မောရှေနှင့် အာရုန်တစ်ဖက်၌စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။ 4 ထိုစကားကိုမောရှေကြားလျှင် ပျပ်ဝပ်လျက်နေ၏။ 5 တစ်ဖန် မောရှေက၊ အဘယ်သူသည် ထာဝရဘုရား၏လူ ဖြစ်သည်ကိုလည်းကောင်း၊ အဘယ်သူ သန့်ရှင်းသည်ကိုလည်းကောင်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကိုလည်းကောင်း၊ နက်ဖြန်နေ့၌ ထာဝရဘုရားပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်းကပ်စေတော်မူမည်။ 6 အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှတို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကိုယူ၍၊ 7 နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့်လောဗန်ကိုတင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသောသူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။ 8 တစ်ဖန် မောရှေက၊ အိုလေဝိသားတို့၊ နားထောင်ကြပါလော့။ 9 သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကိုဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကိုလည်း စောင့်စေမည်အကြံ ရှိတော်မူသည်နှင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ခေါ်၍ နေရာချခြင်းငှာ၊ ဣသရေလအမျိုး ပရိသတ်နှင့်ခွဲထား၍၊ 10 သင့်ကိုလည်းကောင်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်းတို့ကိုလည်းကောင်း၊ အနီးအပါး၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။ 11 ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်း ရှိသမျှတို့သည် ထာဝရဘုရားတစ်ဖက်၌ စုဝေးကြပြီတကား။ အာရုန်ကိုအပြစ်တင်၍ မြည်တမ်းရမည်အကြောင်း၊ သူသည် အဘယ်သို့သောသူဖြစ်သနည်းဟု ကောရအားဆိုပြီးမှ၊ 12 ဧလျာဘသား ဒါသန်နှင့်အဘိရံတို့ကိုခေါ်ခြင်းငှာ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။ 13 သင်သည် ဤတော၌ ငါတို့ကိုသတ်လို၍ နို့နှင့်ပျားရည်စီးသောပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။ 14 ထိုမှတစ်ပါး နို့နှင့် ပျားရည်စီးသောပြည်သို့ ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့မလာဟု ပြန်ဆို၏။ 15 မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ပူဇော်သကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတစ်ကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တစ်ယောက်ကိုမျှမညှဉ်းဆဲပါဟု ထာဝရဘုရားအားလျှောက်၍၊ 16 ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်း ရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။ 17 လူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ လောဗန်ကိုတင်ပြီးမှ၊ သင်နှင့်အာရုန်သည်လည်း မိမိတို့လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ကြလော့ဟု ဆိုသည်အတိုင်း၊ 18 ထိုသူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ မီးနှင့်လောဗန်ကိုတင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့်အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေကြ၏။
19 ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တစ်ဖက်၌စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။ 20,21 ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့်ခွာ၍ တခြားစီနေလော့။ ငါသည် သူတို့ကိုချက်ချင်းဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အားမိန့်တော်မူလျှင်၊ 22 သူတို့ကပျပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင်၊ လူတစ်ယောက်အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။ 23,24 ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများကို ရှောင်၍နေစေခြင်းငှာ၊ ပရိသတ်တို့အားဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ 25 မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့သွားပြီးမှ၊ 26 ဤလူဆိုးတို့၏ နေရာတဲများကို ရှောင်၍နေကြပါလော့။ သူတို့၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆိုလျှင်၊ 27 လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယားအကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။ 28 မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည်အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည်အကြောင်းကို သင်တို့သည် အဘယ်သို့သိရမည်နည်း ဟူမူကား၊ 29 ခပ်သိမ်းသောလူသတ္တဝါတို့ ခံရသော သေခြင်း၊ ခပ်သိမ်းသောလူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မမူ။ 30 သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကိုလည်းကောင်း၊ သူတို့နှင့်ဆိုင်သမျှကိုလည်းကောင်းမျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည် သိနားလည်ရကြလိမ့်မည်ဟု၊ 31 ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာမြေကြီးသည် ကွဲ၍၊ 32 မိမိခံတွင်းကိုဖွင့်သဖြင့်၊ သူတို့နှင့် သူတို့အိမ်များကိုလည်းကောင်း၊ ကောရနှင့်ဆိုင်သမျှသောသူတို့နှင့် သူတို့ဥစ္စာရှိသမျှကိုလည်းကောင်း မျိုလေ၏။ 33 ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသောသူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကို ခံရကြ၏။ 34 သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက်ပြေးကြ၏။ 35 နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
လင်ပန်းများ
36,37 ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသောလင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကိုပစ်ချပြီးမှ၊
38 ကိုယ်အသက်ကို သေစေခြင်းငှာ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ်ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ 39 ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်းကိုခံရသော သူတို့ပူဇော်သော လင်ပန်းများကိုယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်လေ၏။ 40 ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတစ်ပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
အာရုန်၏ကယ်ဆယ်ခြင်း
41 နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့်အာရုန်တို့ကို အပြစ်တင်၍ မြည်တမ်းကြ၏။ 42 ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာတဲတော်သို့ မျှော်ကြည့်၍၊ မိုးတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။ 43 မောရှေနှင့်အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။ 44,45 ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့ကို ရှောင်၍နေကြလော့။ ငါသည် သူတို့ကို ချက်ချင်းဖျက်ဆီးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။ 46 မောရှေကလည်း၊ သင်သည် လင်ပန်းကိုကိုင်၍ ယဇ်ပလ္လင်ပေါ်ကမီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကိုလည်းတင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကိုပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက်ရှိပြီဟု၊ 47 အာရုန်အားမှာထားသည်အတိုင်း၊ အာရုန်သည်ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့၌ဘေးဥပဒ်ရောက်စ ရှိသည်ဖြစ်၍၊ လောဗန်ကိုတင်သဖြင့် လူများတို့အဖို့ အပြစ်ဖြေခြင်းကိုပြု၏။ 48 အသက်ရှင်သောသူ၊ သေသောသူစပ်ကြားမှာရပ်နေ၍၊ ဘေးဥပဒ်ငြိမ်းလေ၏။ 49 ကောရအမှုကြောင့် သေသောသူတို့ကိုထား၍ ထိုဘေးဥပဒ်ဖြင့် သေသောလူပေါင်းကား၊ တစ်သောင်းလေးထောင်ခုနစ်ရာ ရှိသတည်း။ 50 ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ပြန်လာ၏။