ယုံကြည်အားနည်းသောသူတို့
1 ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဖွယ်သော ပြဿနာတို့ကို ထိုသူနှင့် မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။- 2 အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာ စား၏။- 3 အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း၊ စားသောသူကို မစစ်ကြောမစီရင်စေနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။- 4 သူတစ်ပါးပိုင်သော လူကို စစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏အပြစ်ကိုလွှတ်ခြင်းငှာ တတ်နိုင်တော်မူ၏။- 5 နေ့ရက်တစ်ရက်ထက်တစ်ရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘောကျပါစေ။- 6 နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။-ကော၊ ၂:၁၆။7 ငါတို့တွင် အဘယ်သူမျှ ကိုယ်အဖို့အလိုငှာ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဖို့အလိုငှာ မသေ။- 8 အသက်ရှင်လျှင်၊ သခင်ဘုရားအဖို့အလိုငှာ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရားအဖို့အလိုငှာ သေ၏။ ထိုကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။- 9 အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသောသူတို့ကိုလည်းကောင်း၊ ရှင်သောသူတို့ကိုလည်းကောင်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှာ အသေခံ၍၊ ခံပြီးမှ အသက်ရှင်ပြန်တော်မူ၏။
10 သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည်။-၂ကော၊ ၅:၁၀။11 ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အား လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-ဟေရှာ၊ ၄၅:၂၃။12 သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
ညီအစ်ကိုချင်းမှားယွင်းရန်မပြုနှင့်
13 ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့် မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။- 14 အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို၊ ငါသည် သခင်ယေရှုကို အမှီပြုလျက် သဘောကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူးသည်ဟု အကြင်သူသည် ထင်၏။ ထိုသူ၌ ညစ်ညူး၏။- 15 သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည် မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကို သင်၏အစာအားဖြင့် အကျိုးမနည်းစေနှင့်။- 16 သင်တို့သည် အခွင့်ရသည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်းမရှိစေနှင့်။- 17 ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။- 18 ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဖွယ်၊ လူတို့တွင် ချီးမွမ်းဖွယ်ဖြစ်၏။- 19 ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်း တည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်ကြကုန်အံ့။- 20 ဘုရားသခင်၏ အမှုတော်ကို သင်၏အစာအလိုငှာ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတစ်ပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသောသူသည် အပြစ်ရှိ၏။- 21 အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။- 22 သင်သည် ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ၏။- 23 ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ်မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။
1 Acolhei aquele que é fraco na fé, com bondade, sem discutir as suas opiniões.
2 Um crê poder comer de tudo; outro, que é fraco, só come legumes.
3 Quem come de tudo não despreze aquele que não come. Quem não come não julgue aquele que come, porque Deus o acolhe do mesmo modo.
4 Quem és tu, para julgares o servo de outros? Que esteja firme, ou caia, isto é lá com o seu senhor. Mas ele estará firme, porque poderoso é Deus para o sustentar.
5 Um faz distinção entre dia e dia; outro, porém, considera iguais todos os dias. Cada um proceda segundo sua convicção.
6 Quem distingue o dia, age assim pelo Senhor. Quem come de tudo o faz pelo Senhor, porque dá graças a Deus. E quem não come, abstém-se pelo Senhor, e igualmente dá graças a Deus.
7 Nenhum de nós vive para si, e ninguém morre para si.
8 Se vivemos, vivemos para o Senhor; se morremos, morremos para o Senhor. Quer vivamos, quer morramos, pertencemos ao Senhor.
9 Para isso é que morreu Cristo e retomou a vida, para ser o Senhor tanto dos mortos como dos vivos.
10 Por que julgas, então, o teu irmão? Ou por que desprezas o teu irmão? Todos temos que comparecer perante o tribunal de Deus.
11 Porque está escrito: Por minha vida, diz o Senhor, diante de mim se dobrará todo joelho, e toda língua dará glória a Deus (Is 45,23).
12 Assim, pois, cada um de nós dará conta de si mesmo a Deus.
13 Deixemos, pois, de nos julgar uns aos outros; antes, cuidai em não pôr um tropeço diante do vosso irmão ou dar-lhe ocasião de queda.
14 Sei, estou convencido no Senhor Jesus de que nenhuma coisa é impura em si mesma; somente o é para quem a considera impura.
15 Ora, se por uma questão de comida entristeces o teu irmão, já não vives segundo a caridade. Pela comida não causes a perdição daquele por quem Cristo morreu!
16 Não venha a tornar-se objeto de calúnia a tua vantagem.
17 O Reino de Deus não é comida nem bebida, mas justiça, paz e gozo no Espírito Santo.
18 Quem deste modo serve a Cristo, agrada a Deus e goza de estima dos homens.
19 Portanto, apliquemo-nos ao que contribui para a paz e para a mútua edificação.
20 Não destruas a obra de Deus por questão de comida. Todas as coisas, em verdade, são puras, mas o que é mau para um homem é o fato de comer provocando um escândalo.
21 Bom é não comer carne, nem beber vinho, nem outra coisa que para teu irmão possa ser uma ocasião de queda.
22 Tens uma convicção; guarda-a para ti mesmo, diante de Deus. Feliz é aquele que não se condena a si mesmo no ato a que se decide.
23 Mas, aquele que come apesar de suas dúvidas, condena-se, por não se guiar pela convicção. Tudo o que não procede da convicção é pecado.