1 ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊ 2 အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။ 3 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း။ 4 လူတစ်ဆက် လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။ 5 နေလည်း ထွက်လျက်ဝင်လျက်၊ ထွက်ရာအရပ်သို့ တစ်ဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တစ်ဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။ 6 လေသည်လည်း အစဉ်လည်သွား၍၊ လည်ပြီးသောအရပ်သို့ တစ်ဖန် ပြန်၍လည်ပြန်တတ်၏။ 7 ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။ 8 ခပ်သိမ်းသောအရာတို့သည် လူမပြောနိုင်အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည်မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။ 9 ဖြစ်ဖူးသောအရာသည် ဖြစ်လတ္တံ့သောအရာနှင့် တူ၏။ ယခုပြုသောအမှုသည် ပြုလတ္တံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သောအမှုအရာမရှိ။ 10 ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာတစ်စုံတစ်ခု ရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဖူးပြီ။ 11 ရှေးဖြစ်ဖူးသောအမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်ဖြစ်လတ္တံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတ္တံ့သောသူတို့သည် မေ့လျော့ကြလိမ့်မည်။
12 ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင် ဖြစ်စဉ်တွင်၊ 13 မိုးကောင်းကင်အောက်၌ ပြုသမျှတို့ကို ဉာဏ်ပညာအားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှာ နှလုံးထား၏။ လူသားတို့ ကျင်လည်ရာဖို့ ထိုပင်ပန်းစေသောအမှုကို ဘုရားသခင်ပေးတော်မူပြီ။ 14 နေအောက်မှာ ပြုလေသမျှသော အမှုအရာတို့ကိုငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏။ 15 ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့သောအရာကို မရေတွက်ရာ။ 16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။၃ရာ၊ ၄း၂၉-၃၁။17 ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ကိုလည်းကောင်း ပိုင်းခြား၍ သိအံ့သောငှာ ငါသည်နှလုံးထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏။ 18 အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။
1 Parole dell’Ecclesiaste, figlio di Davide, re di Gerusalemme. 2 "Vanità delle vanità", dice l’Ecclesiaste; "vanità delle vanità, tutto è vanità". 3 Che profitto ha l’uomo di tutta la fatica che sostiene sotto il sole? 4 Una generazione se ne va, un’altra viene, e la terra sussiste per sempre. 5 Anche il sole sorge, poi tramonta, e si affretta verso il luogo da cui sorgerà di nuovo. 6 Il vento soffia verso il mezzogiorno, poi gira verso settentrione; va girando, girando continuamente, per ricominciare gli stessi giri. 7 Tutti i fiumi corrono al mare, eppure il mare non si riempie; al luogo dove i fiumi si dirigono, tornano a dirigersi sempre. 8 Ogni cosa è in travaglio, più di quanto l’uomo possa dire; l’occhio non si sazia mai di vedere e l’orecchio non è mai stanco di udire. 9 Ciò che è stato è quel che sarà; ciò che si è fatto è quel che si farà; non c’è nulla di nuovo sotto il sole. 10 C’è forse qualcosa della quale si possa dire: "Guarda questo è nuovo?". Quella cosa esisteva già nei secoli che ci hanno preceduto. 11 Non rimane ricordo delle cose di altri tempi; e di ciò che succederà in seguito non rimarrà ricordo fra quelli che verranno più tardi.
12 Io, l’Ecclesiaste, sono stato re d’Israele a Gerusalemme, 13 e ho applicato il cuore a cercare e a investigare con sapienza tutto ciò che si fa sotto il cielo: occupazione penosa, che Dio ha dato ai figli degli uomini perché vi si affatichino. 14 Io ho visto tutto ciò che si fa sotto il sole; ed ecco tutto è vanità e un correre dietro al vento. 15 Ciò che è storto non può essere raddrizzato, ciò che manca non può essere contato. 16 Io ho detto, parlando in cuor mio: "Ecco io ho acquistato maggiore sapienza di tutti quelli che hanno regnato prima di me in Gerusalemme"; sì, il mio cuore ha posseduto molta sapienza e molta scienza. 17 Ho applicato il cuore a conoscere la sapienza e a conoscere la follia e la stoltezza; ho riconosciuto che anche questo è un correre dietro al vento. 18 Poiché dove c’è molta sapienza c’è molto affanno, e chi accresce la sua scienza accresce il suo dolore.