1 ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှာ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီး တစ်ကျိပ်နှင့် တူ၏။-လု၊ ၁၂:၃၅။2 ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။- 3 မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။- 4 ပညာသတိရှိသော သူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။- 5 မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍ အိပ်ပျော်ကြ၏။-
6 သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊- 7 ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။- 8 မိုက်သောသူတို့က ငါတို့ဆီမီး သေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။- 9 ပညာရှိသောသူတို့ကလည်း သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထိုကြောင့် ဆီရောင်းသောသူ ရှိရာသို့ သွား၍ ကိုယ်သုံးဖို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။- 10 ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍၊ အသင့်ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။- 11 ထိုနောက် ကြွင်းသောသတို့သမီးတို့သည် လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်၊-လု၊ ၁၃:၂၅။12 အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။- 13 သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့။
14 ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း၊ တစ်ဦး၌ ငွေအခွက်ငါးဆယ်၊-လု၊ ၁၉:၁၁-၂၇။15 တစ်ဦး၌ အခွက်နှစ်ဆယ်၊ တစ်ဦး၌ အခွက်တစ်ဆယ်ကို အပ်ပေးပြီးမှ ချက်ချင်းသွားလေ၏။- 16 အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။- 17 ထိုနည်းတူ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်း၊ အခြားသော အခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။- 18 အခွက်တစ်ဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌တွင်းတူးပြီးလျှင် အရှင်၏ငွေကို ဝှက်ထားလေ၏။
19 ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည် လာ၍ သူတို့ကို စာရင်းယူလေ၏။- 20 အခွက်ငါးဆယ်ကို ခံသောသူသည် ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကို ဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။- 21 အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။- 22 အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ်ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊- 23 အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။
24 အခွက်တစ်ဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ်သိ၍၊- 25 ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တစ်ဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခု ကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။- 26 အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊- 27 ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကို ရနိုင်၏။- 28 ထိုကြောင့် အခွက်တစ်ဆယ်ကို ထိုသူ၏ လက်မှနုတ်ကြ။ အခွက်တစ်ရာရှိသောသူကို ပေးကြ။- 29 အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။30 အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။မ၊ ၈:၁၂၊ ၂၂:၁၃။ လု၊ ၁၃:၂၈။
31 လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊-မ၊ ၁၆:၂၇၊၁၉:၂၈။32 ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ၍၊- 33 သိုးတို့ကို လက်ယာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတ္တံ့။
34 ထိုအခါ လက်ယာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။- 35 အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။- 36 ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့် ဖုံးလွှမ်းကြ၏။ ငါသည် အနာရောဂါ စွဲသောအခါ သင်တို့သည် ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊- 37 ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက်ဖို့ ပေးပါသနည်း။- 38 ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။- 39 အနာစွဲတော်မူသည်ကိုလည်းကောင်း၊ ထောင်ထဲမှာ နေတော်မူသည်ကိုလည်းကောင်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန်၍လျှောက်ကြသော်၊- 40 မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့။-
41 ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။- 42 အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့မပေး။- 43 ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်း ရှိသောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါ စွဲသောအခါ၌လည်းကောင်း၊ ထောင်ထဲမှာနေရသော အခါ၌လည်းကောင်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊- 44 ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်း ရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊- 45 မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား မပြုသမျှတို့ကို ငါ့အားမပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့။- 46 ထိုသူတို့သည် ထာဝရအပြစ်ဒဏ် ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သော သူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့ဟု မိန့်တော်မူ၏။ဒံ၊ ၁၂:၂။
1 Então,vd.Mt 13.24 o reino dos céus será semelhante a dez virgens que, tomando as suas Jo 18.3;At 20.8;Ap 4.5;8.10(Gr.)lâmpadas, saíram ao encontro do noivo. 2 Cinco dentre elas eram néscias, e cinco, prudentes. 3 As néscias, tomando as suas lâmpadas, não levaram azeite consigo; 4 mas as Mt 7.24;10.16;24.45prudentes levaram azeite em suas vasilhas, juntamente com as lâmpadas. 5 Tardando o noivo, toscanejaram todas e adormeceram. 6 Mas, à meia-noite, ouviu-se um grito: Eis o noivo! Saí ao seu encontro! 7 Então se levantaram todas aquelas virgens e prepararam as suas lâmpadas. 8 Disseram as néscias às prudentes: Dai-nos do vosso azeite, porque as nossas lâmpadas estão-se apagando. 9 Porém Mt 7.24;10.16;24.45as prudentes responderam: Talvez não haja bastante para nós e para vós; ide, antes, aos que o vendem e comprai-o para vós. 10 Enquanto foram comprá-lo, veio o noivo; as que estavam cp.24.42ss.apercebidas entraram com ele para cp.Lc 12.35s.as bodas, Lc 13.25; cp.Mt 7.21ss.e fechou-se a porta. 11 Depois, vieram as outras virgens e disseram: Senhor, senhor, abre-nos a porta! 12 Mas ele respondeu: Em verdade vos digo que não vos conheço. 13 Portanto, vigiai, porque não sabeis nem o dia nem a hora.
14 Mt 25.14-30; cp.Lc 19.12-27Pois é assim como um homem que, Mt 21.33partindo para outro país, chamou os seus servos e lhes entregou os seus bens: 15 a um deu cinco Mt 18.24; cp.Lc 19.13talentos, a outro, dois e a outro, um, a cada qual segundo a sua capacidade; e seguiu viagem. 16 O que recebera cinco talentos foi imediatamente, negociar com eles e ganhou outros cinco; 17 do mesmo modo, o que recebera dois ganhou outros dois. 18 Mas o que tinha recebido um só foi-se, e fez uma cova no chão, e escondeu o dinheiro do seu senhor. 19 Depois de muito tempo, voltou o senhor daqueles servos e Mt 18.23ajustou contas com eles. 20 Chegando o que recebera cinco talentos, apresentou-lhe outros cinco, dizendo: Senhor, entregaste-me cinco talentos; aqui estão outros cinco que ganhei. 21 Disse-lhe o seu senhor: Muito bem, servo bom Mt 25.23; vd.Mt 24.45,47e fiel, já que foste fiel no pouco, confiar-te-ei o muito; entra no gozo do teu senhor. 22 Chegou também o que recebera dois talentos, e disse: Senhor, entregaste-me dois talentos; aqui estão outros dois que ganhei. 23 Disse-lhe o seu senhor: Muito bem, servo bom e fiel; já que foste fiel no pouco, confiar-te-ei o muito; entra no gozo do teu senhor. 24 Chegou, por fim, o que havia recebido um só talento, dizendo: Senhor, eu soube que és um homem severo, ceifas onde não semeaste e recolhes onde não joeiraste; 25 e, atemorizado, fui esconder o teu talento na terra; aqui tens o que é teu. 26 Porém o seu senhor respondeu: Servo mau e preguiçoso, sabias que ceifo onde não semeei e que recolho onde não joeirei? 27 Devias, então, ter entregado o meu dinheiro aos banqueiros, e, vindo eu, teria recebido o que é meu com juros. 28 Tirai-lhe, pois, o talento e dai-o ao que tem os dez talentos; 29 vd.Mt 13.12porque a todo o que tem, dar-se-lhe-á e terá em abundância; mas ao que não tem, até o que tem, ser-lhe-á tirado. 30 Ao servo inútil, porém, lançai-o nas vd.Mt 8.12trevas exteriores; ali haverá o choro e o ranger de dentes.
31 Quando vier vd.Mt 16.27s.o Filho do Homem na sua glória, e todos os anjos com ele, então Mt 19.28se assentará no trono de sua glória. 32 Todas as nações serão reunidas diante dele, e separará uns dos outros, cp.Ez 34.17,20como o pastor separa as ovelhas dos cabritos; 33 porá as ovelhas cp.1Rs 2.19;Sl 45.9à sua direita, mas os cabritos, cp.Ec 10.2à esquerda. 34 Então, dirá o Rei aos que estiverem à sua direita: Vinde, benditos de meu Pai, Lc 12.32;1Co 6.9;15.50;Gl 5.21;Tg 2.5; cp.Mt 5.3;19.29possuí como herança o reino que vos está destinado Lc 11.50;Hb 4.3;9.26;Ap 13.8;17.8; cp.Jo 17.24;Ef 1.4;1Pe 1.20; cp.Mt 13.35desde a fundação do mundo. 35 Is 58.7;Ez 18.7,16;Tg 2.15-16Pois tive fome, e destes-me de comer; tive sede, e destes-me de beber; Jó 31.32;Hb 13.2era forasteiro, e recolhestes-me; 36 estava nu, e vestistes-me; enfermo, e Tg 1.27visitastes-me; 2Tm 1.16s.preso, e viestes ver-me. 37 Então, perguntarão os justos: Senhor, quando te vimos faminto e te demos de comer? Ou com sede e te demos de beber? 38 Quando te vimos forasteiro e te recolhemos? Ou nu e te vestimos? 39 Quando te vimos enfermo ou preso e fomos visitar-te? 40 Mt 25.34;Lc 19.38;Ap 17.14;19.16O Rei responderá: Em verdade vos digo que, cp.Mt 10.42;Hb 6.10;Pv 19.17quantas vezes o fizestes a um destes meus irmãos mais pequeninos, a mim o fizestes. 41 Dirá também aos que estiverem à sua esquerda: Mt 7.23Apartai-vos de mim, malditos, para Mc 9.48;Lc 16.24;Jd 7o fogo eterno, destinado ao Ap 12.9; cp.Mt 4.10Diabo e seus anjos. 42 Pois tive fome, e não me destes de comer; tive sede e não me destes de beber; 43 era forasteiro, e não me recolhestes; estava nu, e não me vestistes; enfermo e preso, e não me visitastes. 44 Também eles perguntarão: Senhor, quando te vimos faminto, com sede, forasteiro, nu, enfermo ou preso e não te servimos? 45 Então lhes responderá: Em verdade vos digo que, quantas vezes o deixastes de fazer a um destes mais pequeninos, a mim o deixastes de fazer. 46 Irão estes para o cp.Dn 12.2;Jo 5.29;At 24.15suplício eterno, porém os justos, para Mt 19.29;Jo 3.15-16,36;5.24;6.27,40,47,54;17.2s.;At 13.46,48;Rm 2.7;5.21;6.23;Gl 6.8;1Jo 5.11, etc.a vida eterna.