1 ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။- 2 ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏။မ၊ ၄:၁၇။ မာ၊ ၁:၁၅။3 ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။ဟေရှာ၊ ၄၀:၃။4 ယောဟန်သည် ကုလားအုတ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။၄ရာ၊၁:၈။5 ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာ နေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ 6 မိမိတို့အပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။
7 ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။မ၊ ၁၂:၃၄၊၂၃:၃၃။8 နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ 9 အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ယော၊ ၈:၃၃။10 သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။မ၊ ၇:၁၉။11 ငါသည် နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
12 လက်တော်တွင် ဆန်ကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့ဟု ယောဟန်ဟောပြော၏။
13 ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ 14 ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ 15 ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။ 16 ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ 17 ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ဆာ၊ ၂:၇။ ဟေရှာ၊ ၄၂:၁။ မ၊ ၁၂:၁၈၊ ၁၇:၅။ မာ၊ ၁:၁၁။ လု၊ ၉:၃၅။
1 Mt 3.1-12;Mc 1.3-8;Lc 3.2-17; cp.Jo 1.6-8,19-28Naqueles dias, apareceu João Batista pregando Jz 1.16; cp.Js 15.61no deserto da Judeia: 2 Mt 4.17Arrependei-vos, porque está próximo cp.Dn 2.44;Mt 4.17;6.10;10.7; cp.Mc 1.15;Lc 10.9s.;11.20;21.31; cp.Mt 4.23o reino dos céus. 3 Pois é a João que se refere o que foi dito pelo profeta Isaías:
Is 40.3; cp.Jo 1.23Voz do que clama no deserto:
Preparai o caminho do Senhor,
endireitai as suas veredas.
4 Ora, o mesmo João usava 2Rs 1.8; cp.Zc 13.4uma veste de pelo de camelo e uma correia em volta da cintura; e alimentava-se de Lv 11.22gafanhotos e mel silvestre. 5 Então, ia ter com ele o povo de Jerusalém, de toda a Judeia e de toda Lc 3.3a circunvizinhança do Jordão; 6 e eram por ele batizados no rio Jordão, confessando os seus pecados. 7 Mas, vendo João que muitos cp.Mt 23.13,15;16.1ss.fariseus e cp.Mt 22.23;16.1ss.;At 4.1;5.17;23.6ss.saduceus vinham ao seu batismo, disse-lhes: Mt 12.34;23.33Raça de víboras, quem vos recomendou que fugísseis 1Ts 1.10da ira vindoura? 8 Dai, pois, frutos At 26.20dignos do vosso arrependimento 9 e não queirais dizer dentro de vós mesmos: Jo 8.33,39Temos como pai a Abraão; porque vos declaro que destas pedras Deus pode suscitar filhos a Abraão. 10 O machado já está posto à raiz das árvores; Mt 7.19toda árvore, pois, que não dá bom fruto é cortada e lançada no fogo. 11 vd.Jo 1.26Eu, na verdade, vos batizo com água para o arrependimento; mas aquele que há de vir depois de mim é mais poderoso do que eu, e não sou digno de levar-lhe as sandálias; Jo 1.33ele vos batizará com o Espírito Santo e com fogo. 12 Lc 3.17; cp.Is 30.24A sua pá, ele a tem na sua mão e limpará bem a sua eira; Mt 13.30recolherá o seu trigo no celeiro, mas queimará a palha em Mc 9.43,48fogo inextinguível.
13 Mt 3.13-17;Mc 1.9-11;Lc 3.21-22; cp.Jo 1.31-34Depois, veio Jesus Mt 2.22da Galileia ao Jordão ter com João, para ser batizado por ele. 14 Mas João objetava-lhe: Eu é que preciso ser batizado por ti, e tu vens a mim? 15 Respondeu-lhe Jesus: Deixa por agora, porque assim nos convém cumprir toda a justiça. Então ele anuiu. 16 Batizado que foi Jesus, saiu logo da água; eis que se abriram os céus, Jo 1.32e veio o Espírito de Deus descer como pomba e vir sobre ele; e uma voz dos céus disse: 17 Mt 12.18;17.5;Mc 9.7;Lc 9.35; cp.Is 42.1Este é o meu Filho dileto, em quem me agrado.