1 ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။- 2 အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။- 3 ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။-က၊ ၁၅:၆။ ဂလ၊၃:၆။4 အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။- 5 အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။- 6 ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်၍ ဆိုသည်ကား၊- 7 အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။- 8 ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ဆာ၊ ၃၂:၁-၂။
9 အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။- 10 ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။- 11 အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှာ၊-က၊ ၁၇:၁၀။12 ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှာလည်းကောင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမီ ရှိသော ယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏အဘ ဖြစ်အံ့သောငှာလည်းကောင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။
13 ထိုမှတစ်ပါး၊ ဤလောကကို အမွေခံစေမည်ဟု ကတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။-က၊ ၁၇:၄-၆၊ ၂၂:၁၇-၁၈။ ဂလ၊ ၃:၂၉။14 အကြောင်းမူကား၊ ပညတ်တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ကတိတော်လည်း အချည်းနှီးဖြစ်၏။-ဂလ၊၃:၁၈။15 ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။- 16 ထိုကြောင့်၊ ကတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။-ဂလ၊၃:၇။17 ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏အဘ ဖြစ်သတည်း။-က၊ ၁၇:၅။18 သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။-က၊ ၁၅:၅။19 ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တစ်ရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုလည်းကောင်း၊ မိမိခင်ပွန်း စာရာ၏ဝမ်းသည် သေကြောင်းကိုလည်းကောင်း မအောက်မေ့၊-က၊ ၁၇:၁၇။20 ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- 21 ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။- 22 ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
23 ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှာသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။- 24 ငါတို့အကျိုးအလိုငှာ ရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတ္တံ့။- 25 ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။ဟေရှာ၊ ၅၃:၄-၅။
1 Que diremos, então, ter conseguido Abraão, nosso progenitor, Rm 1.3segundo a carne? 2 Porque, se Abraão foi justificado pelas obras, tem de que se gloriar; mas cp.1Co 1.31não diante de Deus. 3 Pois que diz a Escritura? Rm 4.9,22;Gn 15.6;Gl 3.6;Tg 2.23E Abraão creu a Deus, e isso lhe foi imputado para justiça. 4 Ao que Rm 11.6trabalha, não lhe é imputada a recompensa por graça, mas por dívida; 5 porém ao que não trabalha, mas Rm 3.22; cp.Jo 6.29crê naquele que justifica ao ímpio, a sua fé lhe é imputada para justiça. 6 Do mesmo modo também Davi declara bem-aventurado o homem a quem Deus atribui justiça, sem obras, 7 dizendo:
Sl 32.1Bem-aventurados aqueles cujas iniquidades são perdoadas, e cujos pecados são cobertos;
8 Bem-aventurado o homem a quem o Senhor 2Co 5.19não imputará pecado.
9 Vem, pois, essa bem-aventurança sobre Rm 3.30os circuncisos ou também sobre os incircuncisos? Porque Rm 4.3dizemos: A fé foi imputada a Abraão para justiça. 10 Como, pois, lhe foi imputada? Estando na circuncisão ou na incircuncisão? Não na circuncisão, mas sim na incircuncisão; 11 e Gn 17.10s.recebeu o sinal da circuncisão, Jo 3.33selo da justiça da fé que teve quando não era circuncidado; para que fosse ele Rm 4.16s.; cp.Lc 19.9pai de Rm 3.22;Rm 4.16todos os que creem, ainda que não sejam circuncidados, a fim de que a justiça lhes fosse imputada; 12 e fosse também pai da circuncisão para aqueles que não somente são da circuncisão, mas que também andam nas pisadas da fé que teve nosso pai Abraão antes de ser circuncidado. 13 cp.Rm 9.8;Gl 3.16A promessa feita a Abraão ou à sua descendência de Gn 17.4-6;22.17s.que seria herdeiro do mundo não foi pela Lei, mas pela justiça da fé. 14 Pois, Gl 3.18se os que são da Lei são herdeiros, fica aniquilada a fé e anulada a promessa. 15 Rm 7.7,10-25;1Co 15.56;Gl 3.10A Lei provoca ira; mas Rm 3.20onde não há lei, não há transgressão. 16 Por isso, procede da fé, para que seja segundo a Rm 3.24graça, a fim de que a promessa seja firme a Rm 4.11;Rm 9.8;15.8toda a descendência; não só à que procede da lei, mas também à que procede da fé que teve Abraão 17 (que é Rm 4.11;Gn 17.5pai de todos nós, como está escrito: Eu te hei constituído pai de muitas nações.), diante de Deus, a quem creu, Jo 5.21o qual vivifica os mortos cp.Is 48.13;51.2e chama 1Co 1.28as coisas que não são, como se fossem; 18 e, em esperança, ele creu contra a esperança, para que se tornasse Gn 15.5;Rm 4.17pai de muitas nações, segundo o que se lhe havia dito: Assim será a tua descendência. 19 E, sem se enfraquecer na fé, ele considerou o seu próprio corpo já Hb 11.12amortecido Gn 17.17(tendo ele quase cem anos), Gn 18.11e a velhice de Sara; 20 contudo, à vista da promessa de Deus, não vacilou por desconfiança, mas tornou-se forte pela fé, Mt 9.8dando glória a Deus, 21 Rm 14.5e estando plenamente convencido de que Deus é poderoso para também cumprir Gn 18.14; cp.Hb 11.19o que tem prometido. 22 Pelo que isso lhe Rm 4.3foi imputado para justiça. 23 Ora, Rm 15.4;1Co 9.9s.;10.11;2Tm 3.16s.foi escrito, não somente por causa dele, que isso lhe foi imputado, 24 mas também por nossa causa, a quem há de ser imputado, a saber, a nós os Rm 10.9;1Pe 1.21que cremos naquele que At 2.24ressuscitou dentre os mortos a Jesus, nosso Senhor, 25 o qual foi Rm 5.6,8;8.32; cp.Gl 2.20;Ef 5.2entregue por causa das nossas ofensas 1Co 15.17;2Co 5.15; cp.Rm 5.18e ressuscitado por causa da nossa justificação.