33 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဖို့ စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။ 34 သူတို့သည် နေ့အချိန်၌တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုးတိမ်သည် သူတို့အပေါ်မှာရှိလေ၏။ 35 သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရားထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှပြေးကြပါစေသော ဟူ၍လည်းကောင်း၊ဆာ၊ ၆၈:၁။36 သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အိုထာဝရဘုရား၊ ဣသရေလအမျိုးသား အထောင်အသောင်းရှိရာသို့ ပြန်လာတော်မူပါဟူ၍လည်းကောင်း လျှောက်ဆိုလေ့ရှိ၏။
Publicidade
Números 10
ခရီးစထွက်ခြင်း