33 ဤတော၌ သင်တို့အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှားယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။တ၊ ၇:၃၆။34 ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တစ်ရက်ကို တစ်နှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။