1 וַיַּ֥עַן אֱלִיה֗וּ וַיֹּאמַֽר׃ 2 הֲ֭זֹאת חָשַׁ֣בְתָּ לְמִשְׁפָּ֑ט אָ֝מַ֗רְתָּ צִדְקִ֥י מֵאֵֽל׃ 3 כִּֽי־תֹ֭אמַר מַה־יִּסְכָּן־לָ֑ךְ מָֽה־אֹ֝עִ֗יל מֵֽחַטָּאתִֽי׃ 4 אֲ֭נִי אֲשִֽׁיבְךָ֣ מִלִּ֑ין וְֽאֶת־רֵעֶ֥יךָ עִמָּֽךְ׃ 5 הַבֵּ֣ט שָׁמַ֣יִם וּרְאֵ֑ה וְשׁ֥וּר שְׁ֝חָקִ֗ים גָּבְה֥וּ מִמֶּֽךָּ׃ 6 אִם־חָ֭טָאתָ מַה־תִּפְעָל־בּ֑וֹ וְרַבּ֥וּ פְ֝שָׁעֶ֗יךָ מַה־תַּעֲשֶׂה־לּֽוֹ׃ 7 אִם־צָ֭דַקְתָּ מַה־תִּתֶּן־ל֑וֹ א֥וֹ מַה־מִיָּדְךָ֥ יִקָּֽח׃ 8 לְאִישׁ־כָּמ֥וֹךָ רִשְׁעֶ֑ךָ וּלְבֶן־אָ֝דָ֗ם צִדְקָתֶֽךָ׃ 9 מֵ֭רֹב עֲשׁוּקִ֣ים יַזְעִ֑יקוּ יְשַׁוְּע֖וּ מִזְּר֣וֹעַ רַבִּֽים׃ 10 וְֽלֹא־אָמַ֗ר אַ֭יֵּה אֱל֣וֹהַּ עֹשָׂ֑י נֹתֵ֖ן זְמִר֣וֹת בַּלָּֽיְלָה׃ 11 מַ֭לְּפֵנוּ מִבַּהֲמ֣וֹת אָ֑רֶץ וּמֵע֖וֹף הַשָּׁמַ֣יִם יְחַכְּמֵֽנוּ׃ 12 שָׁ֣ם יִ֭צְעֲקוּ וְלֹ֣א יַעֲנֶ֑ה מִ֝פְּנֵ֗י גְּא֣וֹן רָעִֽים׃ 13 אַךְ־שָׁ֭וְא לֹא־יִשְׁמַ֥ע ׀ אֵ֑ל וְ֝שַׁדַּ֗י לֹ֣א יְשׁוּרֶֽנָּה׃ 14 אַ֣ף כִּֽי־תֹ֭אמַר לֹ֣א תְשׁוּרֶ֑נּוּ דִּ֥ין לְ֝פָנָ֗יו וּתְח֥וֹלֵֽל לֽוֹ׃ 15 וְעַתָּ֗ה כִּי־אַ֭יִן פָּקַ֣ד אַפּ֑וֹ וְלֹֽא־יָדַ֖ע בַּפַּ֣שׁ מְאֹֽד׃ 16 וְ֭אִיּוֹב הֶ֣בֶל יִפְצֶה־פִּ֑יהוּ בִּבְלִי־דַ֝֗עַת מִלִּ֥ין יַכְבִּֽר׃ פ
1,2 တစ်ဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ ငါသည် ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြောသောစကား မှန်သည်ထင်သလော။ 3 သင်က၊ ငါသည် အဘယ်အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏။ 4 သင်နှင့် သင်၏အပေါင်းအဖော်တို့စကားကို ငါချေပါမည်။ 5 မိုးကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုးတိမ်တို့ကို ကြည့်ရှုလော့။ 6 သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရားသခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။ 7 သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက်မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။ 8 သင်ပြုသောဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသောသုစရိုက်သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။
9 များပြားသော ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာအော်ဟစ်တတ်ကြ၏။ 10 သို့သော်လည်း ငါ့ကိုဖန်ဆင်းတော်မူထသော၊ ညအချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထသော၊ 11 မြေတိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သော ဉာဏ်နှင့်လည်းကောင်း၊ မိုးကောင်းကင်ငှက်မရ၊ ထူးဆန်းသောပညာနှင့်လည်းကောင်း၊ ငါတို့ကို ပြည့်စုံစေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်းဟု အဘယ်သူမျှ မမေးမြန်းတတ်။ 12 ထိုကြောင့် အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။ 13 အကယ်စင်စစ် ဘုရားသခင်သည် အချည်းနှီးသောစကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင်သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။ 14 ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မျှော်လင့်လျက်နေလော့။ 15 ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူသောကြောင့်၊ 16 ယောဘသည် အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏။