1 אַף־לְ֭זֹאת יֶחֱרַ֣ד לִבִּ֑י וְ֝יִתַּ֗ר מִמְּקוֹמֽוֹ׃ 2 שִׁמְע֤וּ שָׁמ֣וֹעַ בְּרֹ֣גֶז קֹל֑וֹ וְ֝הֶ֗גֶה מִפִּ֥יו יֵצֵֽא׃ 3 תַּֽחַת־כָּל־הַשָּׁמַ֥יִם יִשְׁרֵ֑הוּ וְ֝אוֹר֗וֹ עַל־כַּנְפ֥וֹת הָאָֽרֶץ׃ 4 אַחֲרָ֤יו ׀ יִשְׁאַג־ק֗וֹל יַ֭רְעֵם בְּק֣וֹל גְּאוֹנ֑וֹ וְלֹ֥א יְ֝עַקְּבֵ֗ם כִּֽי־יִשָּׁמַ֥ע קוֹלֽוֹ׃ 5 יַרְעֵ֤ם אֵ֣ל בְּ֭קוֹלוֹ נִפְלָא֑וֹת עֹשֶׂ֥ה גְ֝דֹל֗וֹת וְלֹ֣א נֵדָֽע׃ 6 כִּ֤י לַשֶּׁ֨לַג ׀ יֹאמַ֗ר הֱוֵ֫א אָ֥רֶץ וְגֶ֥שֶׁם מָטָ֑ר וְ֝גֶ֗שֶׁם מִטְר֥וֹת עֻזּֽוֹ׃ 7 בְּיַד־כָּל־אָדָ֥ם יַחְתּ֑וֹם לָ֝דַ֗עַת כָּל־אַנְשֵׁ֥י מַעֲשֵֽׂהוּ׃ 8 וַתָּבֹ֣א חַיָּ֣ה בְמוֹ־אָ֑רֶב וּבִמְע֖וֹנֹתֶ֣יהָ תִשְׁכֹּֽן׃ 9 מִן־הַ֭חֶדֶר תָּב֣וֹא סוּפָ֑ה וּֽמִמְּזָרִ֥ים קָרָֽה׃ 10 מִנִּשְׁמַת־אֵ֥ל יִתֶּן־קָ֑רַח וְרֹ֖חַב מַ֣יִם בְּמוּצָֽק׃ 11 אַף־בְּ֭רִי יַטְרִ֣יחַ עָ֑ב יָ֝פִ֗יץ עֲנַ֣ן אוֹרֽוֹ׃ 12 וְה֤וּא מְסִבּ֨וֹת ׀ מִתְהַפֵּ֣ךְ בתחבולתו לְפָעֳלָ֑ם כֹּ֖ל אֲשֶׁ֥ר יְצַוֵּ֓ם ׀ עַל־פְּנֵ֖י תֵבֵ֣ל אָֽרְצָה׃ 13 אִם־לְשֵׁ֥בֶט אִם־לְאַרְצ֑וֹ אִם־לְ֝חֶ֗סֶד יַמְצִאֵֽהוּ׃ 14 הַאֲזִ֣ינָה זֹּ֣את אִיּ֑וֹב עֲ֝מֹ֗ד וְהִתְבּוֹנֵ֤ן ׀ נִפְלְא֬וֹת אֵֽל׃ 15 הֲ֭תֵדַע בְּשׂוּם־אֱל֣וֹהַּ עֲלֵיהֶ֑ם וְ֝הוֹפִ֗יעַ א֣וֹר עֲנָנֽוֹ׃ 16 הֲ֭תֵדַע עַל־מִפְלְשֵׂי־עָ֑ב מִ֝פְלְא֗וֹת תְּמִ֣ים דֵּעִֽים׃ 17 אֲשֶׁר־בְּגָדֶ֥יךָ חַמִּ֑ים בְּהַשְׁקִ֥ט אֶ֝֗רֶץ מִדָּרֽוֹם׃ 18 תַּרְקִ֣יעַ עִ֭מּוֹ לִשְׁחָקִ֑ים חֲ֝זָקִ֗ים כִּרְאִ֥י מוּצָֽק׃ 19 ה֭וֹדִיעֵנוּ מַה־נֹּ֣אמַר ל֑וֹ לֹ֥א־נַ֝עֲרֹ֗ךְ מִפְּנֵי־חֹֽשֶׁךְ׃ 20 הַֽיְסֻפַּר־ל֭וֹ כִּ֣י אֲדַבֵּ֑ר אִֽם־אָ֥מַר אִ֝֗ישׁ כִּ֣י יְבֻלָּֽע׃ 21 וְעַתָּ֤ה ׀ לֹ֘א רָ֤אוּ א֗וֹר בָּהִ֣יר ה֭וּא בַּשְּׁחָקִ֑ים וְר֥וּחַ עָ֝בְרָ֗ה וַֽתְּטַהֲרֵֽם׃ 22 מִ֭צָּפוֹן זָהָ֣ב יֶֽאֱתֶ֑ה עַל־אֱ֝ל֗וֹהַּ נ֣וֹרָא הֽוֹד׃ 23 שַׁדַּ֣י לֹֽא־מְ֭צָאנֻהוּ שַׂגִּיא־כֹ֑חַ וּמִשְׁפָּ֥ט וְרֹב־צְ֝דָקָ֗ה לֹ֣א יְעַנֶּֽה׃ 24 לָ֭כֵן יְרֵא֣וּהוּ אֲנָשִׁ֑ים לֹֽא־יִ֝רְאֶ֗ה כָּל־חַכְמֵי־לֵֽב׃ פ
1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှ ရွေ့သွား၏။ 2 မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက်သောအသံကို စေ့စေ့နားထောင်ကြလော့။ 3 မိုးကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။ 4 လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုးချုန်းတော်မူ၏။ အသံတော်မြည်သောအခါ မိုးသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။ 5 အံ့ဩဖွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့် မိုးချုန်းတော်မူ၏။ ကြီးသောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။ 6 မြေပေါ်မှာဖြစ်စေဟု မိုးပွင့်ကိုလည်းကောင်း၊ သုန်ဖျင်းသောမိုးရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုးရေကိုလည်းကောင်း မိန့်တော်မူ၏။ 7 ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သောအလုပ်ကို ဆီးတားတော်မူ၏။ 8 ထိုအခါ သားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။ 9 လေပွေသည် တောင်မျက်နှာမှလည်းကောင်း၊ အချမ်းသည် မြောက်မျက်နှာမှလည်းကောင်း ထွက်လာတတ်၏။ 10 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။ 11 မိုးတိမ်မှ မိုးရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုးတိမ်ကို ပျောက်လွင့်စေတော်မူ၏။ 12 လောကဓာတ် မြေကြီးတစ်လျှောက်လုံးကို မှာထားတော်မူသမျှအတိုင်း ပြုစေခြင်းငှာ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
13 ဒဏ်ခတ်သော်လည်းကောင်း၊ မြေတော်ကို ပြုစုသော်လည်းကောင်း၊ ချမ်းသာပေးသော်လည်းကောင်း လာစေတော်မူ၏။ 14 အို ယောဘ၊ ဤစကားကို နားထောင်လော့။ ဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။ 15 ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုးတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။ 16 ပညာစုံလင်သော ဘုရား၏အံ့ဖွယ်သော အမှုတော်တည်းဟူသော မိုးတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကိုလည်းကောင်း၊ 17 မြေပေါ်မှာ တောင်လေဖြင့် အချမ်းပျောက်စေတော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သောအားဖြင့် နွေးသည်ကိုလည်းကောင်း နားလည်သလော။ 18 သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုးကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။ 19 ငါတို့သည် အဘယ်သို့ လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။ 20 ငါပြောသောစကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍လူသည် ဘုရားသခင်ကိုလျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ 21 လေသည်လာ၍ မိုးကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။ 22 မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဖွယ်သော ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။ 23 အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်လည်းကောင်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။ 24 သို့ဖြစ်၍ လူတို့သည် ကြောက်ရွံ့စရာအကြောင်း ရှိကြ၏။ ဉာဏ်ကောင်းသောသူ တစ်စုံတစ်ယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။