သန့်ရှင်းသူတို့အဖို့အလှူငွေ
1 သန့်ရှင်းသူတို့အဖို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။- 2 ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှာ၊ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတစ်ဖို့ကို ထုတ်၍ စုထားကြလော့။- 3 ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှာ စေလွှတ်မည်။- 4 သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။
ပေါလု၏အကြံအစည်
5 မာကေဒေါနိပြည်လမ်းကို ငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။- 6 နောက်မှ အခြားသို့ ငါသွားသောအခါ၊ သင်တို့ပို့သောကျေးဇူးကို ခံခြင်းငှာ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်း နေလိမ့်မည်။- 7 ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှာသာ အလိုမရှိ၊ နောက်မှ သခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မျှော်လင့်ခြင်းရှိ၏။- 8 ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။- 9 အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။
10 တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည် စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောသူ ဖြစ်၏။- 11 ထိုကြောင့် အဘယ်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည်အကြောင်း ပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမျှော်လင့်လျက်နေ၏။- 12 ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခုတွင်သွားခြင်းငှာ အလျှင်းအလိုမရှိ၊ နောက်မှ အဆင်သင့်လျှင် သွားလိမ့်မည်။
နောက်ဆုံးအမှာစကား
13 သင်တို့သည် သတိနှင့် စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက် နေကြလော့။- 14 သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။- 15 ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သားတို့သည် အခါယပြည်တွင် အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊- 16 ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါတောင်းပန်၏။- 17 သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။- 18 အကြောင်းမူကား၊ သင်တို့သည် ပြုစု၍ မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံစေသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
19 အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့် ပြစ်ကိလတို့သည် သူတို့အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။- 20 ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
21 ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။- 22 အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရားသည် ကြွလာတော်မူ၏။- 23 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။ ယေရှုခရစ်၏ တပည့်တော်ဖြစ်သမျှသော သင်တို့၌ ငါ၏ချစ်ခြင်းမေတ္တာရှိ၏။ အာမင်။
ကောရိန္သုဩဝါဒစာပထမစောင်ပြီး၏။
1 Quanto à coleta e benefício dos santos, segui também vós as diretrizes que eu tracei às igrejas da Galácia.
2 No primeiro dia da semana, cada um de vós ponha de parte o que tiver podido poupar, para que não esperem a minha chegada para fazer as coletas.
3 Quando chegar, enviarei, com uma carta, os que tiverdes escolhido para levar a Jerusalém a vossa oferta.
4 Se valer a pena que eu também vá, irão comigo.
5 Irei ter convosco, depois que tiver passado pela Macedônia; apenas passarei por lá.
6 Talvez fique convosco ou até passe todo o inverno, para que me leveis aonde eu tenho de ir.
7 Desta vez, quero vos ver não somente de passagem, mas espero demorar-me algum tempo convosco, se o Senhor o permitir.
8 Ficarei em Éfeso até Pentecostes:
9 aí se me abriu uma grande porta à minha atividade e os adversários aí são muitos.
10 Se Timóteo for visitar-vos, vede que esteja sem preocupação entre vós, porque trabalha exatamente como eu na obra do Senhor.
11 Portanto, ninguém o despreze. E preparai-lhe a viagem em paz para que venha ter comigo, porque o espero com os irmãos.
12 Quanto ao nosso irmão Apolo, roguei-lhe muito fosse ter convosco com os irmãos, mas de modo algum quis ele ir agora. Contudo irá ver-vos, quando tiver oportunidade.
13 Vigiai! Sede firmes na fé! Sede homens! Sede fortes!
14 Tudo o que fazeis, fazei-o na caridade.
15 Ainda uma recomendação, irmãos: sabeis que a família de Estéfanas são as primícias da Acaia e se consagraram a serviço dos santos.
16 Tratai essas pessoas com consideração, bem como todos aqueles que ajudam e trabalham na mesma obra.
17 Eu me alegro com a vinda de Estéfanas, Fortunato e Acaico, porque eles supriram a vossa ausência,
18 e tranquilizaram o meu espírito e o vosso. Tende, pois, consideração a tais homens.
19 As igrejas da Ásia vos saúdam. Áquila e Priscila, com a comunidade que se reúne em sua casa, enviam-vos muitas saudações.
20 Todos os irmãos vos saúdam.
21 Saudai-vos uns aos outros com ósculo santo.
22 Esta saudação escrevo-a de próprio punho: PAULO.
23 Se alguém não amar o Senhor, seja maldito! Maran atá.
24 A graça do Senhor Jesus esteja convosco.
25 Eu vos amo a todos vós em Cristo Jesus.