အဆင်းသဏ္ဌာန်ပြောင်းလဲခြင်း
1 ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။
2 ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊-၂ပေ၊၁:၁၇-၁၈။3 အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုးပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။- 4 မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။- 5 ထိုအခါ ပေတရုက အရှင်ဘုရား၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့တစ်ဆောင်၊ ဧလိယဖို့တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ၏။- 6 တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက်သတည်း။- 7 ထိုအခါ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-မ၊ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။8 ထိုခဏချင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတစ်ယောက်တည်းမှတစ်ပါး အဘယ်သူကိုမျှ မမြင်ကြ။
9 တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- 10 တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။- 11 ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊-မာလ၊ ၄:၅။ မ၊ ၁၁:၁၄။12 ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။- 13 ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာ၌ရေးထားသည်အတိုင်း လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။
ညစ်ညူးသောနတ်ကိုနှင်ထုတ်ခြင်း
14 တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသော လူအစုအဝေးသည် သူတို့ကိုဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။- 15 စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး၍ နှုတ်ဆက်ကြ၏။- 16 ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာတို့ကို မေးတော်မူလျှင်၊- 17 လူအစုအဝေး၌ပါသော သူတစ်ယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။- 18 နတ်သည် ဖမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာ လှဲ၍၊ သူသည်လည်း ခံတွင်းမှ အမြှုပ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက် နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော်၊- 19 ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊- 20 ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။- 21 ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။- 22 သူငယ်ကို သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။- 23 ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။- 24 သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။- 25 ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကားအသောနတ်၊ သူငယ်မှထွက်လော့၊ နောက်တစ်ဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့်တော်မူသဖြင့်၊- 26 နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။- 27 ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည်ထလေ၏။
28 အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု တိတ်ဆိတ်စွာ မေးလျှောက်ကြသော်၊- 29 ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟု မိန့်တော်မူ၏။
အသေခံရမည့်အကြောင်းထပ်မံဖော်ပြခြင်း
30 ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ လျှောက်သွားကြစဉ်တွင် အဘယ်သူမျှ သိစေခြင်းငှာ အလိုတော်မရှိ။- 31 အကြောင်းမူကား၊ လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။- 32 ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ။
မည်သူအကြီးမြတ်ဆုံးနည်း
33 ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊- 34 သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း၌ အချင်းချင်း ငြင်းခုံကြ၏။-လု၊ ၂၂:၂၄။35 ထိုအခါ ကိုယ်တော်သည် ထိုင်လျက် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။-မ၊ ၂၀:၂၆-၂၇၊ ၂၃:၁၁။ မာ၊ ၁၀:၄၃-၄၄။ လု၊ ၂၂:၂၆။36 သူငယ်တစ်ယောက်ကိုလည်းယူ၍ သူတို့အလယ်၌ ထားပြီးမှ လက်တော်နှင့် ချီပိုက်လျက်၊- 37 အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ် တစ်စုံတစ်ယောက်ကို လက်ခံ၏။ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။ ငါ့ကိုလက်ခံသော သူသည်လည်း ငါ့ကိုသာ လက်ခံသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။မ၊ ၁၀:၄၀။ လု၊ ၁၀:၁၆။ ယော၊ ၁၃:၂၀။
ရန်သူဘက်၌မရှိသောသူ
38 ယောဟန်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သောသူတစ်ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟု လျှောက်လေသော်၊- 39 ယေရှုက၊ ထိုသူကို မမြစ်တားကြနှင့်။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူ တစ်ယောက်မျှမရှိ။- 40 သင်တို့၏ရန်သူဘက်၌ မရှိသောသူသည် သင်တို့ဘက်၌ ရှိ၏။-မ၊ ၁၂:၃၀။ လု၊ ၁၁:၂၃။41 သင်တို့သည် ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆို၏။မ၊ ၁၀:၄၂။
အပြစ်သွေးဆောင်ခြင်းများ
42 ငါ့ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။- 43 သင်၏လက်သည် သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။-မ၊ ၅:၃၀။44 ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ လက်နှစ်ဖက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။- 45 သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။- 46 ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေနှစ်ဖက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။- 47 သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။-မ၊ ၅:၂၉။48 ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဖက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ မျက်စိတစ်ဖက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။-ဟေရှာ၊ ၆၆:၂၄။49 ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။- 50 ဆားသည်ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ သင်တို့၌ ဆားရှိစေကြလော့။ အချင်းချင်း အသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။မ၊ ၅:၁၃။ လု၊ ၁၄:၃၄-၃၅။
1 E dizia-lhes: "Em verdade vos digo: dos que aqui se acham, alguns há que não experimentarão a morte, enquanto não virem chegar o Reino de Deus com poder". (= Mt 17,1-13 = Lc 9,28-36)
2 Seis dias depois, Jesus tomou consigo Pedro, Tiago e João, e conduziu-os a sós a um alto monte. E
3 transfigurou-se diante deles. Suas vestes tornaram-se resplandecentes e de uma brancura tal, que nenhum lavadeiro sobre a terra as pode fazer assim tão brancas.
4 Apareceram-lhes Elias e Moisés, e falavam com Jesus.
5 Pedro tomou a palavra: "Mestre, é bom para nós estarmos aqui; faremos três tendas: uma para ti, outra para Moisés e outra para Elias".
6 Com efeito, não sabia o que falava, porque estavam sobremaneira atemorizados.
7 Formou-se então uma nuvem que os encobriu com a sua sombra; e da nuvem veio uma voz: "Este é o meu Filho muito amado; ouvi-o".
8 E olhando eles logo em derredor, já não viram ninguém, senão só a Jesus com eles.
9 Ao descerem do monte, proibiu-lhes Jesus que contassem a quem quer que fosse o que tinham visto, até que o Filho do Homem houvesse ressurgido dos mortos.
10 E guardaram esta recomendação consigo, perguntando entre si o que significaria: "Ser ressuscitado dentre os mortos".
11 Depois lhe perguntaram: "Por que dizem os fariseus e os escribas que primeiro deve voltar Elias?".
12 Respondeu-lhes: "Elias deve voltar primeiro e restabelecer tudo em ordem. Como então está escrito acerca do Filho do Homem que deve padecer muito e ser desprezado?
13 Mas digo-vos que também Elias já voltou e fizeram-lhe sofrer tudo quanto quiseram, como está escrito dele". (= Mt 17,14-20 = Lc 9,37-43a)
14 Depois, aproximando-se dos discípulos, viu ao redor deles grande multidão, e os escribas a discutir com eles.
15 Todo aquele povo, vendo de surpresa Jesus, acorreu a ele para saudá-lo.
16 Ele lhes perguntou: "Que estais discutindo com eles?".
17 Respondeu um homem dentre a multidão: "Mestre, eu te trouxe meu filho, que tem um espírito mudo.
18 Este, onde quer que o apanhe, lança-o por terra e ele espuma, range os dentes e fica endurecido. Roguei a teus discípulos que o expelissem, mas não o puderam".
19 Respondeu-lhes Jesus: "Ó geração incrédula, até quando estarei convosco? Até quando vos hei de aturar? Trazei-o a mim!".
20 Eles lho trouxeram. Assim que o menino avistou Jesus, o espírito o agitou fortemente. Caiu por terra e revolvia-se espumando.
21 Jesus perguntou ao pai: "Há quanto tempo lhe acontece isto?" "Desde a infância – respondeu-lhe –.
22 E o tem lançado muitas vezes ao fogo e à água, para o matar. Se tu, porém, podes alguma coisa, ajuda-nos, compadece-te de nós!"
23 Disse-lhe Jesus: "Se podes alguma coisa!... Tudo é possível ao que crê".
24 Imediatamente exclamou o pai do menino: "Creio! Vem em socorro à minha falta de fé!".
25 Vendo Jesus que o povo afluía, intimou o espírito imundo e disse-lhe: "Espírito mudo e surdo, eu te ordeno: sai deste menino e não tornes a entrar nele".
26 E, gritando e maltratando-o extremamente, saiu. O menino ficou como morto, de modo que muitos diziam: "Morreu...".
27 Jesus, porém, tomando-o pela mão, ergueu-o e ele levantou-se.
28 Depois de entrar em casa, os seus discípulos perguntaram-lhe em particular: "Por que não pudemos nós expeli-lo?".
29 Ele disse-lhes: "Esta espécie de demônios não se pode expulsar senão pela oração". (= Mt 17,21s = Lc 9,43b-45)
30 Tendo partido dali, atravessaram a Galileia. Não queria, porém, que ninguém o soubesse.
31 E ensinava os seus discípulos: "O Filho do Homem será entregue nas mãos dos homens, e o matarão; e ressuscitará três dias depois de sua morte".
32 Mas não entendiam essas palavras; e tinham medo de lho perguntar. (= Mt 18,1-10 = Lc 9,46-50)
33 Em seguida, voltaram para Cafarnaum. Quando já estava em casa, Jesus perguntou-lhes: "De que faláveis pelo caminho?".
34 Mas eles calaram-se, porque pelo caminho haviam discutido entre si qual deles seria o maior.
35 Sentando-se, chamou os Doze e disse-lhes: "Se alguém quer ser o primeiro, seja o último de todos e o servo de todos".
36 E tomando um menino, colocou-o no meio deles; abraçou-o e disse-lhes:
37 "Todo o que recebe um destes meninos em meu nome, a mim é que recebe; e todo o que recebe a mim, não me recebe, mas aquele que me enviou".
38 João disse-lhe: "Mestre, vimos alguém, que não nos segue, expulsar demônios em teu nome, e lho proibimos".
39 Jesus, porém, disse-lhe: "Não lho proibais, porque não há ninguém que faça um prodígio em meu nome e em seguida possa falar mal de mim.
40 Pois quem não é contra nós, é a nosso favor.
41 E quem vos der de beber um copo de água porque sois de Cristo, digo-vos em verdade: não perderá a sua recompensa.
42 Mas todo o que fizer cair no pecado a um destes pequeninos que creem em mim, melhor lhe fora que uma pedra de moinho lhe fosse posta ao pescoço e o lançassem ao mar!
43 Se a tua mão for para ti ocasião de queda, corta-a; melhor te é entrares na vida aleijado do que, tendo duas mãos, ires para a geena, para o fogo inextinguível
44 [onde o seu verme não morre e o fogo não se apaga].
45 Se o teu pé for para ti ocasião de queda, corta-o fora; melhor te é entrares coxo na vida eterna do que, tendo dois pés, seres lançado à geena do fogo inextinguível
46 [onde o seu verme não morre e o fogo não se apaga].
47 Se o teu olho for para ti ocasião de queda, arranca-o; melhor te é entrares com um olho de menos no Reino de Deus do que, tendo dois olhos, seres lançado à geena do fogo,
48 onde o seu verme não morre e o fogo não se apaga.
49 Porque todo homem será salgado pelo fogo.
50 O sal é uma boa coisa; mas se ele se tornar insípido, com que lhe restituireis o sabor? Tende sal em vós e vivei em paz uns com os outros". (= Mt 19,1-12)