1 တစ်ဖန်တုံ၊ အချင်းလူသား၊ ထက်သောဓားတည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့် မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့်ချိန်၍ အစုစုခွဲထားလော့။ 2 မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ် သုံးစုတစ်စုကို မြို့ထဲမှာ မီးရှို့လော့။ တစ်စုကို ဓားနှင့် ခုတ်ဖြတ်လော့။ တစ်စုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။ 3 အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။ 4 ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
5 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ရှိသော တိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊ 6 ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည် သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။ 7 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ ဆန့်ကျင်သောကြောင့်လည်းကောင်း၊ ငါ၏ စီရင်ချက်လမ်းသို့မလိုက်၊ ငါ၏ပညတ်တရားကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့၏ ထုံးစံဓလေ့သို့ လိုက်သောကြောင့်လည်းကောင်း၊ 8 ငါသည် ကိုယ်တိုင်သင့်တစ်ဖက်၌ နေ၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကို စီရင်မည်။ 9 သင်ပြုဖူးသမျှသော ရွံရှာဖွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတ္တံ့သော အပြစ်ဒဏ်ကို သင်၌စီရင်မည်။ 10 သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကို စားကြလိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်မည်။မြည်၊ ၄:၁၀။11 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာဌာနကို သင်သည် ညစ်ညူးစေသောကြောင့်၊ ငါသည်လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။ 12 သင်၏သုံးစုတို့တွင်၊ တစ်စုသည် နာဘေးဖြင့်သေ၍၊ သင်၏အလယ်၌ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရလိမ့်မည်။ တစ်စုသည် သင့်ပတ်လည်၌ ဓားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစ်စုကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်၍၊ သူ့နောက်သို့ ဓားကိုလွှတ်လိုက်မည်။ 13 ထိုသို့ ငါ့အမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသအရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေလိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလိုကို ပြည့်စုံစေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။ 14 ထိုမှတစ်ပါး၊ အနားမှာ လျှောက်သွားသမျှသောသူတို့ရှေ့တွင် သင့်ကို လူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာဖြစ်စေမည်။ 15 ဒေါသအမျက်အရှိန်အားဖြင့် သင်၌ ပြင်းစွာသော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသော လူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဖွယ်ရာဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရား မိန့်တော်မူ၏။ 16 သင်တို့ကို ဖျက်ဆီးခြင်းငှာ မွတ်သိပ်ခြင်းဘေးတည်းဟူသောမြားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌လည်းကောင်း၊ သင်တို့တွင် မွတ်သိပ်ခြင်းဘေးကို တိုးပွားစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌လည်းကောင်း၊ 17 သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်းဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ဓားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့သည် လွှမ်းမိုးသောအခါ၌လည်းကောင်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။ဗျာ၊ ၆:၈။
1 "Tu, figlio d’uomo, prendi una spada affilata, un rasoio da barbiere, e fattelo passare sul capo e sulla barba; poi prendi una bilancia per pesare e dividi i peli che avrai tagliato. 2 Bruciane una terza parte nel fuoco in mezzo alla città, quando i giorni dell’assedio saranno compiuti; poi prendine un’altra terza parte e percuotila con la spada attorno alla città; disperdi al vento l’ultima terza parte, dietro alla quale io sguainerò la spada. 3 Di questa prendi una piccola quantità, e legala nei lembi della tua veste; 4 e di questa prendi ancora una parte, gettala nel fuoco e bruciala nel fuoco; di là uscirà un fuoco contro tutta la casa d’Israele. 5 Così parla il Signore, l’Eterno: ‘Ecco Gerusalemme! Io l’avevo posta in mezzo alle nazioni e agli altri paesi che la circondavano; 6 ed essa, per darsi all’empietà, si è ribellata alle mie leggi più delle nazioni, e alle mie prescrizioni più dei paesi che la circondano; poiché ha disprezzato le mie leggi e non ha camminato seguendo le mie prescrizioni’. 7 Perciò, così parla il Signore, l’Eterno: ‘Poiché voi siete stati più ribelli delle nazioni che vi circondano, in quanto non avete camminato seguendo le mie prescrizioni, non avete messo in pratica le mie leggi e non avete neppure agito seguendo le leggi delle nazioni che vi circondano, 8 così parla il Signore, l’Eterno: Eccomi, vengo io da te! eseguirò in mezzo a te i miei giudizi, in presenza delle nazioni; 9 farò a te quello che non ho mai fatto e che non farò mai più così, a causa di tutte le tue abominazioni. 10 Perciò, in mezzo a te, dei padri mangeranno i loro figli e dei figli mangeranno i loro padri; io eseguirò su di te dei giudizi e disperderò a tutti i venti quello che rimarrà di te. 11 Perciò, com’è vero che io vivo’, dice il Signore, l’Eterno, ‘perché tu hai contaminato il mio santuario con tutte le tue infamie e con tutte le tue abominazioni, anch’io ti raderò, il mio occhio non risparmierà nessuno e anch’io non avrò pietà. 12 Una terza parte di te morirà di peste e sarà consumata dalla fame in mezzo a te; una terza parte cadrà per la spada attorno a te, e ne disperderò a tutti i venti l’altra terza parte e sguainerò contro di essa la spada. 13 Così si sfogherà la mia ira e io riverserò su di loro il mio furore e sarò soddisfatto; essi conosceranno che io, l’Eterno, ho parlato nella mia gelosia, quando avrò sfogato su di loro il mio furore. 14 Farò di te, sotto gli occhi di tutti i passanti, una desolazione, un obbrobrio in mezzo alle nazioni che ti circondano. 15 Il tuo obbrobrio e la tua infamia saranno un ammaestramento e un oggetto di stupore per le nazioni che ti circondano, quando io avrò eseguito su di te i miei giudizi con ira, con furore, con indignati castighi - sono io l’Eterno, che parlo - 16 quando avrò scoccato contro di loro le frecce letali della fame, apportatori di distruzione e che io scaglierò per distruggervi, quando avrò aggravato su di voi la fame e vi avrò fatto venire meno il sostegno del pane, 17 quando avrò mandato contro di voi la fame e le bestie feroci che ti priveranno dei figli, quando la peste e il sangue saranno passati in mezzo a te e quando io avrò fatto venire su di te la spada. Io, l’Eterno, ho parlato!’".