1 ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံ နှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။- 2 တစ်ဖန် ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသောသူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တစ်ဖန် ရှိဘိသကဲ့သို့ ငါပြောနှင့်၏။- 3 သင်တို့တွင် အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိတ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။- 4 အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။- 5 သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကို ကိုယ်မသိကြသလော။- 6 ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့ သိကြလိမ့်မည်ဟု ငါထင်မှတ်မျှော်လင့်ခြင်းရှိ၏။- 7 ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှာ၊ မကောင်းသောအကျင့် တစ်စုံတစ်ခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြု၏။- 8 ငါတို့သည် သမ္မာတရားကို ဆီးတားခြင်းငှာ အလျှင်းမတတ်နိုင်ကြ။- 9 သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည် အားနည်း၍ သင်တို့သည် အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။- 10 ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
11 ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာဝမ်းမြောက်ခြင်း ရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်း အသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်း ချမ်းသာကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတ္တံ့။- 12 အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။- 13 သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။- 14 သခင်ယေရှုခရစ်၏ ကျေးဇူးတော်လည်းကောင်း၊ ဘုရားသခင်၏ မေတ္တာတော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယတော်လည်းကောင်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
ကောရိန္သုဩဝါဒစာဒုတိယစောင်ပြီး၏။
1 2Co 12.14É esta a terceira vez que vou ter convosco; Dt 19.15;Mt 18.16na boca de duas ou três testemunhas, se afirmará toda palavra. 2 Já o disse de antemão e de antemão torno a dizer, como quando estava presente a segunda vez e agora ausente, àqueles que já 2Co 12.21antes pecaram, e a todos os mais que, 2Co 13.10; cp.1Co 4.21se for ainda outra vez, não os cp.2Co 1.23;10.11pouparei, 3 desde que cp.2Co 10.1,10buscais uma prova de que é 1Co 5.4;7.40; cp.Mt 10.20Cristo o que fala em mim, o qual para convosco não é fraco, mas em vós é cp.2Co 9.8;10.4poderoso. 4 Pois também ele foi cp.Fp 2.7s.;1Pe 3.18crucificado por fraqueza, mas vive Rm 1.4;6.4;1Co 6.14pelo poder de Deus. Também nós somos 1Co 2.3;2Co 13.9fracos nele, mas Rm 6.8viveremos com ele pelo poder de Deus para convosco. 5 cp.Jo 6.6Examinai-vos se estais na fé, 1Co 11.28provai-vos a vós mesmos; acaso, não reconheceis vós mesmos que Jesus Cristo está em vós? Se é que, porventura, não sois cp.1Co 9.27reprovados. 6 Espero, porém, que conhecereis que não somos nós reprovados. 7 Rogamos a Deus que não façais mal algum, não para que nós pareçamos aprovados, mas para que vós façais o bem, embora nós sejamos como reprovados. 8 Pois nada podemos contra a verdade, senão pela verdade. 9 Nós nos regozijamos quando nós estamos 2Co 13.4; cp.2Co 12.10fracos, e vós sois fortes; e o que pedimos é o vosso cp.1Co 1.10;2Co 13.11;Ef 4.12; cp.1Ts 3.10aperfeiçoamento. 10 Por essa razão, vos escrevo essas coisas, estando ausente, para cp.2Co 2.3que, quando estiver presente, eu não use Tt 1.13de rigor, segundo a 2Co 10.8; cp.1Co 5.4autoridade que o Senhor me deu para edificação e não para destruição.
11 1Ts 4.1;2Ts 3.1, etc.Afinal, irmãos, adeus! Sede perfeitos, sede confortados, Rm 12.16tende um mesmo espírito, Mc 9.50vivei em paz, Rm 15.33; cp.Ef 6.23e o Deus de amor e de paz será convosco. 12 Rm 16.16Saudai-vos uns aos outros com ósculo santo. Fp 4.22Todos os santos vos saúdam.
13 Rm 16.20; cp.2Co 8.9A graça do Senhor Jesus Cristo, e Rm 5.5; cp.Jd 21o amor de Deus, Fp 2.1e a comunhão do Espírito Santo sejam com todos vós.