1 וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 2 וְאַתָּ֣ה בֶן־אָדָ֗ם כֹּה־אָמַ֞ר אֲדֹנָ֧י יְהוִ֛ה לְאַדְמַ֥ת יִשְׂרָאֵ֖ל קֵ֑ץ בָּ֣א הַקֵּ֔ץ עַל־ארבעת כַּנְפ֥וֹת הָאָֽרֶץ׃ 3 עַתָּה֙ הַקֵּ֣ץ עָלַ֔יִךְ וְשִׁלַּחְתִּ֤י אַפִּי֙ בָּ֔ךְ וּשְׁפַטְתִּ֖יךְ כִּדְרָכָ֑יִךְ וְנָתַתִּ֣י עָלַ֔יִךְ אֵ֖ת כָּל־תּוֹעֲבֹתָֽיִךְ׃ 4 וְלֹא־תָח֥וֹס עֵינִ֛י עָלַ֖יִךְ וְלֹ֣א אֶחְמ֑וֹל כִּ֣י דְרָכַ֜יִךְ עָלַ֣יִךְ אֶתֵּ֗ן וְתוֹעֲבוֹתַ֨יִךְ֙ בְּתוֹכֵ֣ךְ תִּֽהְיֶ֔יןָ וִידַעְתֶּ֖ם כִּֽי־אֲנִ֥י יְהוָֽה׃ פ 5 כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה רָעָ֛ה אַחַ֥ת רָעָ֖ה הִנֵּ֥ה בָאָֽה׃ 6 קֵ֣ץ בָּ֔א בָּ֥א הַקֵּ֖ץ הֵקִ֣יץ אֵלָ֑יִךְ הִנֵּ֖ה בָּאָֽה׃ 7 בָּ֧אָה הַצְּפִירָ֛ה אֵלֶ֖יךָ יוֹשֵׁ֣ב הָאָ֑רֶץ בָּ֣א הָעֵ֗ת קָר֛וֹב הַיּ֥וֹם מְהוּמָ֖ה וְלֹא־הֵ֥ד הָרִֽים׃ 8 עַתָּ֣ה מִקָּר֗וֹב אֶשְׁפּ֤וֹךְ חֲמָתִי֙ עָלַ֔יִךְ וְכִלֵּיתִ֤י אַפִּי֙ בָּ֔ךְ וּשְׁפַטְתִּ֖יךְ כִּדְרָכָ֑יִךְ וְנָתַתִּ֣י עָלַ֔יִךְ אֵ֖ת כָּל־תּוֹעֲבוֹתָֽיִךְ׃ 9 וְלֹא־תָח֥וֹס עֵינִ֖י וְלֹ֣א אֶחְמ֑וֹל כִּדְרָכַ֜יִךְ עָלַ֣יִךְ אֶתֵּ֗ן וְתוֹעֲבוֹתַ֨יִךְ֙ בְּתוֹכֵ֣ךְ תִּֽהְיֶ֔יןָ וִֽידַעְתֶּ֕ם כִּ֛י אֲנִ֥י יְהוָ֖ה מַכֶּֽה׃ 10 הִנֵּ֥ה הַיּ֖וֹם הִנֵּ֣ה בָאָ֑ה יָֽצְאָה֙ הַצְּפִרָ֔ה צָ֚ץ הַמַּטֶּ֔ה פָּרַ֖ח הַזָּדֽוֹן׃ 11 הֶחָמָ֥ס ׀ קָ֖ם לְמַטֵּה־רֶ֑שַׁע לֹא־מֵהֶ֞ם וְלֹ֧א מֵהֲמוֹנָ֛ם וְלֹ֥א מֶהֱמֵהֶ֖ם וְלֹא־נֹ֥הַּ בָּהֶֽם׃ 12 בָּ֤א הָעֵת֙ הִגִּ֣יעַ הַיּ֔וֹם הַקּוֹנֶה֙ אַל־יִשְׂמָ֔ח וְהַמּוֹכֵ֖ר אַל־יִתְאַבָּ֑ל כִּ֥י חָר֖וֹן אֶל־כָּל־הֲמוֹנָֽהּ׃ 13 כִּ֣י הַמּוֹכֵ֗ר אֶל־הַמִּמְכָּר֙ לֹ֣א יָשׁ֔וּב וְע֥וֹד בַּחַיִּ֖ים חַיָּתָ֑ם כִּֽי־חָז֤וֹן אֶל־כָּל־הֲמוֹנָהּ֙ לֹ֣א יָשׁ֔וּב וְאִ֧ישׁ בַּעֲוֺנ֛וֹ חַיָּת֖וֹ לֹ֥א יִתְחַזָּֽקוּ׃ 14 תָּקְע֤וּ בַתָּק֨וֹעַ֙ וְהָכִ֣ין הַכֹּ֔ל וְאֵ֥ין הֹלֵ֖ךְ לַמִּלְחָמָ֑ה כִּ֥י חֲרוֹנִ֖י אֶל־כָּל־הֲמוֹנָֽהּ׃ 15 הַחֶ֣רֶב בַּח֔וּץ וְהַדֶּ֥בֶר וְהָרָעָ֖ב מִבָּ֑יִת אֲשֶׁ֤ר בַּשָּׂדֶה֙ בַּחֶ֣רֶב יָמ֔וּת וַאֲשֶׁ֣ר בָּעִ֔יר רָעָ֥ב וָדֶ֖בֶר יֹאכֲלֶֽנּוּ׃ 16 וּפָֽלְטוּ֙ פְּלִ֣יטֵיהֶ֔ם וְהָי֣וּ אֶל־הֶהָרִ֗ים כְּיוֹנֵ֧י הַגֵּאָי֛וֹת כֻּלָּ֖ם הֹמ֑וֹת אִ֖ישׁ בַּעֲוֺנֽוֹ׃ 17 כָּל־הַיָּדַ֖יִם תִּרְפֶּ֑ינָה וְכָל־בִּרְכַּ֖יִם תֵּלַ֥כְנָה מָּֽיִם׃ 18 וְחָגְר֣וּ שַׂקִּ֔ים וְכִסְּתָ֥ה אוֹתָ֖ם פַּלָּצ֑וּת וְאֶ֤ל כָּל־פָּנִים֙ בּוּשָׁ֔ה וּבְכָל־רָאשֵׁיהֶ֖ם קָרְחָֽה׃ 19 כַּסְפָּ֞ם בַּחוּצ֣וֹת יַשְׁלִ֗יכוּ וּזְהָבָם֮ לְנִדָּ֣ה יִֽהְיֶה֒ כַּסְפָּ֨ם וּזְהָבָ֜ם לֹֽא־יוּכַ֣ל לְהַצִּילָ֗ם בְּיוֹם֙ עֶבְרַ֣ת יְהוָ֔ה נַפְשָׁם֙ לֹ֣א יְשַׂבֵּ֔עוּ וּמֵעֵיהֶ֖ם לֹ֣א יְמַלֵּ֑אוּ כִּֽי־מִכְשׁ֥וֹל עֲוֺנָ֖ם הָיָֽה׃ 20 וּצְבִ֤י עֶדְיוֹ֙ לְגָא֣וֹן שָׂמָ֔הוּ וְצַלְמֵ֧י תוֹעֲבֹתָ֛ם שִׁקּוּצֵיהֶ֖ם עָ֣שׂוּ ב֑וֹ עַל־כֵּ֛ן נְתַתִּ֥יו לָהֶ֖ם לְנִדָּֽה׃ 21 וּנְתַתִּ֤יו בְּיַֽד־הַזָּרִים֙ לָבַ֔ז וּלְרִשְׁעֵ֥י הָאָ֖רֶץ לְשָׁלָ֑ל וחללה׃ 22 וַהֲסִבּוֹתִ֤י פָנַי֙ מֵהֶ֔ם וְחִלְּל֖וּ אֶת־צְפוּנִ֑י וּבָאוּ־בָ֥הּ פָּרִיצִ֖ים וְחִלְּלֽוּהָ׃ פ 23 עֲשֵׂ֖ה הָֽרַתּ֑וֹק כִּ֣י הָאָ֗רֶץ מָֽלְאָה֙ מִשְׁפַּ֣ט דָּמִ֔ים וְהָעִ֖יר מָלְאָ֥ה חָמָֽס׃ 24 וְהֵֽבֵאתִי֙ רָעֵ֣י גוֹיִ֔ם וְיָרְשׁ֖וּ אֶת־בָּֽתֵּיהֶ֑ם וְהִשְׁבַּתִּי֙ גְּא֣וֹן עַזִּ֔ים וְנִחֲל֖וּ מְקַֽדְשֵׁיהֶֽם׃ 25 קְפָ֖דָה־בָ֑א וּבִקְשׁ֥וּ שָׁל֖וֹם וָאָֽיִן׃ 26 הֹוָ֤ה עַל־הֹוָה֙ תָּב֔וֹא וּשְׁמֻעָ֥ה אֶל־שְׁמוּעָ֖ה תִּֽהְיֶ֑ה וּבִקְשׁ֤וּ חָזוֹן֙ מִנָּבִ֔יא וְתוֹרָה֙ תֹּאבַ֣ד מִכֹּהֵ֔ן וְעֵצָ֖ה מִזְּקֵנִֽים׃ 27 הַמֶּ֣לֶךְ יִתְאַבָּ֗ל וְנָשִׂיא֙ יִלְבַּ֣שׁ שְׁמָמָ֔ה וִידֵ֥י עַם־הָאָ֖רֶץ תִּבָּהַ֑לְנָה מִדַּרְכָּ֞ם אֶעֱשֶׂ֤ה אוֹתָם֙ וּבְמִשְׁפְּטֵיהֶ֣ם אֶשְׁפְּטֵ֔ם וְיָדְע֖וּ כִּֽי־אֲנִ֥י יְהוָֽה׃ פ
ဆုံးခြင်းဘေးရောက်လာ၏
1 နောက်တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 2 အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ရောက်ကြ၏။ 3 သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကိုငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့်အလျောက် ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံရှာဖွယ်အမှုတို့၏ အကျိုးအပြစ်ကိုဆပ်ပေးမည်။ 4 ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့်တို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံရှာဖွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
5 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးတစ်ခု နောက်တစ်ခုရောက်လာ၏။ 6 ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေးရောက်လာ၏။ သင့်ကိုစောင့်လျက် ရောက်လာ၏။ 7 အို ပြည်တော်သား၊ သင်သည် အလှည့်ခံရသောအချိန် ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေးကြော်ခြင်း မရှိရဘဲ၊ ရုန်းရင်းခတ်ခြင်းအမှုကို ပြုရသောနေ့နီးပြီ။ 8 ငါသည် မကြာမမြင့်မီ သင်၏အပေါ်သို့ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ငါ့အမျက်အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင်မည်။ သင်ပြုမိသမျှသော ရွံရှာဖွယ်အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ 9 နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံရှာဖွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြလိမ့်မည်။ 10 နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့်ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။ 11 ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာ ပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ် တစ်စုံတစ်ယောက်မျှ မကျန်ကြွင်းရ။ သူတို့အဖို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ 12 အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက်ရှိ၏။ 13 ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသောမြေသို့ ပြန်၍မလာရ။ ထိုလူအစုအဝေး အပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် မပြည့်စုံဘဲမနေရ။ မတရားစွာ ကျင့်သောအားဖြင့် အဘယ်သူမျှ မတည်နိုင်ရ။ 14 စစ်ခင်းကျင်းစေခြင်းငှာ တံပိုးကိုမှုတ်ကြသော်လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။ 15 ပြင်၌ကား ဓားရှိ၏။ အတွင်း၌ကား နာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသောသူသည် ဓားဖြင့်သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်းအားဖြင့် ဆုံးလိမ့်မည်။
အပြစ်ကြောင့်ဒဏ်ခံရခြင်း
16 သို့ရာတွင် လွတ်သောသူတို့သည် လွတ်သောအခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြလိမ့်မည်။ 17 ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။ 18 သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့် ကိုယ်ကိုခြုံလျက်၊ တစ်ယောက်မျှ မကြွင်း၊ မျက်နှာရှက်ကြောက်လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။ 19 သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကို ညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက်တော်မူသောကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှာ မတတ်နိုင်။ သူတို့ အလိုဆန္ဒကို မဖြေနိုင်။ ဝစွာ မကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍ မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။ 20 သူတို့၌ တင့်တယ်သော တန်ဆာအားဖြင့် သူတို့မာနကို တိုးပွားစေ၍၊ သူတို့၌ စက်ဆုပ်ဖွယ်သော ရုပ်တုဆင်းတုတို့ကိုလည်းကောင်း၊ ရွံရှာဖွယ်သော အရာတို့ကိုလည်းကောင်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှာ ငါစီရင်မည်။ 21 တစ်ပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့သည် လုယူဖျက်ဆီးစေခြင်းငှာ သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။ 22 ငါလည်း မျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ဓားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။ 23 သံကြိုးကို လုပ်လော့။ အကြောင်းမူကား၊ ပြည်သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ညှဥ်းဆဲနှိပ်စက်ခြင်းနှင့် ပြည့်၏။ 24 ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့်မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်းစေမည်။ သူတို့သန့်ရှင်းသော အရပ်တို့သည် ညစ်ညူးခြင်းရှိကြလိမ့်မည်။ 25 ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်းကို ရှာ၍မတွေ့ရကြ။ 26 ဘေးတစ်ခုနောက်တစ်ခု၊ သတင်းတစ်ခု နောက်တစ်ခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရားဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။ 27 ရှင်ဘုရင်သည် ညည်းတွားမြည်တမ်းလိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ်ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ငါပြုမည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။