အာနနိနှင့် ရှဖိရေ
1 သို့ရာတွင် အာနနိနှင့် ရှဖိရေအမည်ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာတစ်စုံတစ်ခုကို ရောင်းပြီးလျှင်၊- 2 ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်သဖြင့်၊ တစ်ဖို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။- 3 ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။- 4 ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။- 5 ထိုစကားကိုကြားလျှင်၊ အာနနိသည် လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။- 6 လုလင်တို့သည်လည်းထ၍ အလောင်းကောင်ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
7 ထိုနောက် သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။- 8 ပေတရုကလည်း၊ ဤမျှလောက်နှင့် မြေကိုရောင်းသလော၊ ငါ့အားပြောလော့ဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။- 9 ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်း ဆောင်သွားလေဦးမည်ဟု ဆိုသောခဏချင်းတွင်၊- 10 ထိုမိန်းမသည် ပေတရု၏ခြေရင်း၌ လဲ၍သေလေ၏။ လုလင်တို့သည်လည်း ဝင်၍ ထိုမိန်းမသေသည်ကိုတွေ့လျှင်၊ ဆောင်သွား၍သူ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ၏။- 11 သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာကို ကြားရသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။
နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာများ
12 တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင်၌ တညီတညွတ်တည်း နေကြသဖြင့်၊- 13 ကြွင်းသောသူ တစ်စုံတစ်ယောက်မျှ မပေါင်းဖော်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းချီးပေးကြ၏။- 14 သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။- 15 ပေတရုသည် လမ်း၌လျှောက်သွားစဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှာ၊ လူနာတို့ကို လမ်းနားသို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာ ထားကြ၏။- 16 ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။
ညှဉ်းပန်းနှိပ်စက်ခြင်း
17 ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏ အပေါင်းအဖော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊- 18 တမန်တော်တို့ကိုဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။- 19 ညအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနုတ်၍၊ သင်တို့သွားကြလော့။- 20 ဗိမာန်တော်၌ ရပ်၍ အသက်ရှင်ခြင်း တရားစကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစော ဗိမာန်တော်သို့ဝင်၍ ဆုံးမဩဝါဒပေးကြ၏။
21 ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှာ လုလင်တို့ကို ထောင်သို့ စေလွှတ်ကြ၏။- 22 မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန်ကြ၍၊- 23 ထောင်တံခါးလည်း အထူးသဖြင့် လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှ အထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။- 24 ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှု ဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။- 25 ထိုအခါ လူတစ်ယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက်လေ၏။
26 ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲနှင့်ပစ်မည်ကို စိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။- 27 ထိုသို့ ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊- 28 ထိုနာမကိုအမှီပြု၍ မဆုံးမ မသွန်သင်မည်အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင်မှာထားသည် မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့် ပြည့်စေသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှာ သင်တို့ ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။-မ၊ ၂၇:၂၅။29 ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။- 30 သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သောယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။- 31 ဣသရေလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှာ၊ ထိုသူကို အစိုးရသော အရှင်အရာ၌လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌လည်းကောင်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ယာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။- 32 ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်းကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
33 ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှာ အချင်းချင်း တိုင်ပင်ပြောဆိုကြ၏။- 34 ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊- 35 ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။- 36 အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသော သူတစ်ယောက်သည် ထသဖြင့်၊ ငါသည် လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှလောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။- 37 ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည်ရှိသော ဂါလိလဲလူတစ်ယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှသောသူတို့သည် ပျောက်လွင့်ကြ၏။- 38 ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။- 39 ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။- 40 ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။- 41 တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။- 42 ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။
2 Um certo homem chamado Ananias, de comum acordo com sua mulher Safira, vendeu um campo
e, combinando com ela, reteve uma parte da quantia da venda. Levando apenas a outra parte, depositou-a aos pés dos apóstolos.
3 Pedro, porém, disse: "Ananias, por que tomou conta Satanás do teu coração, para que mentisses ao Espírito Santo e enganasses acerca do valor do campo?
4 Acaso não o podias conservar sem vendê-lo? E, depois de vendido, não podias livremente dispor dessa quantia? Por que imaginaste isso em teu coração? Não foi aos homens que mentiste, mas a Deus".
5 Ao ouvir estas palavras, Ananias caiu morto. Apoderou-se grande terror de todos os que o ouviram.
6 Uns moços retiraram-no dali, levaram-no para fora e o enterraram.
7 Depois de umas três horas, entrou também sua mulher, nada sabendo do ocorrido.
8 Pedro perguntou-lhe: "Dize-me, mulher, foi por tanto que vendestes o vosso campo?". Respondeu ela: "Sim, por esse preço".
9 Replicou Pedro: "Por que combinastes para pôr à prova o Espírito do Senhor? Estão ali, à porta, os pés daqueles que sepultaram teu marido. Hão de levar-te também a ti".
10 Imediatamente caiu aos seus pés e expirou. Entrando aqueles moços, acharam-na morta. Levaram-na para fora e a enterraram junto do seu marido.
11 Sobreveio grande pavor a toda a comunidade e a todos os que ouviram falar desse acontecimento.
12 Enquanto isso, realizavam-se entre o povo pelas mãos dos apóstolos muitos milagres e prodígios. Reuniam-se eles todos, unânimes, no pórtico de Salomão.
13 Dos outros ninguém ousava juntar-se a eles, mas o povo lhes tributava grandes louvores.
14 Cada vez mais aumentava a multidão dos homens e mulheres que acreditavam no Senhor.
15 De maneira que traziam os doentes para as ruas e punham-nos em leitos e macas, a fim de que, quando Pedro passasse, ao menos a sua sombra cobrisse alguns deles.
16 Também das cidades vizinhas de Jerusalém afluía muita gente, trazendo os enfermos e os atormentados por espíritos imundos, e todos eles eram curados.
17 Levantaram-se então o sumo sacerdote e seus partidários (isto é, a seita dos saduceus) cheios de inveja,
18 e deitaram as mãos nos apóstolos e meteram-nos na cadeia pública.
19 Mas um anjo do Senhor abriu de noite as portas do cárcere e, conduzindo-os para fora, disse-lhes:
20 "Ide, apresentai-vos no templo e pregai ao povo as palavras desta vida".
21 Obedecendo a essa ordem, eles entraram no templo ao amanhecer e puseram-se a ensinar. Enquanto isso, o sumo sacerdote e os seus partidários reuniram-se e convocaram o Grande Conselho e todos os anciãos de Israel, e mandaram trazer os apóstolos do cárcere.
22 Dirigiram-se para lá os guardas, mas, ao abrirem o cárcere, não os encontraram, e voltaram a informar:
23 "Achamos o cárcere fechado com toda a segurança e os guardas de pé diante das portas, e, no entanto, abrindo-as, não achamos ninguém lá dentro".
24 A essa notícia, os sumos sacerdotes e o chefe do templo ficaram perplexos e indagaram entre si sobre o que significava isso.
25 Mas, neste momento, alguém transmitiu-lhes esta notícia: "Aqueles homens que metestes no cárcere estão no templo ensinando o povo!".
26 Foi então o comandante do templo com seus guardas e trouxe-os sem violência, porque temiam ser apedrejados pelo povo.
27 Trouxeram-nos e os introduziram no Grande Conselho, onde o sumo sacerdote os interrogou, dizendo:
28 "Expressamente vos ordenamos que não ensinásseis nesse nome. Não obstante isso, tendes enchido Jerusalém de vossa doutrina! Quereis fazer recair sobre nós o sangue deste homem?".
29 Pedro e os apóstolos replicaram: "Importa obedecer antes a Deus do que aos homens.
30 O Deus de nossos pais ressuscitou Jesus, que vós matastes, suspendendo-o num madeiro.
31 Deus elevou-o pela mão direita como Príncipe e Salvador, a fim de dar a Israel o arrependimento e a remissão dos pecados.
32 Deste fato nós somos testemunhas, nós e o Espírito Santo, que Deus deu a todos aqueles que lhe obedecem".
33 Ao ouvirem essas palavras, enfureceram-se e resolveram matá-los.
34 Levantou-se, porém, um membro do Grande Conselho. Era Gamaliel, um fariseu, doutor da Lei, respeitado por todo o povo.
35 Mandou que se retirassem aqueles homens por um momento, e então lhes disse: "Homens de Israel, considerai bem o que ides fazer com estes homens.
36 Faz algum tempo apareceu um certo Teudas, que se considerava um grande homem. A ele se associaram cerca de quatrocentos homens: foi morto e todos os seus partidários foram dispersados e reduzidos a nada.
37 Depois deste, levantou-se Judas, o galileu, nos dias do recenseamento, e arrastou o povo consigo, mas também ele pereceu e todos quantos o seguiam foram dispersados.
38 Agora, pois, eu vos aconselho: não vos metais com estes homens. Deixai-os! Se o seu projeto ou a sua obra provém de homens, por si mesma se destruirá;
39 mas se provier de Deus, não podereis desfazê-la. Vós vos arriscaríeis a entrar em luta contra o próprio Deus". Aceitaram o seu conselho.
40 Chamaram os apóstolos e mandaram açoitá-los. Ordenaram-lhes então que não pregassem mais em nome de Jesus, e os soltaram.
41 Eles saíram da sala do Grande Conselho, cheios de alegria, por terem sido achados dignos de sofrer afrontas pelo nome de Jesus.
42 E todos os dias não cessavam de ensinar e de pregar o Evangelho de Jesus Cristo no templo e pelas casas.