1 ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ် အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။ 2 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏နာမများကို နောက်တစ်ဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှာ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ်သော သူတို့ကိုလည်းကောင်း၊ ညစ်ညူးသော ဝိညာဉ်ကိုလည်းကောင်း ပြည်တော်မှ နှင်ထုတ်မည်။ 3 လူတစ်စုံတစ်ယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဖွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကိုအမှီပြု၍ မုသားစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟု ဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘတို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။ 4 ထိုကာလ၌ ပရောဖက်သည်ဟောပြောသောအခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတစ်ပါးကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကိုလည်း မဝတ်ရ။ 5 အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ်သောသူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတစ်ပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။ 6 သူတစ်ပါးကလည်း၊ သင့်လက်၌ပေါ်သောဒဏ်ရာကား အဘယ်သို့နည်းဟုမေးလျှင် ဤဒဏ်ရာကား၊ ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။
သိုးထိန်းကိုသတ်ရန်အမိန့်တော်
7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဓား၊ ငါ၏သိုးထိန်းတစ်ဖက်၊ ငါ၏အပေါင်းအဖော်ဖြစ်သောသူ တစ်ဖက်၌ နိုးလော့။ သိုးထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့လက်ကို တင်ဦးမည်။မ၊ ၂၆:၃၁။ မာ၊ ၁၄:၂၇။8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစ်စုသာကျန်ကြွင်းရလိမ့်မည်။ 9 ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။
1 Naquele dia, jorrará uma fonte para a casa de Deus e para os habitantes de Jerusalém, que apagará os seus pecados e suas impurezas.
2 Naquele dia – oráculo do Senhor –, exterminarei da terra até os nomes dos ídolos: não se falará mais deles; expulsarei os falsos profetas e todo espírito impuro.
3 Se alguém intentar ainda dar um oráculo, seu pai e sua mãe que o geraram o repreenderão: "Vais morrer, porque dizes mentiras em nome do Senhor". E quando ele proferir os seus oráculos, eles mesmos, seu pai e sua mãe que o geraram, o transpassarão.
4 Naquele dia, os profetas terão vergonha de suas visões proféticas, e não mais se cobrirão com o manto de peles para mentir.
5 Cada um dirá: "Não sou profeta, mas lavrador, e possuo terras desde a minha juventude".
6 Se alguém lhe disser: "Que ferimentos são esses em tuas mãos?". "São ferimentos que recebi na casa de meus amigos" – responderá ele.
7 Espada, levanta-te contra o meu pastor, contra o meu companheiro – oráculo do Senhor dos exércitos. Fere o pastor, que as ovelhas sejam dispersas: Voltarei a minha mão até mesmo contra os pequenos.
8 Em toda a terra – oráculo do Senhor –, dois terços dos habitantes serão exterminados e um terço subsistirá.
9 Mas farei passar este terço pelo fogo; irei purificá-lo como se purifica a prata, irei prová-lo como se prova o ouro. Então, ele invocará o meu nome, eu o ouvirei, e direi: "Este é o meu povo" – e ele responderá –: "O Senhor é o meu Deus".